အာဏာသိမ်း ၃ နှစ်အတွင်း ချင်းအမျိုးသမီး ၆၀ ဦးထက်မနည်းသေဆုံး
****************************
သံလွင်ခက်
မတ် ၈ ၊ ၂၀၂၄ ။
လက်ရှိနွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင်ဆန့်ကျင်တော်လှန်ရေး၌ တိုက်ပွဲဝင်နေသည့်အမျိုးသမီးရဲဘော်များအပါအဝင် ချင်းအမျိုးသမီး ၆၀ ဦးထက်မနည်း အသက်ဆုံးရှုံးထားခဲ့ရသည်ဟု Chin Civic Movement (CCM) က ထုတ်ပြန်သည်။
ယနေ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် နွေဦးတော်လှန်ရေးတွင် ကဏ္ဍပေါင်းစုံမှ ပါဝင်ကြသည့် ချင်းအမျိုးသမီးများကို Chin Civic Movement (CCM) မှ အထူးဂုဏ်ပြုဖော်ပြထားသည်။
ချင်းအမျိုးသမီးများသည် ၎င်းတို့၏ လုပ်နိုင်မှု၊ သန်မာမှု၊ ရဲရင့်မှု၊ လူမျိုးနှင့် တိုင်းပြည်အတွက် ပေးဆပ်အနစ်နာခံနိုင်မှုများကို နွေဦးတော်လှန်ရေးကာလတွင် သက်သေပြသခဲ့ပြီးဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ချင်းအမျိုးသမီးများသည်လည်း ချင်းလူမျိုးများ၏ သူရဲကောင်းများပင် ဖြစ်ကြောင်းကို Chin Civic Movement (CCM) မှ အသိမှတ်ပြု မှတ်တမ်းတင်ထားသည် ။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3660
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=2401