ရန်ကုန်ရှိ တရုတ်နိုင်ငံသားပိုင် ကျားဖြန့်လုပ်ငန်းကို စစ်ကောင်စီဝင်ရောက်ဖမ်းဆီး
***********************
ကောင်းချစ်အောင်
ဖေဖော်ဝါရီ ၂၄၊ ၂၀၂၄။
ရန်ကုန်တိုင်းအတွင်းရှိ တရုတ်နိုင်ငံသား ၁ ဦးပိုင် ကျားဖြန့်အွန်လိုင်းငွေလိမ်လည်မှုလုပ်ငန်းတစ်ခုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဝင်ရောက်ဖမ်းဆီးခဲ့သည်ဟု သိရသည်။
လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ ၉ ရပ်ကွက်၊ နတ်မောက်လမ်းတွင်နေထိုင်သူ အမျိုးသမီး ၁ ဦးကို ဖေဖော်ဝါရီ ၁၅ ရက်တွင် ဖမ်းဆီးမိရာကတဆင့် အဆိုပါငွေလိမ်လုပ်ငန်းတွင်ပါဝင်သူ ၁ ၂ဦးအား Laptop ၁၃၃ လုံး၊ လက် ကိုင်ဖုန်း ၁၀ လုံး၊ မော်တော်ယာဉ် ၁ စီးတို့နှင့်အတူ ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ဖမ်းဆီးခံရသူများသည် Mashala Tech CO.,Ltd အမည်ရှိ ကုမ္ပဏီတစ်ခုတွင် အလုပ်လုပ်နေသူများဖြစ်ကြပြီး တရုတ်နိုင်ငံသား Mr. Yu Linfeng (ခ) Willian က ပိုင်ဆိုင်သည်ဟု သိရသည်။
ကုမ္ပဏီမှတ်ပုံတင်ရာတွင် ဦးဇေယျာမင်းဟူသော မြန်မာနာမည်လွှဲပြောင်းထားပြီး ချေးငွေ Application Download ပြုလုပ်ခြင်း၊ ချေးငွေယူရန် ဆွဲဆောင်ပြောဆိုခြင်း၊ ချေးငွေပြန်လည်ဆပ်ရန် ခြိမ်းခြောက်ပြောဆိုခြင်း စသည့်ကိစ္စများကို စုစုပေါင်း ၉၁ ဦးက အဖွဲ့၆ ဖွဲ့ခွဲကာ လုပ်ဆောင်နေသည်ဟု ဆိုသည်။
ပိုင်ရှင်တရုတ်နိုင်ငံသားကို လက်ရှိတွင် ဖမ်းဆီးနိုင်သေးခြင်းမရှိဘဲ ကျန်ရှိနေသေးသူများကိုလည်း ဆက်လက် ဖမ်းဆီးနိုင်ရေး ကြိုးပမ်းနေသည်ဟု စစ်ကောင်စီကထုတ်ပြန်သည်။
အလားတူ ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ရှိ အွန်လိုင်းငွေလိမ်လုပ်ငန်းတစ်ခုကို စစ်ကောင်စီ တြိဂံတိုင်း စစ်ဌာချုပ် တပ်ဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်းက ဝင်ရောက်စီးနင်းခဲ့ရာ ထိုင်းနိုင်ငံသား ၁၄၈ ဦး၊ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၅၄၀ ဦးကို ဖမ်းဆီးနိုင်ခဲ့သည်ဟု သိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသားများပိုင်ဆိုင်သော ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ မြန်မာနိုင်ငံအနှံ့ ပိုမိုများပြားလာခဲ့သည်။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3496
YouTube – > https://youtu.be/eEaLA1Cu5r0
Website – > https://thanlwinkhet.net/?p=7892