Saw Smith
ဧပြီ ၁၀ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ဗာရ်းစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် CNDF တပ်ဖွဲ့ဝင်များက ယနေ့တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်ဟု အဆိုပါတပ်ဖွဲ့ဝင်များထံမှ သိရသည်။
ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်ကွာဝေးသည့် ဖလမ်း–ကလေးလမ်းပေါ်ရှိ ဗာရ်းစစ်ကောင်စီတပ်စခန်းကို CNDF တပ်ဖွဲ့ဝင်များက နံနက် ၅ နာရီအချိန်တွင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
” လက်နက်၊ခဲယမ်းတွေ သိမ်းဆည်းရမိတယ် ။ ထိခိုက်ကျဆုံးမှုတော့ အတိအကျမသိရသေးဘူး။ မြေပြင်က လိုင်းမရသေးတော့ အတိအကျမသိသေး တာ“ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက သံလွင်ခက်ကိုပြောသည်။
အဆိုပါစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၃၀ ဦးဝန်းကျင်ခန့်ရှိပြီး စခန်းကိုတိုက်ခိုက်သိမ်းပိုက်ရချိန်၌စခန်းကိုမီးရှို့ဖျက်ဆီးနိုင်ခဲ့သည်ဟု CNDF နှင့်နီးစပ်သူ ဖလမ်းဒေသခံတစ်ဦးကပြောသည်။
” သူတို့စခန်းအခြေချတဲ့ပုံစံက အရမ်းစနစ်ကျတယ်။ ဖလမ်းမြို့ ခလရ ၂၆၈ ကထိန်းချုပ်ထားတာ။ ရဲတွေရောစစ်သားတွေရော ပေါင်းပြီးတော့ရှိတာပေါ့ ။ အင်အားကတော့ ၃၀ လောက်ရှိမယ်ထင်တာပဲ “ဟု ၎င်းကပြောသည်။
အဆိုပါစခန်းသိမ်းပိုက်ပြီးနောက် စစ်ကောင်စီတပ်က နံနက် ၉နာရီကျော်အချိန်တွင် လေကြောင်းမှလာရောက်တိုက်ခိုက်ခဲ့သည်ဟု ဒေသခံများကပြောသည်။
ဓာတ်ပုံ-The Rihli Voice
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3468
Website ->https://eng.thanlwinkhet.net