သံလွင်ခက်
နိုဝင်ဘာ ၂၊၂၀၂၄။
ပြီးခဲ့သည့် ဇူလိုင်လမှ အောက်တိုလအထိ ၄ လအတွင်း အထူးဒေသ(၁)ကိုးကန့်ထိန်းချုပ်နယ်မြေအား စစ်ကောင်စီ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၅၀ ကျော် ပြုလုပ်ခဲ့သည် ဟု ကိုးကန့်တပ် MNDAAက ယမန်နေ့တွင်ထုတ်ပြန်သည်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုများအတွင်း စစ်သုံ့ပန်း ၅ဦး နှင့် အရပ်သား ၃၈ ဦးခန့် သေဆုံးပြီး ၁၂၄ ဦး ဒဏ်ရာရခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လက လားရှိုးစစ်ပွဲတွင် ဆုံးရှုံးမှုများခဲ့သောကြောင့် စစ်ကောင်စီတပ်က စစ်ရေးပစ်မှတ်မဟုတ်သည့် အထူးဒေသ(၁)ကို တိုက်လေယာဉ်များဖြင့် အဆက်မပြတ် တိုက်ခိုက်စေခဲ့ခြင်းဖြစ်သည်။
စစ်ကောင်စီလေကြောင်းတိုက်ခံရသည့် ဒေသများမှာ လောက်ကိုင်မြို့ ၊ သိန္နီခရိုင်နှင့် အခြားနယ်မြေများ ပါဝင်ပြီး လားရှိုးမြို့သည် လေကြောင်းမှ ဗုံးကြဲခံရမှုအများဆုံးဖြစ်ကာ ဒေသခံများ နေရပ်ပြန်နိုင်ခြင်းမရှိရန် ခြိမ်းခြောက်လျက်ရှိသည်ဟု MNDAAက ဆိုသည်။
ထို့အပြင် လေကြောင်းတိုက်မှုအတွင်း လားရှိုးမြို့ရပ်ကွက် ၁ ရှိစေတီတော် နှင့် ရပ်ကွက် ၅ ကွမ်ရင်မယ်တော်ကျောင်း စသည့်ဘာသာရေးအဆောက်အဦးများလည်း ပျက်စီးခဲ့သည်။
ပုံစာ- အောက်တိုဘာ ၄ရက်က လေကြောင်းဒဏ်ကြောင့် ပျက်စီးခဲ့သည့် ကွမ်ရင်ဘုရားကျောင်းမြင်ကွင်း။
ဓာတ်ပုံ-MNDAA