ယမင်းဖူးပွင့်အောင် ဇန်နဝါရီ ၂၊ ၂၀၂၄။ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် အထိနာနေသည့်စစ်ကောင်စီသည် ယခုအချိန်ထိ မာန်လျှော့ခြင်းမရှိဟု ကျွမ်းကျင်သူများက ဆိုကြသည်။ တရုတ်နိုင်ငံတွင် ဒီဇင်ဘာလ ၂၃ ရက်က ပြုလုပ်ခဲ့သည့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးပွဲ၌ စစ်ကောင်စီလက် အောက်ခံ ငြိမ်းချမ်းရေးကော်မတီ…