နန်းဆုပန်ခန့်
ဇွန် ၁၀၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ကို စစ်ကြောင်းထိုးနေသည့်စစ်ကောင်စီတပ်က ပြည်သူ ၄၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးထားသည်ဟု ဒေသခံများထံမှ သိရသည်။
ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်မှတစ်ဆင့် ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာသည့်အင်အား ၁၀၀ဝန်ကျင်းရှိ အဆိုပါစစ်ကြောင်းသည်စစ်ကြောင်းတလျောက်၌ ပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးခဲ့သည်။
ယမန်နေ့တွင် ပုလဲမြို့နယ်အတွင်းကို စစ်ကြောင်းထိုဝင်ရောက်လာချိန်၌ ဆားလင်းကြီးတွင် ဖမ်းဆီးလာသည့်ပြည်သူ ၄၀ ကျော်မှ ၁၃ ဦးကို ပြန်လွှတ်ပေးခဲ့သော်လည်း ပုလဲမြို့နယ်၌ ပြည်သူ ၁၀ ဦးကိုထပ်မံဖမ်းဆီးခဲ့သည်။
” မနေ့မနက် ၉ နာရီဝန်းကျင်လောက်ဗျ။ ပြန်လွှတ်တဲ့သူတွေက ဆားလင်းကြီးကပြည်သူတွေ၊ ပြန်လွှတ်လာတာ၁၃ ယောက်။ မုံကြိုင်းကျေးရွာမရောက်ခင် သရက်ကန်ကျေးရွာအနီးမှာ ပြန်လွတ်ပေးတာဖြစ်ပါတယ် “ဟု ဒေသခံသတင်းအရင်းအမြစ် Pale Entertainment တာဝန်ရှိသူ ကိုအောင်ဆန်းဖြိုးကပြောသည်။
မုံရွာ နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) မှ ဝင်ရောက်သည့် အဆိုပါစစ်ကြောင်းသည် ယခုလ ဇွန်၅ ရက်တွင် ဆားလင်းကြီးမြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။
ထိုစစ်ကောင်စီစစ်ကြောင်းသည် ယမန်နေ့တွင် ပုလဲမြို့နယ်အတွင်းရောက်ရှိချိန်၌ ယင်းမာပင်ခရိုင် တပ်ရင်း၃၆တပ်ခွဲ ၂ ကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံးခဲ့သည်။ သေဆုံးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦးကို ပုလဲမြို့ပေါ် ၌ သင်္ဂြိုဟ်ပေးခဲ့ပြီး ဒေသခံ ၄၀ ခန့်ကိုလည်း စစ်ကြောင်းနှင့်အတူ ပုလဲမြို့တွင်ဖမ်းဆီးထားဆဲဖြစ်သည်ဟုသိရသည်။
ပုံစာ–စစ်ကောင်စီတပ်စစ်ကြောင်း ဝင်ရောက်လာသောကြောင့် ဆားလင်းကြီးရှိပြည်သူများ ထွက်ပြေးနေရမှု ။
*********************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1392
YouTube -> https://youtu.be/E95gr8vKREs
Website -> https://thanlwinkhet.com/?p=5087
Website ->https://eng.thanlwinkhet.net