• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး
  • ဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး
  • အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?
  • မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်
  • စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?
  • မြန်မာ့မြေပေါ်က တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ
  • KNU ၏ တပ်စခန်းဌာနချုပ်ဟောင်းကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရရှိ
  • စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုသည့် သက်သေထွက်ပေါ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
သံလွင်ခက်
You are at:Home»ဆောင်းပါး»စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?
ဆောင်းပါး

စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?

thanlwinkhetBy thanlwinkhetDecember 19, 2024No Comments3 Mins Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

Loading

ဘုန်းမောင်
ဒီဇင်ဘာ ၁၉၊ ၂၀၂၄။

မြန်မာပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အရပ်သားအစိုးရကိုဖြုတ်ချပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နိုင်ငံတော်အာဏာသိမ်းယူခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့တယ်ဆိုတဲ့ အထောက်အထားတွေနဲ့ ဖမ်းဝရမ်းထုတ်ပေးဖို့ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) ရဲ့ရှေ့နေချုပ် ကာရင်အာဆက်အာမက်ခမ်းက ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်မှာ လျှောက်ထားခဲ့ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို ဖမ်းဝရမ်းထုတ်၊ မထုတ်နဲ့ပတ်သက်ပြီး တစ်ကမ္ဘာလုံးကလည်း စောင့်ကြည့်နေသလို အခုလို ဖမ်းဝရမ်းထုတ်ဖို့လျှောက်ထားလိုက်တာက နှိပ်စက်ညှဥ်းပန်းခံနေရတဲ့ ရိုဟင်ဂျာအသိုင်းအဝိုင်းအတွက်လိုအပ်နေတဲ့ တရားမျှတမှုရဖို့ဆီဦးတည်နေတဲ့ အရေးကြီးတဲ့ခြေလှမ်းတစ်လှမ်းဖြစ်တယ်လို့ အကဲခတ်တွေက ဆိုပါတယ်။

ဒါပေမယ့်လည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထဲ အာဏာရှိနေသရွေ့ကတော့ စစ်မှန်တဲ့တာဝန်ခံမှုရဖို့က ခဲယဥ်းနေပါလိမ့်ဦးမယ်။

လွတ်လပ်ကျယ်ပြန့်ပြီး သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပြီးနောက်မှာတော့ မြန်မာ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ယာယီသမ္မတ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ တစ်စိတ်တစ်ပိုင်းအားဖြင့် လူသားမျိုးနွယ်အပေါ်ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေဖြစ်တဲ့ ရိုဟင်ဂျာတွေကို အဓမ္မမောင်းထုတ်ခြင်းနဲ့ ခွဲခြားဖိနှိပ်ခြင်းဆိုတဲ့ရာဇဝတ်မှုတွေအတွက် တာဝန်ရှိတယ်လို့ယူဆဖို့ ခိုင်လုံတဲ့အကြောင်းအရင်းတွေရှိကြောင်းကောက်ချက်ချတယ်လို့ ICC ရှေ့နေချုပ် ကာရင်အာဆက်အာမက်ခမ်းက ပြီးခဲ့တဲ့နိုဝင်ဘာလ ၂၇ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်ရဲ့ ရိုဟင်ဂျာတွေအပေါ်သတ်ဖြတ်မှု၊ ညှဥ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှု၊ မီးရှို့မှုစတဲ့ ကြောက်မက်ဖွယ်ဖြစ်ရပ်ဆိုးတွေကြောင့် ရိုဟင်ဂျာ ၁ သန်းနီးပါး အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံဆီ ထွက်ပြေးခဲ့ကြရပါတယ်။

ဖမ်းဝရမ်းထုတ်ဖို့လိုအပ်တဲ့စံနှုန်းတွေနဲ့ ကိုက်ညီမှုရှိ၊ မရှိကိုလည်း နိုင်ငံတကာရာဇဝတ်ခုံရုံးရဲ့ တရားသူကြီးတွေက ဆုံးဖြတ်ကြဖို့ မစ္စတာခမ်းက သူ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံဟာ ICC အဖွဲ့ဝင်နိုင်ငံမဟုတ်တဲ့အတွက် ဖမ်းဝရမ်းလျှောက်ထားမှုကို အသိအမှတ်မပြုဘူးလို့ စစ်ကောင်စီကငြင်းပယ်ခဲ့ပါတယ်။

ဆိုလိုတာကတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ သူအာဏာရှိနေသရွေ့ကတော့ တိုင်းပြည်ကထွက်ပြီး တရားမျှတမှုကိုရင်ဆိုင်မယ်ဆိုတာက မဖြစ်နိုင်ဘူးလို့ မြန်မာနိုင်ငံနဲ့ ရိုဟင်ဂျာအရေးကို အဓိကထားသုတေသနေပြုလုပ်နေတဲ့ Loughborough တက္ကသိုလ်ကသုတေသီ Ronan Lee ကပြောပါတယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း မြန်မာစစ်ခေါင်းဆောင်ဟာ တရုတ်နဲ့ရုရှားကလွဲပြီး ကျန်တဲ့နိုင်ငံတွေဆီ ခရီးမသွားသလောက်နည်းပါးခဲ့ပါတယ်။

“ဒါပေမယ့် သူ ရာထူးကဖယ်ရှားခံရတာနဲ့ ချက်ချင်း တရားရင်ဆိုင်ရမှာပါ”လို့ Lee ကပြောပါတယ်။ စစ်အာဏာရှင်ပြုတ်ကျသွားပြီဆိုရင်တော့ ရိုဟင်ဂျာအရေး ဘယ်သူ့မှာတာဝန်ရှိသလဲဆိုတဲ့ ရေရှည်အငြင်းပွားမှုက ရပ်တန့်သွားပါလိမ့်မယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီအာဏာသိမ်းမှုအတွင်း ဖြုတ်ချခံခဲ့ရတဲ့ လွှတ်တော်အမတ်တွေနဲ့ဖွဲ့စည်းထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း ICC နဲ့ပါဝင်ပူးပေါင်းမယ်လို့ကတိပေးထားတဲ့အတွက် မြန်မာစစ်ဗိုလ်ချုပ်တွေကျူးလွန်ခဲ့တဲ့ပြစ်မှုတွေအတွက် အပြစ်ပေးဖို့ ပိုပြီးလွယ်ကူနိုင်တယ်လို့လည်း သူက ပြောပါတယ်။

“ICC အစိုးရရှေ့နေချုပ်ရဲ့ဆုံးဖြတ်ချက်က တရားဥပဒေအထက်မှာ ဘယ်သူမှမရှိစေရဘူးဆိုတာအတွက် ခိုင်မာတဲ့သတင်းစကားပါပဲ” လို့လည်း လီကပြောပါတယ်။

မင်းအောင်လှိုင်သာအဖမ်းခံခဲ့ရမယ်ဆိုရင်တော့ ဖမ်းဝရမ်းက ရိုဟင်ဂျာတွေရဲ့ထိခိုက်နစ်နာမှုတွေကို ကိုယ်စားပြုပေမယ့် သင်္ကေတတစ်ခုအနေနဲ့ အဓိပ္ပါယ်ရှိနေပါလိမ့်မယ်လို့ နယ်သာလန်လူ့အခွင့်အရေးအင်စတီကျုနဲ့ Utrecht တက္ကသိုလ်က တရားဥပဒေစိုးမိုးရေးနဲ့ တရားမျှတမှုစီမံခန့်ခွဲရေးဆိုင်ရာ Montaigne စင်တာ ကလက်ထောက်ပါမောက္ခ Julie Fraser ကပြောပါတယ်။

တရားရေးရှုထောင့်ကြည့်မယ်ဆိုရင် ရိုဟင်ဂျာဒုက္ခသည်တွေ အတင်းအဓမ္မခိုလှုံခဲ့ကြတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ICC ကတရားစီရင်ပိုင်ခွင့်ရှိပါတယ်။ နောက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ Rome Statute မှာ အဖွဲ့ဝင်လည်းဖြစ်ပါတယ်။ ဥပဒေမှာလည်း နိုင်ငံတကာရာဇဝတ်မှုတွေအတွက် တာဝန်ရှိသူတွေကို ရာဇဝတ်မှုဆိုင်ရာ စီရင်ပိုင်ခွင့်အာဏာကိုကျင့်သုံးဖို့ အဖွဲ့ဝင်နိုင်ငံတိုင်းမှာတာဝန်ရှိပါတယ်လို့ပြဋ္ဌာန်းထားပါတယ်။

