Month: July 2024

Loading

ယမင်းဖူးပွင့်အောင် ဇူလိုင် ၁၆၊ ၂၀၂၄ ရှမ်းပြည်နယ်၊ မြောက်ပိုင်းတွင် ၁၀၂၇ စစ်ဆင်ရေးဒုတိယလှိုင်းကို စတင်ခဲ့ပြီးနောက် ရက်ပေါင်း ၂၁ ရက်မှာ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တို့သည် တရုတ်ကွန်မြူနစ်ပါတီ တတိယအကြိမ် စုံညီအစည်းအဝေးကျင်းပရန်ရှိနေခြင်းကြောင့် လေးရက်ကြာ အပစ်ရပ်ဆဲမည်ဟု ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင်…

Read More

Loading

ယမင်းဖူးပွင့်အောင် ဇူလိုင် ၁၅၊ ၂၀၂၄ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကို ယနေ့နေ့လည် ၁၁ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထပ်မံစစ်ကြောင်း ထိုးဝင်ရောက်လာသည်ဟု ဒေသခံများထံက သိရသည်။ အဆိုပါ စစ်ကောင်စီခြေလျင်စစ်ကြောင်းသည် အင်အား ၃၀၀ ခန့်ပါရှိပြီး ယမန်နေ့ညတွင် ရှမ်းပြည်တောင်ပိုင်းဘက်မှ စတင်ထွက်ခွာလာခြင်းဖြစ်သည်ဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA နှင့် နီးစပ်သူတစ်ဦးက…

Read More

Loading

ဘုန်းမောင် ဇူလိုင် ၁၅၊ ၂၀၂၄။ ဝေါလေကျေးရွာသည် ထိုင်း – မြန်မာနယ်စပ်အနီးရှိ ကျေးရွာတစ်ရွာဖြစ်သည်။ ၎င်းကျေးရွာတွင် ထိုင်းနှင့် မြန်မာနိုင်ငံကို ဆက်သွယ်ထားသော သစ်သားတံတားငယ်လေးတစ်စင်းတည်ရှိ၏။ တံတားအောက်မှာတော့ သေးငယ်ကျဥ်းမြောင်းသည့် မြစ်ကလေးတစ်စင်းက နှစ်နိုင်ငံနယ်စပ်ကြား စီးဆင်းနေသည်။ မြစ်ကမ်းတစ်ဖက်တစ်ချက်တွင်ရှိနေကြသည့် ကျေးရွာနှစ်ရွာကလည်း နာမည်တူကျေးရွာများဖြစ်ကြပြီး ၎င်းတို့၏ဘဝများကလည်း နီးကပ်စွာဆက်စပ်တည်ရှိနေသည်။ ဒေသခံများသည် ထိုတံတားငယ်ကလေးကိုဖြတ်သန်းပြီး…

Read More

Loading

သံလွင်ခက် ဇူလိုင် ၁၅၊ ၂၀၂၄ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရှမ်းပြည်နယ် မြောက်ပိုင်း၊ လောက်ကိုင်မြို့က ဒေသခံတစ်ဦး သေဆုံးခဲ့သည်ဟု ကိုးကန့်တပ်မတော်- MNDAA၏ သတင်းဌာနတစ်ခုဖြစ်သည့် The Kokang တွင်ဖော်ပြထားသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက် နံနက် ၂ နာရီခန့်တွင် လောက်ကိုင်မြို့…

Read More

Loading

စကားမောင် ဇူလိုင် ၁၅၊ ၂၀၂၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့အရှေ့ပိုင်းတွင် စစ်ကောင်စီတပ်က မြို့ပေါ်ရပ်ကွက် ၅ ခုမှ ပြည်သူများနှင့် သံဃာများကို ရပ်ကွက်အတွင်းမှ ထွက်ခွာခိုင်းနေပြီး တပ်စွဲရန်ပြင်ဆင်နေသည်ဟု ဒေသခံများထံကသိရသည်။ ယနေ့ နံနက် ၁၀ ပိုင်းမှစတင်၍ စည်ပင်သာယာ၊ မင်းတံတား၊ စစ်တန်း၊ ဗိုလ်ကုန်းနှင့် ဗျူဟာကုန်းစသည့် ရပ်ကွက်တွင်…

