Year: 2024

Loading

စကားမောင် ဇူလိုင် ၄၊ ၂၀၂၄။ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်းတွင် ယနေ့ည ၉ နာရီခန့်မှစ၍ လက်နက်ကြီးများဆက်တိုက်ကျပြီး လေယာဉ်များပျံဝဲနေသည်ဟု မိုးကုတ်မြို့ခံများထံမှသိရသည်။ “အခုမီးလုံးအကြီးစားအတန်းလိုက်ကြီးပစ်လိုက်တာ။ အသံကြီးကော လန့်စရာကြီး ကောင်းကင်တစ်ခုလုံးကိုနီသွားတာဘဲ”ဟု မိုးကုတ်မြို့ခံ အမျိုးသားတစ်ဦးက သံလွင်ခက်ကိုပြောသည်။ ထို့အပြင် စစ်ကောင်စီတပ်မှလေယာဉ် နှစ်ခေါက်ပျံသန်းခဲ့ပြီး လက်ရှိတွင်လေကြောင်းမှ တိုက်ခိုက်ခြင်းမရှိသေးဟု ၎င်းက…

Read More

Loading

ထွယ် ဇူလိုင် ၄၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ် နမ့်ပေါင်တိုက်နယ်ကျေးရွာအတွင်း လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့သဖြင့် နှစ်ရက်အတွင်း ဒေသခံအမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးသေဆုံးကာ နောက်ထပ်ဒေသခံလေးဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။ “မနေ့မနက် တိုက်ပွဲဖြစ်ခါစ ဒရုန်းကျပြီး အဒေါ် ခြေထောက်ပြတ်ပြီး ပွဲချင်းပြီးဆုံးသွားတယ်။ ဒီနေ့က ဦးလေးအိမ်လက်နက်ကြီးကျပြီး ဦးလေးဆုံးသွားတယ်” ဟု နမ့်ပေါင်ကျေးရွာဒေသခံအမျိုးသမီးတစ်ဦးက သံလွင်ခက်ကိုပြောသည်။…

Read More

Loading

သဇင် ဇူလိုင် ၄၊၂၀၂၄ တိုက်ပွဲပြင်းထန်နေသည့် မိုးကုတ်မြို့တွင် ဖုန်းလိုင်းများပြတ်တောက်နေပြီး တစ်ခုတည်းသော အဆက်အသွယ်ရနေသည့် Mytel ဖုန်းဆင်းကဒ်ကို ဈေးတင်ရောင်းချနေပြီး တန်းစီဝယ်ယူနေရသည်ဟု ဒေသခံများထံမှ သိရသည်။ “ဖုန်းလိုင်းက Mytel ပဲ ရတယ်။ ကဒ်ဝယ်မရလို့ တစ်ကဒ်ကို ၄၀,၀၀၀ လောက်နဲ့ ရောင်းတဲ့သူရှိတယ်” ဟု ဒေသခံတစ်ဦးက သံလွင်ခက်ကို…

Read More

Loading

ခင်သရဖီဦး ဇူလိူင် ၄၊ ၂၀၂၄။ ရခိုင်ပြည်၊ စစ်‌ကောင်စီထိန်းချုပ်ထားဆဲ မြို့များဖြစ်သည့် တောင်ကုတ်နှင့် သံတွဲတို့တွင် ULA/ AA အမည်သုံးပြုကာ စီးပွားရေးလုပ်ငန်းရှင်များထံ ငွေကြေးလိမ်လည်တောင်းခံခြင်းများရှိသည်ဟု ULA/AA နှင့် နီးစပ်သူတစ်ဦးကပြော သည်။ ”အခုလိုမျိုးကိစ္စက ရှိနေပါတယ်။ ဟိုတယ်ကိစ္စလိုမဟုတ်ဘူးပေါ့နော်။ တခြားစီးပွားရေးလုပ်ငန်းတွေဆီကလည်း ULA/ AA က…

Read More

Loading

ယမင်းဖူးပွင့်အောင် ဇူလိုင် ၄၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းအမျိူးသားလွတ်မြောက်ရေးတပ်မတော်-TNLA ထိန်းချုပ်ဒေသများတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မည်ကိုစိုးရိမ်သဖြင့် စာသင်ကျောင်းများပိတ်ခိုင်းထားသည်ဟု ဒေသခံများထံကသိရသည်။ ယနေ့နေ့လည် ၁နာရီခန့်တွင် နမ့်ခမ်းနှင့် ကွတ်ခိုင်မြို့များရှိ စာသင်ကျောင်းများ၊ အပြင်ဘော်ဒါဆောင်များနှင့် မူကြိုကျောင်းများအားလုံးကို ခေတ္တပိတ်ထားရန် TNLA တပ်ဖွဲ့ဝင်များက လာရောက်ပြောကြားခဲ့ခြင်းဖြစ်သည်ဟု နမ့်ခမ်းဒေသခံတစ်ဦးက သံလွင်ခက်ကိုပြောသည်။ “ကျောင်းပိတ်တာက နေ့လည်…

