ကောင်းချစ်အောင်
ဧပြီ ၂၇၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် အင်မထီးပျူစောထီးရွာကို ဒရုန်းသုံးစီးဖြင့် ဗုံးခြောက်လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု Eagle Brigade (A Nyar Eagles) အဖွဲ့က သံလွင်ခက်ကို ပြောသည်။
အဆိုပါ တိုက်ခိုက်မှုကို Red Hawks Operation စွန်ရဲစစ်ဆင်ရေးဟု အမည်ပေးထားပြီး ယမန်နေ့ဧပြီ၂၆ရက်တွင်စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အင်မထီးရွာတွင် Jammers များလည်းတပ်ဆင်ထားသောကြောင့် တိုက်ခိုက်ရေးမစ်ရှင်ကို သတိကြီးစွာဆောင်ရွက်ခဲ့ရသည်ဟု Eagle Brigade ပြန်ကြားရေးတာဝန်ခံက သံလွင်ခက်ကိုပြောသည်။
” နေ့လည် တစ်နာရီလောက်မှာ အရင်ဆုံး ကင်းထောက်ဒရုန်းတစ်စီးလွှတ်တယ်။ ပြီးတော့မှ တိုက်ခိုက်ရေးဒရုန်းသုံးစီးနဲ့ တစ်ကီလို၊ နှစ်ကီလို ဗုံးသီးခြောက်လုံးချခဲ့တယ်“ဟု ဆိုသည်။
ဒရုန်းသုံးစီးဖြင့် တပြိုင်တည်း ဗုံးကြဲချခဲ့မှုကြောင့် စစ်ကောင်စီနှင့် ပျူစောထီးများဘက်မှ ထိခိုက်မှုရှိနိုင်ပြီးကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ဒရုန်းများအဆုံးအရှုံးမရှိဘဲ ဆုတ်ခွာလာနိုင်ခဲ့သည်ဟု သိရသည်။
အဆိုပါ စွန်ရဲစစ်ဆင်ရေးကိုEagle Brigade(A Nyar Eagles)နှင့်အတူ Myaing Fighter Defense Force (MFDF)၊Myaung Special Air Force (MSPDF)၊ Salingyi Special Task Force (SSTF)၊ Phoenix အထူးပြောက်ကျားတပ်ဖွဲ့ (ရေစကြို)၊ ဒေသကာကွယ်ရေး ပကဖ အဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်ဟု သိရသည်။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/857
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3893
Website ->https://eng.thanlwinkhet.net