Year: 2024

Loading

ဖားကန့်ရှိ တပ်စခန်း ၁ ခုကို KIA ပူးပေါင်းတပ် ထပ်မံသိမ်းပိုက် ********************* ထွယ် မတ် ၁၄၊ ၂၀၂၄။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ၊ နမ့်မှော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များတပ်စွဲထားသည့် တန် ၃၀၀၀ – Tan 3000 စခန်းအား ကချင်လွတ်လပ်ရေးတပ်မတော် – KIA…

Read More

Loading

တအာင်းဒေသများ၌ မူးယစ်ဆေးဝါးကင်းစင်ရေးလုပ်ဆောင်မည်ဟု TNLA ဆို ******************************************* ယမင်းဖူးပွင့်အောင် မတ် ၁၃၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း တအာင်းဒေသများတွင် မူးယစ်ဆေးဝါးကင်းစင်ရေးရည်ရွယ်ချက်ဖြင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လုပ်ငန်းကြီး ၁ ရပ်အနေဖြင့်ချမှတ်ကာ အစဉ်တစ်စိုက် တိုက်ဖျက်နေသည်ဟု တအာင်းအမျိုး သားလွတ်မြောက်ရေးတပ်မတော် – TNLA ထံက သိရသည်။ မူးယစ်ဆေးဝါးမှန်သမျှကို…

Read More

Loading

ဖားကန့်နွံကန်ပြိုကျမှု ပျောက်ဆုံးသူများရှိသော်လည်း ကယ်ဆယ်ရေးလုပ်ငန်းများရပ်ဆိုင်းလိုက်ရ ************************************** ယမင်းဖူးပွင့်အောင် မတ် ၁၃၊ ၂၀၂၄။ ကချင်ပြည်နယ် ဖားကန့်မြို့နယ် မနမှော်ကျောက်စိမ်းလုပ်ကွက်တွင် ကျောက်တူးဖော်သူ ၃၀ ခန့်ပျောက်ဆုံးနေဆဲဖြစ်သော်လည်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းလိုက်ပြီဖြစ်သည်ဟု ပရဟိတအသင်းများထံက သိရသည်။ နွံကန်ဖြစ်သည့်အတွက် လူကိုယ်တိုင်ဆင်းကယ်ရန်ဖြစ်စေ၊ လှေများ၊ မြေတူးစက်များအသုံးပြု၍ဖြစ်စေ ကယ်ဆယ်ရန်အခက်အခဲများရှိနေသဖြင့် ရပ်ဆိုင်းလိုက်ရခြင်းဖြစ်သည်ဟု နွံကန်ပြိုကျမှုဖြစ်စဉ်တွင် ပါဝင်ကူညီခဲ့သည့်…

Read More

Loading

လေးကေ့ကော်ပြန်သည့်‌ဒေသခံများ ထပ်မံစစ်ရှောင်နေရ ****************************** သံလွင်ခက် မတ် ၁၃၊ ၂၀၂၄။ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်တွင် နေရပ်ပြန်လည်နေထိုင်သည့် ဒေသခံများ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု ဒေသခံများထံက သိရသည်။ လေးကေ့ကော်မြို့သစ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA တို့ကြား ရင်ဆိုင်တိုက်ပွဲများဖြစ်ပွားတော့မည့်သတင်းများကြောင့်  ယမန်နေ့ မတ်လ ၁၂ ရက်…

Read More

Loading

ထိုင်းအစိုးရက စစ်ကောင်စီအပေါ်ထောက်ခံနေမှုများ ပြန်လည်သုံးသပ်ရန်လိုအပ်ဟု အတိုက်အခံများပြော ************************ သံလွင်ခက် မတ် ၁၃၊ ၂၀၂၄။ ဘေးဒဏ်သင့်မြန်မာပြည်သူများအား အကူအညီများပေးဆောင်ရန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာစင်္ကြံကို ထိုင်းအစိုးရကအကောင်အထည်ဖော်နေချိန်မှာပဲ ပဋိပက္ခများဖြစ်ပွားနေသော မြန်မာနိုင်ငံ၏အကြပ်အတည်း ကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် ထိုင်းအစိုးရအနေဖြင့် ၎င်း၏အငြင်းပွားဖွယ် မြန်မာစစ်ကောင်စီကိုထောက်ခံနေမှုများအပေါ် ပြန်လည်သုံးသပ်သင့်သည်ဟု အတိုက်အခံများက ပြောဆိုလိုက်သည်။ ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးနှင့် နယ်စပ်ရေးရာကော်မတီကကြီးမှူးကျင်းပသော…

