ညီနောင်သုံးဖွဲ့အတွက် ငြိမ်းချမ်းရေးတံခါးအမြဲဖွင့်ထားသည်ဟု တရုတ်ကို စစ်ခေါင်းဆောင်ပြော ယမင်းဖူးပွင့်အောင် နိုဝင်ဘာ ၇၊ ၂၀၂၄။ အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားသည့် မြောက်ပိုင်းညီနောင်မဟာမိတ် ၃ဖွဲ့အတွက် ငြိမ်းချမ်းရေးတံခါးကို အမြဲဖွင့်ထားပြီး ဆွေးနွေးရန် အသင့်ရှိသည်ဟု စစ်ခေါင်းဆောင်က ဆိုလိုက်သည်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က တရုတ်နိုင်ငံ ကူမင်းမြို့ ဟိုင်ဂင်ဟိုတယ်တွင် တရုတ်ဝန်ကြီးချုပ် မစ္စတာလီချန်နှင့် ယမန်နေ့ နိုဝင်ဘာ…