ရုရှားနိုင်ငံဟာ ICC အဖွဲ့ဝင်မဟုတ်ပေမယ့် ရုရှားအရာရှိတွေကိုဖမ်းဝရမ်းထုတ်ထားတဲ့ ယူကရိန်းမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ တရားစီရင်ရေးဆိုင်ရာနည်းလမ်းတွေကို ကျင့်သုံးခဲ့ပါတယ်။ ယူကရိန်းစစ်ပွဲအတွင်း ကလေးသူငယ်တွေကို တရားမဝင်လွှဲပြောင်းတယ်ဆိုတဲ့ စစ်ရာဇဝတ်မှုမှာပါဝင်ပတ်သက်တယ်ဆိုပြီး ပြီးခဲ့တဲ့ မတ်လမှာပဲ ICC က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ရုရှားကော်မရှင်နာ Maria Lvova-Belova တို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပါတယ်။

“ရောမဥပဒေပါအချက်အလက်တွေက ရှင်းရှင်းလင်းလင်းရှိပေမယ့် ICC ရဲ့ဖမ်းဝရမ်းတွေကိုလိုက်နာဖို့ဆိုတာက သက်ဆိုင်ရာနိုင်ငံတွေပေါ်မူတည်ပါတယ်”လို့ Fraser က သတိပေးခဲ့ပါတယ်။

တကယ်လို့များ မင်းအောင်လှိုင်သို့မဟုတ် ပူတင်အနေနဲ့ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံဆီခရီးထွက်ခဲ့ရင် အဲဒီအဖွဲ့ဝင်နိုင်ငံက သူတို့ကို ဖမ်းဆီးနိုင်လိမ့်မယ်လို့မျှော်လင့်ရပါတယ်။ ဒါပေမယ့်လည်း တကယ့်လက်တွေ့မှာတော့ ဖမ်းချင်မှဖမ်းပါလိမ့်မယ်။ ပူတင်ဟာ ပြီးခဲ့တဲ့စက်တင်ဘာလအတွင်းက ICC အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မွန်ဂိုလီးယားကိုသွားရောက်လည်ပတ်ခဲ့ပေမယ့် မွန်ဂိုလီးယားက ပူတင်ကိုဖမ်းဆီးဖို့ ပူးပေါင်းဆောင်ရွက်ခဲ့တာမျိုး မရှိခဲ့ပါဘူး။

လက်ရှိအချိန်မှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ မြန်မာနိုင်ငံမှာရှိနေတာဖြစ်နေတဲ့အတွက် ဖမ်းဆီးမခံရသေးတာ ဒါမှမဟုတ် ICC အဖွဲ့ဝင်နိုင်ငံတွေကိုခရီးမသွားဘဲနေတာမျိုးနဲ့ ဖမ်းဆီးခံရခြင်းက ရှောင်လွှဲနေနိုင်မှာဖြစ်ပေမယ့်လည်း နိုင်ငံရေးအခြေအနေတွေက အချိန်နဲ့အမျှပြောင်းလဲနေတဲ့အတွက် လုံခြုံတယ်လို့တော့ ဘယ်တော့မှခံစားရမှာမဟုတ်ပါဘူးလို့လည်း Fraser ကပြောပါတယ်။

ဒါဖာမှာကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေအတွက် ၂၀၀၉ ခုနှစ်မှာ ICC ကဖမ်းဝ ရမ်းထုတ်ခဲ့တဲ့ ဆူဒန်သမ္မတဟောင်း အိုမာအယ်လ်ဘာရှားကို လက်ရှိအချိန်ထိ တရားမစွဲနိုင်သေးသလို ၁၉၇၀ ခုနှစ်တွေအတွင်း ကမ္ဘောဒီးယားမှာကျူးလွန်ခဲ့တဲ့ လူမျိုးသုဥ်းသတ်ဖြတ်မှုတွေအတွက် ခမာနီခေါင်းဆောင်တွေကိုတရားစွဲဖို့ ဆယ်စုနှစ် ၄ ခုကြာခဲ့တာကိုလည်း သူမက ကိုးကားဖော်ပြခဲ့ပါတယ်။

