Month: September 2024

Loading

ထွယ် စက်တင်ဘာ ၁၆၊ ၂၀၂၄။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင် (ဆိပ်မူ) ကျေးရွာကို စစ်ကောင်စီတပ်က ယနေ့တွင် လေကြောင်းဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ရှေ့တန်းသတင်းရင်းမြစ်များထံက သိရသည်။ စစ်ကောင်စီတပ်သည် ယနေ့မွန်းတည့် ၁၂ ခွဲခန့်တွင် တစ်ကြိမ်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တစ်ကြိမ် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု…

Read More

Loading

မောင်ဘဦး စက်တင်ဘာ ၁၅၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ခရိုင်ရဲတပ်ရင်း(၂၈) တွင် ဖမ်းဆီးခံရသူ ၂၃ ဦးသည် ၅ ရက်အကြာတွင် ပြန်လည်လွတ်မြောက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ ရက်က ဝမ်ပေါင်ကုမ္မဏီကို လုံခြုံရေးပေးသည့် စစ်ကောင်စီရဲတပ်ဖွဲ့များ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ဖမ်းဆီးခံရသူများဖြစ်ပြီး ၅…

Read More

Loading

သံလွင်ခက် စက်တင်ဘာ ၁၅၊ ၂၀၂၄။ မြန်မာရိုးရာလက်ဝှေ့ကစားသမား ညီနောင်တွေဖြစ်ကြတဲ့ ထွန်းလွင်မိုးနဲ့ သန့်ဇင်တို့ဟာ ရေဘေးသင့်ပြည်သူတွေအတွက် သူတို့အမြတ်တနိုးသိမ်းဆည်းထားတဲ့ မြန်မာ့လက်ဝှေ့ကမ္ဘာ့ချန်ပီယံခါးပတ်နဲ့ ONE လက်အိတ်တစ်စုံကို လေလံတင်ရောင်းချသွားမယ်လို့ အသိပေးလိုက်ပါတယ်။ အမြတ်တနိုး သိမ်းဆည်းထားတဲ့ ချန်ပီယံခါးပတ်နဲ့ လက်အိတ်ကို အခုလို လှူဒါန်းဖြစ်ရတာ စီနီယာကစားသမား ထွန်းထွန်းမင်းရဲ့ ရေဘေးအလှူကို လေးစားအားကျရလို့ဖြစ်တယ်လို့ ထွန်းလွင်မိုးက…

Read More

Loading

နန်းဆုပန်ခန့် စက်တင်ဘာ ၁၅၊ ၂၀၂၄။ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့သို့ ရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံမှ စိတ်ကျန်းမာရေးဝေဒနာခံစားသူ အမျိုးသားတစ်ဦးပျောက်ဆုံးနေသည်ဟု မိသားစုထံမှ သိရသည်။ အသက် ၃၂ နှစ်အရွယ် ကိုမျိုးလွင်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ နံနက်အစောပိုင်းတွင် နေအိမ်မှ ဖုတ်ဖရမြို့ဝိနာဒလမ်း (ထိုင်းအခေါ် -…

Read More

Loading

ထွယ်  စက်တင်ဘာ ၁၄၊ ၂၀၂၄။ စစ်ကောင်စီတပ်သည် မြန်မာ့အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (ကိုးကန့်တပ်ဖွဲ့) – MNDAA ၏ ထိန်းချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီဒေသအတွင်း သံလွင်လျင်ဟိုမြို့နယ်၊ နန်ဘိုင်းကျေးရွာကို ယမန်နေ့ည ၇ နာရီခန့်က လေကြောင်းပစ်ခတ်မှု ပြုလုပ်ခဲ့သည်ဟု ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ဒေသတွင်းရှိ…

Read More

Loading

ဘုန်းမောင် စက်တင်ဘာ ၁၆၊ ၂၀၂၄။ ယခုသီတင်းပတ်အစောပိုင်းမှာပဲ ရန်ကုန်အခြေစိုက်သုတေသနအဖွဲ့အစည်းတစ်ခုဖြစ်သော မြန်မာ့မဟာဗျူ ဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု- ISP Myanmar က ၎င်းတို့ပုံမှန်ထုတ်ဝေလေ့ရှိသော မြန်မာနိုင်ငံ ပဋိပက္ခအခြေအနေများနှင့်ပတ်သက်သည့် အစီရင်ခံစာကိုထုတ်ပြန်ခဲ့ပါသည်။ အဆိုပါအစီရင်ခံစာ၌ မြန်မာနှင့်အိမ်နီးချင်းနိုင်ငံများကြား ကုန်းလမ်းကုန်သွယ်ရေးအခြေအနေများကို ကျယ် ကျယ်ပြန့်ပြန့်လေ့လာသုံးသပ်ထားသလို နိုင်ငံတွင်းပြင်းထန်လာနေသောပြည်တွင်းစစ်က နယ်စပ်ကုန်သွယ် ရေးများအပေါ် မည်မျှအကျိုးသက်ရောက်မှုရှိခဲ့ကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန်ဖော်ပြထားသည်။…

