ကြားကာလပညာရေးအတွက် စေတနာ့ဝန်ထမ်းဆရာများ လိုအပ်နေ အမျိုးသားညီညွတ်ရေးအစိုးရ NUG ပညာရေးလက်အောက်တွင် ပညာသင်ကြားရန် စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွက် သင်ကြားရေး ဆရာ၊ ဆရာမများ လိုအပ်လျက်ရှိသည်ဟု မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။ ပုလဲမြို့နယ်၏ တောင်ပေါ်ဒေသများတွင် တာဝန်ထမ်းဆောင်ရန်အတွက် စေတနာ့ဝန်ထမ်း ဆရာ၊ ဆရာမများ လိုအပ်လျက်ရှိသည်ဟု ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင် ကိုဇော်ထက်က သံလွင်ခက်ကို ပြောသည်။…