Read More

Loading

ရှမ်းမြောက်က စီးဝင်လာတဲ့ မြစ်တစ်စင်း (သို့မဟုတ်) မန်းပြည်သူ့ကာကွယ်ရေးတပ်မတော် ********** ကောင်းချစ်အောင် ဇူလိုင် ၄၊ ၂၀၂၄ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယလှိုင်းဟာ စစ်ကောင်စီ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်လက်အောက်ခံတပ်ရင်းတွေရှိတဲ့ နောင်ချို၊ ကျောက်မဲမြို့နယ်တွေမှာ အရှိန်ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာလည်း အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ထားတဲ့ လားရှိုးမြို့ကိုလည်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA…

Read More

Loading

သဇင် ဇူလိုင် ၄၊၂၀၂၄။ မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင်းတိုက်ပွဲများကြောင့် မိုးကုတ်မြို့မှမန္တလေးဘက်သို့ တိမ်းရှောင်နေသူများ မိုးကုတ်- မန္တလေးလမ်းပိုင်းတွင် ကားအစီးရေ (၅၀၀) ခန့် ပိတ်မိနေသည်ဟု ဒေသခံများထံမှ သိရသည်။ “ဇရပ်ကွင်းကျေးရွာအုပ်စုမှာ ပိတ်မိနေတာ။ အောက်ဆင်းမယ်ဆိုတော့ ဇရပ်ကွင်းက ပိတ်ထားတယ်အပေါ်ကို တက်ပြန်တော့လည်း ခလရ-၁၄၈ က ပိတ်ထားတယ်။ ကြားထဲမှာ ရှေ့တိုးမရ…

Read More

Loading

ယမင်းဖူးပွင့်အောင် ဇူလိုင် ၄၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်တွင် စစ်ကောင်စီနှင့် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA တို့တိုက်ပွဲပြင်းထန်နေပြီး ပစ်ခတ်မှုများကြောင့် ဒေသခံ ၅ ဦးထိခိုက်သေဆုံးခဲ့ရသည်ဟု ဒေသခံများထံက သိရသည်။ “စစ်တပ်ကပစ်တဲ့ဟာပဲ ကျွန်တော်တို့အိမ်နားမှာကို လေးငါးလုံးရှိနေပြီ။ နှစ်ရက်ပဲရှိသေးတာကို လူသေတာလည်း တော်တော်များနေပြီ။ အခြေအနေကတော့ တော်တော်မကောင်းဘူး။ ဟိုဘက်ကတောင် မြို့ထဲဝင်မတိုက်သေးပဲ…

Read More

Loading

ထိုင်းနိုင်ငံတွင် စီအိုင်ပြုလုပ်ပေးခြင်းကိုရပ်စဲလိုက်ခြင်းကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပိုမိုအခက်အခဲဖြစ်နေ ******** စကားမောင် ဇူလိုင် ၃၊ ၂၀၂၄။ ထိုင်းနိုင်ငံတွင် တရားဝင်နေထိုင်ခွင့်နှင့် ခရီးသွားလာရန် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်ကို ပြုလုပ်သူနည်းပါးသည့်အကြောင်းပြချက်ဖြင့် ထိုင်းအစိုးရက ရပ်စဲလိုက်ခြင်းကြောင့် မြန်မာရွှေ့ ပြောင်းအလုပ်သမားများ ပိုမိုအခက်အခဲဖြစ်သွားမည်ဟု အလုပ်သမားအရေးလှုပ်ရှားသူများထံမှ သိရသည်။ “ဒီကိစ္စနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေရှိတယ်။…

Read More

Loading

သံတွဲမြုံပြင်ရွာ ဗုံးကြဲခံရပြီး ၁၄ နှစ်အရွယ်ကလေးတစ်ဦးအပါ ဒေသခံ ၅ ဦးထိခိုက် ************** ခင်သရဖီဦး ဇူလိုင် ၃၊ ၂၀၂၄ ရခိုင်ပြည်၊ သံတွဲငပလီတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြုံပြင်ကျေးရွာကို စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲခဲ့သဖြင့် အသက် ၁၄ နှစ် အရွယ်ကလေးတစ်ဦးအပါ ဒေသခံအမျိုးသမီး ငါးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများ…

Read More