၏ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် စစ်ကောင်စီဂိတ်စခန်းတစ်ခုတွင် ဆိုင်ကယ် မရပ်ပေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် သားအပါအဝင် လူငယ် သုဲးဦး မှားယွင်း ပစ်ခတ်ခံခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
အောက်တိုဘာ ၂၈ ရက် ည ၉ နာရီဝန်းကျင်ခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး ကွတ်ခိုင်ဆေးရုံအရှေ့၌ လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေစဉ် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။
အဆိုပါဖြစ်စဉ်ကို မျက်မြင်တွေ့ရှိခဲ့သည့် ဒေသခံအမျိုးသား တစ်ဦးက “ည ၈ နာရီ ၅၀ မိနစ်လောက် ကွတ်ခိုင်ဆေးရုံအရှေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ရဲပူးပေါင်းပြီး လမ်းမကြီးပေါ်မှာ လာတဲ့ ကားတွေ၊ ဆိုင်ကယ်တွေ စစ်တယ်။ အဲဒီအချိန် လူငယ် သုံးယောက်က ဆိုင်ကယ်တစ်စီးနဲ့ အရှေ့ကနေ ဖြတ်မောင်းတာကို အနောက်ကနေ ပစ်လိုက်တာ” ဟု သံလွင်ခက်ကို ပြောသည်။
ပစ်ခတ်ခံရမှုကြောင့် အသက် ၂၀ ကျော်အရွယ် လူငယ် သုံးဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်ဆေးမှုများပြုလုပ်ရာ အဆိုပါလူငယ်များတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ သားများ ပါဝင်နေသည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ကွတ်ခိုင်မြို့ခံတစ်ဦးက “စစ်ကြည့်လိုက်တော့ သူတို့ မိဘတွေက စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ဖြစ်နေတယ်။ ရှေ့ဆုံးကနေ မောင်းတဲ့ ကောင်လေးက ဘာမှ မဖြစ်ဘူး။ အလယ်ကနေတဲ့ ကောင်လေးက နည်းနည်း ထိတယ်။ အနောက်ကနေတဲ့ ကောင်လေးကနောက်ကျောကနေ ရင်ဘတ် ပေါက်ထွက်သွားတယ်” ဟု ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ လူငယ် သုံးဦးသည် ကွတ်ခိုင်မြို့ စစ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်ဟု ဒေသခံများ ထံမှ သိရသည်။ See less