“နိုင်ငံတကာဥပဒေရှုထောင့်ကကြည့်ရင်တော့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် စိုးရိမ်စရာနဲ့ အဆိုးရွားဆုံးရာဇဝတ်မှုတွေကိုကျူးလွန်တယ်လို့ သံသယရှိသူတွေကို အပြစ်ပေးအရေးယူဖို့ ကြိုးပမ်းသင့်ပါတယ်”လို့ Fraser ကပြောပါတယ်။

ICC ရဲ့ဖမ်းဝရမ်းတောင်းဆိုမှုက မင်းအောင်လှိုင်အပေါ် ထိခိုက်စေနိုင်ဖွယ်မရှိဘူးလို့ Australian National University က အရှေ့တောင်အာရှသုတေသီ Hunter Marston ကပြောပါတယ်။

Free Rohingya Coalition တက်ကြွလှုပ်ရှားသူကွန်ရက်ကိုပူးတွဲတည်ထောင်သူ ရိုနေဆန်းလွင်ကတော့ မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ပြီး နိုင်ငံတကာရာဇဝတ်မှုနဲ့ ဝရမ်းပြေးတံဆိပ်ကပ်တာက သူနဲ့ သူ့အပေါင်းအပါတွေအပေါ် သိသာထင်ရှားတဲ့ဖိအားဖြစ်စေတယ်လို့ပြောပါတယ်။

“သူနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတဲ့နိုင်ငံတွေအနေနဲ့ သူတို့ရဲ့ဆက်ဆံရေးကို ပြန်ပြီးစဥ်းစားကြပါလိမ့်မယ်။ နောက်ပြီး မင်းအောင်လှိုင်ဟာ အရင်ကထက်ပိုပြီး အထီးကျန်လာလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်” လို့ သူကပြောပါတယ်။

တစ်ဆက်တည်းမှာပဲ ရိုနေဆန်းလွင်က အခုကိစ္စမှာ နိုင်ငံတကာတရားစီရင်ရေး ယန္တရားက ရိုဟင်ဂျာတွေကိုယ်စား ပထမဆုံးအကြိမ်အဖြစ်အရေးယူတာဖြစ်တယ်လို့လည်း ထောက်ပြပါတယ်။

“ICC အဖွဲ့ဝင်နိုင်ငံကိုပဲဖြစ်စေ၊ အဖွဲ့ဝင်မဟုတ်တဲ့နိုင်ငံကိုပဲဖြစ်စေ သူ့အနေနဲ့ခရီးသွားတာက ရှက်စရာကြီးဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူ့ကိုမဖမ်းဖို့ အရင်တောင်းပန်ရမှာဖြစ်တဲ့အတွက်ကြောင့်ပါ။ ဖမ်းဝရမ်းကိုအကောင်အထည်ဖော်တဲ့အခါမှာလည်း နိုင်ငံတိုင်းက ပူးပေါင်းဆောင်ရွက်သင့်ပါတယ်” လို့ ရိုနေဆန်းလွင်ကဆိုပါတယ်။

မြန်မာပြည်သူလူထုကရွေးကောက်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့ ရွေးကောက်ခံအရပ်သားအစိုးရကို မြန်မာစစ်တပ်ကဖြုတ်ချပြီးနောက်ပိုင်း ပြီးခဲ့တဲ့စက်တင်ဘာလမှာတော့ မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ်သွားရောက်ခဲ့ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ဟာ ဇူလိုင်နဲ့ ဩဂုတ်လတွေမှာလည်း ရုရှားနိုင်ငံကို ၂ ကြိမ်သွားရောက်ခဲ့ပါတယ်။

မင်းအောင်လှိုင်ကိုဖမ်းဝရမ်းထုတ်ဖို့ ICC ရှေ့နေချုပ်ကတောင်းဆိုလိုက်တာကိုပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက “တရားရုံးအနေနဲ့တရားမျှတမှုရှိဖို့နဲ့ သတိထားကိုင်တွယ်ဖို့” တောင်းဆိုလိုက်ပါတယ်။

