နန်းဆုပန်ခန့်
စက်တင်ဘာ ၁၅၊ ၂၀၂၄။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့သို့ ရွှေ့ပြောင်းလာသည့် မြန်မာနိုင်ငံမှ စိတ်ကျန်းမာရေးဝေဒနာခံစားသူ အမျိုးသားတစ်ဦးပျောက်ဆုံးနေသည်ဟု မိသားစုထံမှ သိရသည်။
အသက် ၃၂ နှစ်အရွယ် ကိုမျိုးလွင်ဦးသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၃ ရက်နေ နံနက်အစောပိုင်းတွင် နေအိမ်မှ ဖုတ်ဖရမြို့ဝိနာဒလမ်း (ထိုင်းအခေါ် – ဝှေ့နန္ဒ) လမ်းသို့ ဦးတည်ဆင်းသွားရာ ပျောက်သွားခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်မတွေ့သေးကြောင်း ၎င်း၏မိခင်က သံလွင်ခက်ကိုပြောသည်။
“သောကြာနေ့မနက် ၄ နာရီလောက်က ကြောက်တယ်။ ကြောက်တယ်ဆိုပြီးတော့ ထွက်ပြေးသွားတာ ဝိနာဒလမ်းဘက်ကို၊ အသောက်အစားလည်းနည်းနည်းရှိတော့ တခါတလေစိတ်ကြောင်သွားတာ။ အခု ချိန်ထိတော့ပြန်မတွေ့သေးဘူး” ဟု ၎င်း၏ မိခင်ဖြစ်သူကဆိုသည်။
ပျောက်ဆုံးနေသည့် ကိုမျိုးလွင်ဦးသည် ကျောက်ကပ်ဝေဒနာလည်း ခံစားရသူဖြစ်သူပြီး အခုနှစ်ဆန်းပိုင်းတွင် ဖုတ်ဖရမြို့သို့ မိသားစုနှင့်အတူ ရွှေ့ပြောင်းလာသည်ဟု သိရသည်။
အဆိုပါအမျိုးသားကို တွေ့ရှိလျှင် အောက်ပါ ထိုင်းဖုန်းနံပတ်ကို ဆက်သွယ်ပေးနိုင်ပါသည်။
ထိုင်းဖုန်း- ၀၆၄၂၃၈၈၀၄၁
ဓါတ်ပုံ – ပေးပို့။ ပုံစာ – ပျောက်ဆုံးနေသည့် အသက် ၃၂ နှစ်အရွယ် ကိုမျိုးလွင်ဦး။