Saw Smith
ဧပြီ ၁၁ ၊ ၂၀၂၃ ။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အတွင်းရှိ ဗားရ်စစ်ကောင်စီစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်CNDFကတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၄ဦးသေဆုံး၍ ၁၁ ဦးကိုအရှင်ဖမ်းမိခဲ့သည်။
ဖလမ်းမြို့နှင့် ၁၂ မိုင်ခန့်အကွာတွင်ရှိသော ဗားရ်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)က ယမန်နေ့ ဧပြီလ ၁၀ ရက်၊ နံနက်(၅း၃၀)နာရီ ဝန်းကျင်တွင် စီးနင်းတိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း၌ အချိန်တစ်နာရီခွဲဝန်းကျင်ပစ်ခတ်ပြီးနောက် စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် ဗားရ်စခန်း၌ တာဝန်ကျသော စစ်ကောင်စီတပ်ဖွ၂၅ ဦးအနက်၁၁ ဦးမှာ တိုက်ပွဲအတွင်းသေဆုံးခဲ့ပြီး ၁၄ ဦးအား ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF)က ဖမ်းဆီးရမိခဲ့သည်။
ဖမ်းဆီးရမိသူများအား ခေါ်ဆောင်လာစဥ် ပြင်းထန်ဒဏ်ရာကြောင့် လမ်းခုလပ်တွင် ဗိုလ်ကြီးတစ်ဦး အပါအဝင်၃ဦး ထပ်မံကျဆုံခဲ့သည်ဟု CNDFက သတင်းထုတ်ပြန်သည်။
ထိုတိုက်ပွဲ၌ ကျဆုံးနှင့် ဖမ်းဆီးရမိသော စစ်ကောင်စီတပ်ဖွဲ့ဝင်များတွင် လမ်း၌သေဆုံးသွားသည့် ဗိုလ်ကြီးတစ်ဦးသာ အရာရှိအဆင့်ပါဝင်သည်ဟု CNDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းကျုံးငိုင်းက သံလွင်ခက်ကိုပြောသည်။
ထိုစခန်းသိမ်းတိုက်ပွဲတွင် MA 1 – (၃)လက်၊ MA2 – (၁)လက်၊ MA3- (၂)လက်၊ MA4 – (၁)လက်၊ G3 – (၁၂)လက်၊ MA ကျဉ်ဘောက် -(၂၀)၊ ၆၀ မမ စိန်ပြောင်း – (၂)ခု၊ ၆၀ မမ ကျည် – (၅၈)၊ အီနာဂါ – (၈)ခု၊ G3 ကျဉ်ဘောက် – (၃၇) ခု၊ တိုက်မိုင်း – (၁၀)၊ ၄၀ မမ ကျည် – (၃၃)၊ လက်ပစ်ဗုံး – (၁၂)၊ ရှေ့ထွက်မိုင်း – (၅၀)၊ နင်းမိုင်း – (၅၀၀)၊ MA ကျည် – (၁,၀၀၀) နှင့် G3 ကျဉ် – (၁,၀၀၀) တို့ကို CNDFက သိမ်းဆည်းရရှိခဲ့သည်။
အဆိုပါ စခန်းသိမ်းတိုက်ပွဲအတွင်း၌ ပြည်သူတစ်ဦးသေဆုံးခဲ့ပြီး ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF)မှရဲဘော်တစ်ဦးက တိုင်းပြည်နှင့် လူမျိုးအတွက် မွန်မြတ်စွာ အသက်ပေးအပ်ခဲ့သည်ဟု CNDFက သတင်းထုတ်ပြန်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များအကျအဆုံးများခဲ့သည့် ဗားရ်စခန်းသိမ်းတိုက်ပွဲအပြီး၌ စစ်ကောင်စီတပ်က ကလေး–ဖလမ်း လမ်းပေါ်ရှိ ဗားရ်ကျေးရွာ၊ ကြောင်ဟဲကျေးရွာ ၊ ဝေဘူလမြို့နှင့် ဖလမ်း–ဟားခါးလမ်းပေါ်ရှိ ရမ်ထလိုကျေးရွာတို့ကို တိုက်လေယာဥ်များဖြင့် ဗုံးသီး ၁၀ လုံးထက်မနည်းကြဲချတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ထိုဗုံးကြဲတိုက်ခိုက်မှုတွင် ဗုံး၄လုံးကြဲချတိုက်ခိုက်ခံရသည့် ဝေဘူလမြို့တွင် ပြည်သူ ၉ဦးသေဆုံးခဲ့ပြီး ထိုဝေဘူလမြို့သည် စခန်းအသိမ်းခံရသည့် ဗားရ်းစခန်းနှင့် မိုင် ၃၀ ကျော်ကွာဝေးသည်ဟု ဒေသခံများကပြောသည်။
ပုံစာ–ဗားရ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသူနှင့် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ။
*********************************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/kazoupBwT0Y
Website -> https://thanlwinkhet.com/?p=3488
Website ->https://eng.thanlwinkhet.net