ချင်းပြည်နယ် ဖလမ်းမြို့နယ် ရမ်းထလိုကျေးရွာကို စစ်ကောင်စီက ယနေ့နံနက် ၁၁ နာရီခန့်တွင် လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။ လေကြောင်းပစ်ခတ်ခံရသဖြင့် ဒေသခံပြည်သူ (၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒေသခံပြည်သူတို့၏ ဘုရားကျောင်း ပျက်စီးသွားသည်ဟု ချင်းအမျိုးအဖွဲ့ချုပ် CNO/ CNDF ၏ ပြောရေးဆိုခွင့်ရှိသူက သံလွင်ခက်ကို ပြောသည်။
“အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၃ ဦး ထိခိုက်ခဲ့တယ်။ အမျိုးသမီး (၂) ယောက်တော့ ဟားခါးဘက် ဆေးရုံကို သွားဖို့ပြင်ဆင်နေကြတယ် ၊ ကျန်တဲ့သူတော့ ရွာထဲမှာပဲ ကုသကြတယ်” ဟုပြောသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တို့သည် ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့နှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အဆိုပါကျေးရွာကို လေကြောင်းဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။ လေကြောင်းပစ်ခတ်သဖြင့် ကျေးရွာရှိ RBC ( Ramthlo Baptist Church ) ဘုရားကျောင်းလည်း အားလုံးနီးပါး (၉၀) ရာခိုင်နှုန်းခန့် ပျက်စီးခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်သည် ချင်းပြည်နယ်ကို မြေပြင်ထိုးစစ်ဆင်ခြင်းကို လျှော့ပြီး လေကြောင်းဖြင့် တိုက်ခိုက်လျှက်ရှိသည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တို့က သံလွင်ခက်ကို ပြောသည်။
ပုံစာ – လေကြောင်းတိုက်ခိုက်ခံရသဖြင့် တိမ်းရှောင်ပုန်းခိုနေသည့် ဒေသခံများ။
Photo – Cung Ngai
********************************************************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1763
YouTube – > https://youtu.be/ezoJaGZ8F7I
Website -> https://thanlwinkhet.com/?p=5245
Website -> https://eng.thanlwinkhet.net