သံလွင်ခက်
စက်တင်ဘာလ ၇၊၂၀၂၄။
မွန်ပြည်နယ်အတွင်း ယခုနှစ် ဇန်နဝါရီလ မှ သြဂုတ်လအထိ မြေမြှုပ်မိုင်းကြောင့် သေဆုံးသူ ၂ ဦးရှိခဲ့ပြီး ထိခိုက်ဒဏ် ရာရသူ (၂၀) ဦးရှိခဲ့သည်ဟု မွန်ပြည်နယ်အခြေစိုက်အချက်အလက်ကောက်ယူနေသည့် လဂွန်းအိမ်စာစဉ်ထုတ်ပြန်ချက်အရသိရသည်။
အဆိုပါ ထိခိုက်ဒဏ်ရာရရှိသူများတွင် အမျိုးသား (၁၆) ဦးနှင့် အမျိုးသမီး (၄) ဦးဖြစ်ပြီး သေဆုံးသူ (၂) ဦးမှာ အမျိုးသားများဖြစ်သည်။
မွန်ပြည်နယ်တွင်ရှိ ဘီးလင်း၊ သထုံ၊ ကျိုက်ထို၊ ကျိုက်မရော၊ သံဖြူဇရပ်နှင့် ရေးမြို့နယ်တို့တွင် မိုင်းအန္တရာယ်ကြောင့် ထိခိုက်သေဆုံးသူတွေရှိခဲ့သည်။
ဘီးလင်းမြို့နယ်တွင် ၉ ဦးဖြင့် ထိခိုက်မှုအများဆုံးဖြစ်ပြီး သထုံမြို့နယ်တွင် ၃ ဦး ထိခိုက်ခဲ့ကာ ဒုတိယထိခိုက်မှုအများဆုံးဖြစ်သည်ဟု ဖော်ပြထားသည်။
ထို့ပြင် ယခုနှစ်အတွင်း သထုံမြို့နယ်မှ မိုးကောင်းတံတား၊ ကရင် လေးဆိပ်တံတား၊ ကမာစိုင်ကျေရွားအနီး ရန်ကုန်- မော်လမြိုင်ကားလမ်းမှ တံတားတစ်စင်းနှင့် ဘီးလင်းမြို့နယ်မှ ပျဉ် သာတံတား၊ ကျုံအိတ်တံတား၊ မစောတံတားတို့ ပျက်စီးခဲ့သည်ဟုဖော်ပြထားသည်။
မွန်ပြည်နယ်တွင် စစ်အာဏာသိမ်းမှု ၃ နှစ်ကျော် ကာလအတွင်း စစ်ကောင်စီတပ်၏ လေကြောင်း၊ ရေကြောင်း၊ လက် နက်ကြီးလက်နက်ငယ်အပြင် မြေမြှုပ်မိုင်းဒဏ်ကြောင့် ထိခိုဒဏ်ရာရသူ (၃၃၀) ဦးကျော်နှင့် သတ်ဖြတ်ခံရသူ (၁၈၉) ဦး ကျော်အထိရှိခဲ့သည်ဟု လဂွန်းအိမ်၏အချက်အလက်များအရ သိရသည်။
ပုံစာ-မွန်ပြည်နယ် မြေမြုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူအား တွေ့ရစဉ်။ ဓာတ်ပုံ-BNI