KIA သိမ်းပိုက်ထားသည့်ဗျူဟာကုန်းရှိရာကျေးရွာကို စစ်ကောင်စီတပ်ပြန်လည်ဝင်ရောက် ******************* ထွယ် ဖေဖော်ဝါရီ ၂၉၊ ၂၀၂၄။ စစ်ကောင်စီတပ်သည် ကချင်ပြည်နယ်၊ မံစီမြို့နယ် စီခမ်းကြီးကျေးရွာကို ယနေ့နံနက်အစောပိုင်းက ပြန်လည်ဝင် ရောက်ခဲ့သည်ဟု ကာကွယ်ရေးရှေ့တန်းရဲဘော်များထံက သိရသည်။ ယနေ့နံနက် ၅ နာရီခန့်က စီခမ်းကြီးကျေးရွာနှင့် ၅ မိုင်ခန့်ဝေးသည့် သံတံတားကျေးရွာကို လေကြောင်းဖြင့် လာ…