Read More

Loading

မောင်တောမြို့က နယ်ခြားစောင့်တပ်စခန်းကို AA သိမ်းပိုက် **************** သံလွင်ခက်။ မတ် ၁၃၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ မောင်တောမြို့မြောက်ပိုင်းရှိ အောင်သပြေနယ်ခြားစောင့်တပ်စခန်းအား အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ သည်ဟု ရက္ခိုင့်တပ်တော် – AA က ယမန်နေ့ညကထုတ်ပြန်သည်။ မောင်တောမြို့မြောက်ပိုင်းက လက်နက်ချအညံ့မခံသေးသော လက်ကျန် နယ်ခြားစောင့်တပ်စခန်းအချို့ကို AA က…

Read More

Loading

စစ်ကြောင်းထိုးလာသည့်အတွက် ဇရပ်ကြီးဒေသခံများ ထပ်မံတိမ်းရှောင်နေရ၊ ဒေသခံ တချို့ ဖမ်းဆီးခံနေရမှုများ ရှိနေ **************************************************** ယမင်းဖူးပွင့်အောင် မတ် ၁၂၊ ၂၀၂၄။ စစ်ကောင်စီတပ်က ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဇရပ်ကြီးဒေသရှိကျေးရွာများအား လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်ပြီး စစ်ကြောင်းထိုးလာသည့်အတွက် ဒေသခံပြည်သူများ ထပ်မံထွက်ပြေးတိမ်းရှောင်နေကြရသည်။ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်သည် ဇရပ်ကြီးမြို့အရှေ့ဘက်ရှိ ဂွအိုင်၊ တလိုင်းအိုင်၊…

Read More

Loading

စစ်မှုထမ်းဥပဒေကိုဆန့်ကျင်သည့် လူထုလှုပ်ရှားမှုတွင်ပါဝင်ရန် GSCB တိုက်တွန်း ***************************************** ယမင်းဖူးပွင့်အောင် မတ် ၁၂၊ ၂၀၂၄။ စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကိုဆန့်ကျင်ကြောင်း လက်မှတ်ရေးထိုးဆန္ဒထုတ်ဖော်သည့် လူထုလှုပ်ရှားမှုတွင် ပြည်သူအားလုံးပူးပေါင်းပါဝင်ကြရန် အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (General Strike Coordination Body – GSCB) က ဖိတ်ခေါ်ထားသည်။ ကမ္ဘာအနှံ့ရှိ မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးက…

Read More

Loading

ဖားကန့်မြို့နယ်ရှိ ကသိုင်းတောင်ကို KIA နှင့် ပူးပေါင်းတပ်သိမ်းပိုက် ******************** ထွယ် မတ် ၁၂၊ ၂၀၂၄။ စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသည့် ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စုရှိ ကသိုင်းတောင်ကို ယမန်နေ့ ညနေ ၆ နာရီကျော်ခန့်တွင် ကချင်လွပ်လပ်ရေးတပ်မတော် – KIA နှင့် ပူးပေါင်းတပ်ဖွဲ့ဝင်များက…

Read More

Loading

ကလေးမြို့နယ်တိုက်ပွဲအတွင်း စစ်ကောင်စီရုပ်အလောင်းနှင့် လက်နက်များသိမ်းဆည်းရမိ **************************** သံလွင်ခက် မတ် ၁၂၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်း၊ ကံသာယာရွာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး၏ ရုပ်အလောင်းနှင့် လက်နက်ငယ် ၂၄ လက်အပါအဝင် လက်နက်ခဲယမ်းများသိမ်းဆည်းရမိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် – PDF၊ အမှတ် ၁ စစ်ဒေသက…

Read More