လုံခြုံရာနေရာမရှိ

ရခိုင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြတဲ့ ရိုဟင်ဂျာနယ်မြေအများစုကို လက်ရှိအချိန်မှာတော့ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားပါတယ်။ အာရက္ခတပ်တော်ကလည်း ရိုဟင်ဂျာတွေအပေါ် ရက်စက်မှုတွေကျူးလွန်ခဲ့တယ်လို့ ရိုနေဆန်းလွင်ကပြောပါတယ်။ ICC အနေနဲ့ ရိုဟင်ဂျာကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုပြုလုပ်တဲ့အခါ အခုရာဇဝတ်မှုတွေကိုလည်း ထည့်သွင်းစဥ်းစားသင့်တယ်လို့ သူကတိုက်တွန်းခဲ့ပါသေးတယ်။

မကြာသေးတဲ့လတွေအတွင်း AA ဟာ မြန်မာစစ်တပ်ကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေကိုလည်း သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီလိုတိုက်ခိုက်ခဲ့ချိန်တုန်းကလည်း AA ဟာ ရိုဟင်ဂျာတွေနေထိုင်တဲ့ ရပ်ကွက်တွေကိုပါတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ တိုက်ခိုက်ခံခဲ့ရတဲ့ရိုဟင်ဂျာတွေသည်လည်းပဲ နောက်ထပ်တစ်နေရာ ထပ်မံရွှေ့ပြောင်းခဲ့ရပြန်ပါတယ်။

လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ဖွဲ့ရဲ့ ပြီးခဲ့တဲ့ဩဂုတ်လမှာထုတ်ပြန်ခဲ့တဲ့အစီရင်ခံစာမှာတော့ အဲဒီတိုက်ပွဲတွေက ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် ရိုဟင်ဂျာအရပ်သားတွေကို ဘယ်လိုညှဥ်းဆဲသတ်ဖြတ်ခဲ့သလဲဆိုတာကို အသေးစိတ်ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းတွေကို AA ကသိမ်းပိုက်ပြီးနောက်မှာတော့ ဘူးသီးတောင်မြို့အနီးမှာရှိတဲ့ ရိုဟင်ဂျာတွေအခြေချနေထိုင်ရာနေရာတွေကို AA က လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လုယက်တာနဲ့ မီးရှို့တာတွေလုပ်ဆောင်ခဲ့တယ်လို့ အစီရင်ခံစာအရသိရပါတယ်။

“ရိုဟင်ဂျာတွေ သူတို့မွေးရပ်မြေကထွက်ပြေးအောင် ဒီရာဇဝတ်မှုတွေက တွန်းအားပေးနေတယ်”လို့ ရိုနေဆန်းလွင်ကပြောပါတယ်။

“ဒီရာဇဝတ်မှုတွေကို ကိုင်တွယ်ဖြေရှင်းခြင်းက လက်ရှိကြုံနေရတဲ့ ရိုဟင်ဂျာတွေရဲ့အကြပ်အတည်းတွေကို ဖြေလျှော့ပေးနိုင်ပါတယ်”

“ကမ္ဘာ့အနှိပ်စက်အညှဥ်းပန်းအခံရဆုံးသောလူနည်းစု” တွေလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာအေဂျင်စီကပုံဖော်ခဲ့တဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ကော့စ်ဘဇားလိုဒုက္ခသည်စခန်းတွေကိုကျော် လွန်ပြီး သူတို့အတွက်လုံခြုံမယ့်နေရာကို ဆက်လက်ရှာဖွေနေကြပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာလနှောင်းပိုင်းမှာတော့ လှေနစ်မြုပ်ခဲ့တဲ့လူပေါင်း ၁၀၀ ကျော်ကို အင်ဒိုနီးရှားကမ်းလွန်မှာ ကယ်ဆယ်နိုင်ခဲ့ပါတယ်။ မကြာသေးတဲ့နှစ်တွေအတွင်း ရိုဟင်ဂျာတွေဟာ ဆိုးဆိုးရွားရွားကိစ္စရပ်တွေ အဖြစ်များလာတယ်လို့ လေ့လာသူတွေကဆိုကြပါတယ်။

“ရိုဟင်ဂျာတွေဒုက္ခရောက်နေတာက ဆယ်စုနှစ်နဲ့ချီနေပြီဗျ”လို့ ရိုနေဆန်းလွင်က ပြောပါတယ်။

