သံလွင်ခက်
နိုဝင်ဘာ ၆၊ ၂၀၂၄။
အမေရိကန်ပြည်ထောင်စု သမ္မတရွေးကောက်ပွဲတွင် အဆုံးဖြတ်ပေးမည့် ပြည်နယ် ၇ခုအနက် မြောက်ကယ်ရိုလိုင်းနားနှင့် ဂျော်ဂျီယာပြည်နယ်နှစ်ခုတွင် ရီပတ်ဘလီကန်ပါတီမှ သမ္မတလောင်း ဒေါ်နယ်ထရမ့်က အနိုင်ရသွားပြီဖြစ်သည်ဟု သိရသည်။
ထိုကြောင့် မြောက်ကယ်ရိုလိုင်းနားမှ မဲ၁၆ခုနှင့် ဂျော်ဂျီယာမှ မဲ ၁၆ ခုတို့ကို ထရမ့်အနေဖြင့် ရရှိသွားပြီး အိမ်ဖြူတော်သို့ တက်လှမ်းနိုင်ရန် ပိုမိုနီးကပ်လာနေပြီ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ပြည်နယ် ၅၀ခုရှိသော်လည်း ၄၃ပြည်နယ်မှာ ရွေးကောက်ပွဲမတိုင်ခင် မဲရလဒ်အဖြေပေါ်ပြီးသားပြည်နယ်များဖြစ်ပြီး ကျန်ပြည်နယ် ၇ခုကို အဆုံးဖြတ်ပြည်နယ်များ(Swing States)ပြည်နယ်များဟု ဆိုကြသည်။ အဆုံးဖြတ်ပြည်နယ်များတွင် မဲနေရာ ၉၃ခုရှိပြီး ထရမ့်က ၅၁မဲ၊ ကမ်မလာဟဲရစ်က ၄၄မဲရလျှင် သမ္မတရာထူး တာဝန်ထမ်းဆောင်ရမည်ဖြစ်သည်။
မြောက်ကယ်ရိုလိုင်းနားနှင့် ဂျော်ဂျီယာပြည်နယ်များမှ မဲ၁၆ခုရရှိသွားသော ထရမ့်သည် အဆုံးဖြတ်ပြည်နယ်များမှ ၃၅မဲထပ်မံရရှိလျှင် သူ၏ ဒုတိယအကြိမ်မြောက် သမ္မတရာထူးကို ထမ်းဆောင်ရတော့မည်ဖြစ်သည်။
ကျန်အဆုံးဖြတ်ပြည်နယ်များဖြစ်သည့် အရီဇိုးနား၊ ဝစ္စကိုဆင်၊ နဗားဒါး၊ မီချီဂန်၊ ပန်ဆယ်ဗေးနီးယားပြည်နယ်များတွင်လည်း ဒေါနယ်ထရမ့်က ရာခိုင်နှုန်းအနည်းငယ်ဖြင့် ကမ်မလာဟဲရစ်အပေါ် အသာစီးရနေသည်။
တစ်နိုင်ငံလုံးအတိုင်းအတာအရ အမေရိကန် အရှေ့လယ်ပိုင်းစံတော်ချိန် နံနက် ၁နာရီအထိ ဒေါ်နယ်ထရမ့်က ၂၄၇မဲနှင့် ကမ်မလာဟဲရစ်က ၂၁၄မဲ ရရှိထားပြီးဖြစ်သည်။
Photo-The New York Times