Read More

Loading

သံလွင်ခက်။ ဇူလိုင် ၁၃ ၊ ၂၀၂၄ ။ ၄ ရက်သာ အပစ်ရပ်စဲမည်ဟု ကိုးကန့်တပ်မတော် (MNDAA)က ထုတ်ပြန်ထားသော်လည်း ရှမ်းပြည်နယ်မြောက်ပိုင်း၌ တိုက်ပွဲများပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။ ဇူလိုင်လ ၁၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားသည့် MNDAA ၏ ထုတ်ပြန်ချက်တွင် ယနေ့ ည…

Read More

Loading

မောင်တော၊ အောင်ဗလရွာကို စစ်ကောင်စီတပ်က မီးရှို့ပြီး ရွာသားတချို့အား ဖမ်းဆီး **************** ခင်သရဖီဦး ဇူလိူင် ၁၃၊ ၂၀၂၄ ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ကာ ကျေးရွာသားတချို့ကို ဖမ်းဆီးသွားခဲ့သည်ဟု ဒေသခံများထံက သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၁ ရက် နံနက်ပိုင်းတွင် အင်းအား…

Read More

Loading

သဇင် ဇူလိုင် ၁၃၊၂၀၂၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားသို့ ပို့ဆောင်မည့် ဆီဘောက်ဆာကားနှင့် ကုန်တင်ကားများကို စစ်ကောင်စီက မြစ်ကြီးနား- မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းခွင့်ပိတ်ပင်ထားသဖြင့် ကုန်စည်စီးဆင်းရန်ခက်ခဲနေသည်ဟု ကုန်စည်ဒိုင်များထံ ကသိ ရသည်။ ယမန်နေ့ ဇူလိုင်လ ၁၂ ရက်မနက်ပိုင်းမှ မြစ်ကြီးနား- မန္တလေးကားလမ်း၊ ကချင်-စစ်ကိုင်းအစပ် နန့်စီအောင်စစ်ကောင် စီဂိတ်တွင် စစ်ကိုင်းတိုင်းအတွင်းဖြတ်ဝင်လာသည့်…

Read More

Loading

စကားမောင် ဇူလိုင် ၁၃၊ ၂၀၂၄ မိုးကုတ်မြို့အရှေ့ပိုင်းတွင် ယနေ့မနက် ၁၁ နာရီဝန်းကျင်မှစ၍ ဒရုန်းများပျံဝဲနေကာ လက်နက်ကြီး၊ လက်နက်ငယ်များ ဆက်တိုက်ပစ်ခတ်နေပြီး တိုက်ပွဲပြင်းထန်းနေသည်ဟု မိုးကုတ်မြို့ခံများထံက သိရသည်။ “အခု မိုးကုတ်မြို့ မင်းတံတားရပ်ကွက်မှာ အ​ခြေနေဆိုးနေပါတယ်။ အသံပဲကြားတယ် ထွက်မကြည့်ရဲဘူး။ လက်နက်ကြီးပစ်တဲ့ အချက်ရေများတယ်။ အိမ်ထဲမှာ ရှိတာလေးနဲ့ လုံခြုံအောင်နေနေရတယ်ဗျ…

Read More

Loading

ခင်သရဖီဦး ဇူလိုင် ၁၂၊ ၂၀၂၄။ ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ အဓိကတပ်ရင်းများကို AA က သိမ်းပိုက်ခဲ့ပြီးနောက် သံတွဲမြို့ထဲနှင့် အနီးအနားရှိ ကျေးရွာတချို့ကို စစ်ကောင်စီကလေကြောင်းက ဗုံးကြဲတိုက်ခိုက်သဖြင့် လူတချို့ ထိခိုက်သေဆုံးမှုများရှိသည်ဟု ဒေသခံများထံက သိရသည်။ ယမန့်နေ့ ဇူလိုင် လ ၁၁ ရက် တစ်ရက်တည်းတွင် သံတွဲမြို့ရှိ…

Read More