“သူတို့က ငြိမ်းချမ်းရေးကိုလိုအပ်နေတယ်။ နောက်ပြီး ဂုဏ်သိက္ခာရှိရှိ လူ့အခွင့်အရေးအပြည့်နဲ့ ဇာတိမြေပြန်ချင်နေကြတယ်”

မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ICC အနေနဲ့ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရားလိုအဖွဲ့တွေ နိုင်ငံတကာ အချက်အလက်ရှာဖွေရေးအဖွဲ့တွေလိုအဖွဲ့တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားဖို့ Fortify Rights က လူ့အခွင့်အရေးဆိုင်ရာအထူးကျွမ်းကျင်သူ ဦးဇော်ဝင်းက မျှော်လင့်ထားပါတယ်။

၂၀၁၈ ခုနှစ်မှာ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကတည်ထောင်ခဲ့တဲ့ IIMM (မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား) ဟာ ၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာကျူးလွန်ခဲ့တဲ့ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

“မင်းအောင်လှိုင်အတွက် နေရာက ပိုပိုပြီးကျဥ◌်းလာနေတယ်။ သူနဲ့ပတ်သက်တဲ့နိုင်ငံတွေကလည်း နောင်ဆိုရင် သတိထားရလိမ့်မယ်”လို့ ဦးဇော်ဝင်းကပြောပါတယ်။

ဒါပေမယ့်လည်း စစ်ကောင်စီကိုတာဝန်ခံမှုရှိလာအောင်တောင်းဆိုမှုက စစ်ကောင်စီလိုလားတဲ့အုပ်စုတွေအတွက် ပိုပြီးနာကြည်းစရာသာဖြစ်လာဖို့ရှိပါတယ်။ ဒါကြောင့်လည်း မြန်မာစစ်တပ်ကိုဆန့်ကျင်တိုက် ခိုက်နေကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ ပိုပြီးပြင်းထန်တဲ့ဖြိုခွဲမှုတွေနဲ့ ကြုံလာရနိုင်ဖွယ်ရှိပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့မူဆလင်လူမျိုးစုတွေထဲမှာ အကြီးမားဆုံးမျိုးနွယ်စုဖြစ်တဲ့ရိုဟင်ဂျာတွေဟာ ဗုဒ္ဓဘာသာဝင်တွေအများဆုံးနေထိုင်တဲ့မြန်မာနိုင်ငံမှာ ကာလရှည်ကြာကတည်းက ခွဲခြားဆက်ဆံခံခဲ့ရပါတယ်။

မြန်မာအစိုးရအဆက်ဆက်က ရိုဟင်ဂျာတွေရဲ့နိုင်ငံသားဖြစ်ခွင့်ကို နှစ်ပေါင်းများစွာငြင်းပယ်ခဲ့ပြီး ၂၀၁၄ သန်းခေါင်စာရင်းကနေလည်း ရိုဟင်ဂျာဆိုတဲ့နာမည်ကိုဖယ်ထုတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်ကနေ တရားမဝင်ဝင်ရောက်လာကြသူတွေဖြစ်တယ်လို့ မြန်မာအစိုးရအဆက်ဆက်က ရှုမြင်ထားပါတယ်။
_________________________
“South China Morning Post” တွင်ဖော်ပြထားသော ” Will Myanmar’s junta chief face justice for crimes against Rohingya?” ကို ဆီလျော်အောင်ရေးသားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleမြန်မာ့မြေပေါ်က တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ
Next Article မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်
thanlwinkhet
  • Website

Related Posts

အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

December 31, 2024

အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?

December 30, 2024

မြန်မာ့မြေပေါ်က တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ

December 18, 2024

Leave A Reply Cancel Reply

Recent Posts

  • အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး
  • ဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး
  • အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?
  • မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်
  • စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

ဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး

အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?

မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်

ယခင်သတင်းများ

  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Podcast
  • Uncategorized
  • ကွပ်ပျစ်စကားဝိုင်း
  • စီးပွားရေး
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
လူဖတ်အများဆုံး သတင်းများ

အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

December 31, 2024

ဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး

December 31, 2024

အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?

December 30, 2024

မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်

December 30, 2024

စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?

December 19, 2024

မြန်မာ့မြေပေါ်က တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ

December 18, 2024
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.