Read More

Loading

သံလွင်ခက် စက်တင်ဘာ ၁၃၊ ၂၀၂၄။ လွန်ခဲ့တဲ့ ၂ ရက်က နိုင်ဂျီးရီးယားနိုင်ငံ၊ ဘရူနိုပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံနေတဲ့ ဓာတ်ပုံတစ် ပုံကို မြန်မာနိုင်ငံမှာ ရိုက်ကူးထားတဲ့အပုံအဖြစ် အင်တာနက်လူမှုကွန်ရက်မှာ လွဲမှားစွာမျှဝေနေကြပါတယ်။ တကယ်တော့ ဒီပုံဟာ အခုနှစ် စက်တင်ဘာ ၁၀ ရက်က နိုင်ဂျီးရီးယားနိုင်ငံ မိုင်ဒူဂူရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးရေလျှံတာကို…

Read More

Loading

သံလွင်ခက် စက်တင်ဘာ ၁၃၊ ၂၀၂၄။ ကရင်ပြည်နယ် KNU တပ်မဟာ (၆) နယ်မြေ၊ ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းကျေးရွာရှိ စစ်ကောင်စီ၏အထိုင်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်သိမ်းပိုက်ခဲ့သည်ဟု တောင်ပိုင်းတိုင်း၊ စစ်ဒေသအထူးစစ်ဆင်ရေးအဖွဲ့က ယနေ့တွင် ထုတ်ပြန်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁၁ တွင် တော်လှန်ရေးပူးပေါင်းအဖွဲ့များက လွတ်ရှမ်းစခန်းကို ထိုးစစ်ဆင်ခဲ့ပြီး စက်တင်ဘာ…

Read More

Loading

ကောင်းချစ်အောင် စက်တင်ဘာ ၁၃၊ ၂၀၂၄။ ခေတ်အဆက်ဆက် မြန်မာစစ်တပ်စစ်ဗိုလ်ချုပ်တွေဟာ ပြည်မဒေသမှာ သူတို့ရဲ့စစ်အင်အားကို ထုထည် ကြီးမားစွာ အထိုင်ချထားပြီးတောင်တန်းဒေသတွေမှာ သက်ဆိုင်ရာလူမျိုးတွေအလိုက် ပြည်သူ့စစ်လက်နက်ကိုင်အဖွဲ့တွေ အဖြစ် သူ့ရဲ့ဩဇာအာဏာကို တည်ဆောက်ခဲ့ကြတာပါ။ ပြီးခဲ့တဲ့ ၁၉၆၄ ခုနှစ်မှာ တပ်မတော်ဒုကာကွယ်ရေးဦးစီးချုပ်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်စန်းယုက ညီလာခံတစ်ခုမှာ တိုင်းပြည်မှာအရေးပေါ်အခြေတစ်ခုရင်ဆိုင်လာရရင် လူတန်းစားအားလုံးပါဝင်ဆင်နွှဲဖို့ အသင့်ရှိရမယ်လို့…

Read More

Loading

သံလွင်ခက် စက်တင်ဘာ ၁၃၊ ၂၀၂၄။ ရေဘေးကြုံတွေ့နေရတဲ့ မြန်မာနိုင်ငံမှာ ငလျင်ဘေးပါကြုံတွေ့ရနိုင်ချေရှိတယ်ဆိုတဲ့သတင်းမှားဟာ အခုရက်ပိုင်းမှာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၁ ရက်နေ့မှာ “မြေငလျင်သတင်းများစင်တာ” ဆိုသည့် ဖေ့စ်ဘွတ်စာမျက်နှာက ‘သတိပြုကမ္ဘာ့ပြတ်ရွေ့ ဒေသများတစ်နေရာ အားပြင်းမြေငလျင်လှုပ်ရှားနိုင်ခြေ ၁၃-၁၄/၉/၂၀၂၄ ရက်ဝန်းကျင် အထူးသတိပြု’ ဆိုပြီး ရေးသားဖော်ပြခဲ့ပါတယ်။ ဒီရေးသားချက်ကို…

Read More