သံလွင်ခက်
စက်တင်ဘာ ၁၃၊ ၂၀၂၄။
လွန်ခဲ့တဲ့ ၂ ရက်က နိုင်ဂျီးရီးယားနိုင်ငံ၊ ဘရူနိုပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံနေတဲ့ ဓာတ်ပုံတစ် ပုံကို မြန်မာနိုင်ငံမှာ ရိုက်ကူးထားတဲ့အပုံအဖြစ် အင်တာနက်လူမှုကွန်ရက်မှာ လွဲမှားစွာမျှဝေနေကြပါတယ်။
တကယ်တော့ ဒီပုံဟာ အခုနှစ် စက်တင်ဘာ ၁၀ ရက်က နိုင်ဂျီးရီးယားနိုင်ငံ မိုင်ဒူဂူရီမြို့မှာ ဖြစ်ပွားခဲ့တဲ့ရေကြီးရေလျှံတာကို ရိုက်ကူးထားတဲ့ပုံဖြစ်ပါတယ်။
ဖေ့စ်ဘွတ်ခ်ရဲ့ တရားဝင်အမှတ်အသားရယူထားတဲ့ သက်ထားဆူဇန်၊ အရှင်ပဏ္ဍိတနဲ့ The Luxury Paradise- BrandBoutique တို့က ဒီဓာတ်ပုံကို အသုံးပြုပြီး မြန်မာနိုင်ငံမှာဖြစ်ပျက်သယောင် လွဲမှားစွာ မျှဝေနေကြတာပါ။
အခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့တာကြောင့် လျှပ်တပြတ်ရေကြီးရေလျှံကြုံတွေ့နေ ရတဲ့ နေပြည်တော်၊ မန္တလေး၊ ပဲခူးတိုင်းအရှေ့ပိုင်းနဲ့ ကရင်နီပြည် ဒေသတချို့တွင် လူသေဆုံးတာတွေရှိနေချိန်မှာ အခုလို သတင်းမှားတွေနဲ့ ပုံမှားတွေဟာ ချိန်သားကိုက်ပေါ်လာတာဖြစ်ပါတယ်။
လက်ရှိပျံ့နှံ့နေတဲ့ ဓာတ်ပုံကို Google ရဲ့ ဓာတ်ပုံရာဇဝင်ရှာကြည့်တဲ့အခါ နိုင်ဂျီးရီးယားနိုင်ငံရဲ့ တရားဝင် X စာမျက်နှာတွေဖြစ်တဲ့ နိုင်ငံတကာရွှေ့ပြောင်းနေထိုင်သူများအဖွဲ့ (IOM)နဲ့ သတင်းပြန်ကြားရေးအဖွဲ့တွေမှာ ဖော်ပြထားတာတွေ့ရပါတယ်။
ဓာတ်ပုံထဲက ရေလွှမ်းနေတဲ့တည်ရာကို ရှာဖွေကြည့်တဲ့ မိုင်ဒူဂူရီမြို့၊ လာဂိုစ်လမ်းမအနီးက နေအိမ်တွေဖြစ်နေပါတယ်။ လက်ရှိ အဲဒီမြို့ဟာလည်း လူဦးရေ ၂ သိန်းကျော် ရေဘေးကြုံနေကြတာပါ။
နိုင်ဂျီးရီးယားနိုင်ငံ၊ ဘရူနိုပြည်နယ်က မိုင်ဒူဂူရီမြို့ရဲ့တည်နေရာနဲ့ ပတ်ဝန်းကျင်ကို သံလွင်ခက်က စီစစ်အတည်ပြုပြီးဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ရေဘေးကြုံတွေ့နေတဲ့ မြို့နယ်အပါအဝင် ထိခိုက်သေဆုံးမှုစာရင်းတွေကို အခုချိန်ထိတရားဝင်ဖော်ပြထားတာမျိုးမရှိသေးပါဘူး။