၈၈ ကျောင်းသားခေါင်းဆောင် ဦးဂျင်မီရဲ့ မိခင်နာရေး
************
သံလွင်ခက်
ဇူလိုင် ၈၊ ၂၀၂၄
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီရဲ့မိခင်ဖြစ်သူ ဒေါ် အမာညွှန့်နာရေးကို ထိုင်းနိုင်ငံ၊ မဲဆောက်မှာ ဒီကနေ့ နေ့လည် ၁ နာရီမှာ မီးသင်္ဂြိုလ်ခဲ့ပါတယ်။
ဒီကနေ့ နာရေးကို မိသားစုဝင်တွေနဲ့ တော်လှန်ရေးအင်အားစုဝင်တွေ၊ နိုင်ငံရေးအသိုင်းအဝန်းက လူအများအပြားနဲ့ အသိမိတ်ဆွေတွေ ပို့ဆောင်ကြပါတယ်။
ကိုဂျင်မီဟာ ထင်ရှားတဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယခင်စစ်အစိုးရလက်ထက်မှာလည်း နှစ်ရှည်ထောင်ဒဏ်ချ မှတ်ခံခဲ့ရပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ကိုဂျင်မီကို ဖမ်းဆီးခဲ့ပြီး ၉လအကြာမှာ ၂၀၂၂ ဇူလိုင်က ကိုဂျင်မီကို ကြိုးပေးကွပ်မျက် ခဲ့ပါတယ်။
ကိုဂျင်မီ၏ မိခင်ဒေါ် အမာညွှန့် ကွန်လွန်ချိန်မှာ အသက် ၇၈ နှစ်အရွယ်ရှိပါပြီ။
ပုံစာ – ကိုဂျင်မီ၏မိခင် နာရေးပုံရိပ်တစ်ချို့။ ဓာတ်ပုံ – ဖေငယ်