Saw Smith
ဧပြီ ၁၃ ၊ ၂၀၂၃ ။
ယနေ့သင်္ကြန်အကြိုနေ့တွင် ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ဝင် ဗဟိုင်္သကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ထိခိုက်သေဆုံးမှုရှိသည်ဟု ဒေသခံများထံမှ သိရသည်။
ယနေ့ဧပြီလ ၁၃ ရက် ၊ နံနက် ၁၁ နာရီခွဲကျော်အချိန်တွင် လားရှိုးမြို့အဝင် ရန်တိုင်းအောင်ဘုရားအနီးရှိ သင်္ကြန်မဏ္ဍပ်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။
” သေဆုံးမှုရှိတယ်။လေးယောက်လို့ပြောတယ်။ တချို့လည်း လူနာတင်ကားပေါ် တင်နေတာတွေ့ရတယ် “ဟု ဖြစ်စဥ်အနီးတွင်ရောက်ရှိနေသူ ဒေသခံတစ်ဦးကပြောသည်။
ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများကို ပိတ်လိုက်သောကြောင့် ခက်ခက်ခဲခဲပြန်လှည့်လာရသည်ဟု ပေါက်ကွဲရာအနီးရောက်သွားသည့် အခြားဒေသခံတစ်ဦးကပြောသည်။
ပေါက်ကွဲမှုကြောင့်၎င်း၏ကားမှန်များအစထိမှန်ခဲ့ပြီး ၎င်းသည်ပစ္စည်းပို့ရန် ၁၁း၄၀ နာရီအချိန်ခန့်တွင် မဏ္ဍပ်အနီးဖြတ်သွားခြင်းဖြစ်သည်ဟုပြောသည်။
” မဏ္ဍပ်ကရန်တိုင်းအောင်ဘုရားဝန်းမှာ ။ ဗဟိုမဏ္ဍပ် ။ မိုးအောင်ရင် နဲ့ရွှေရူပါဦး လာဆိုမှာ အဲ့နေရာမှာ “ဟု လားရှိူးမြို့ဒေသခံတစ်ဦးကပြောသည်။
အဆိုပါသင်္ကြန်မဏ္ဍပ်တွင် ယနေ့နံနက်ပိုင်း၌ဖျော်ဖြေရေး အစီအစဉ်များမရှိသေးဘဲ လမ်းသွားလမ်းလာများလည်းပုံမှန်အတိုင်းသာရှိသည်ဟု သိရသည်။
ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်သေဆုံးမှု အရေအတွက်နှင့် သေဆုံးသူများအား မည်သူမည်ဝါဖြစ်ကြောင်းကိုသံလွင်ခက်ကစုံစမ်းဆဲ ဖြစ်ပြီး မဏ္ဍပ်တွင်လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပွဲစီစဥ်သူများသာအများဆုံးရှိနေနိုင်သည်ဟု ဒေသခံများက မှတ်ချက်ပြုပြောဆိုသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3565
Website ->https://eng.thanlwinkhet.net