ဘုန်းမောင်
စက်တင်ဘာ ၂၅၊ ၂၀၂၃။
၂၀၁၅ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့် ရှမ်းနိုင်ငံရေးအပြောင်းအလဲ
နအဖ အစိုးရလက်ထက် ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်မှာပဲ ၂၀၀၈ အခြေခံဥပဒေကိုအပြီးသတ်ရေးဆွဲနိုင်ခဲ့ပါ သည်။ ၂၀၁၁ ခုနှစ် မတ်လမှာတော့ ဦးသိန်းစိန်ခေါင်းဆောင်သောစစ်ယူနီဖောင်းချွတ်ဗိုလ်ချုပ်ကြီးများ၏ အရပ်ဘက် -စစ်ဘက်အုပ်ချုပ်ရေးစနစ်သစ်ပေါ်ပေါက်လာခဲ့သည်။ အဆိုပါဖြစ်ရပ်များနှင့်အပြိုင် သမ္မတဦးသိန်းစိန်က ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သစ်တစ်ရပ်ကိုကြေညာခဲ့ပြီး SSPP၊ RCSS ၊ UWSA နှင့်အခြားတိုင်းရင်းသားလက်နက် ကိုင်အဖွဲ့အစည်းများနှင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးနှင့်
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ အဆက်မပြတ်ကျင်းပ ခဲ့သည်။
NCA သည် မရေးဆွဲမီကပင် စိန်ခေါ်မှုပေါင်းများစွာနှင့်ရင်ဆိုင်ခဲ့ရပြီးအချေအတင်ပေါင်းများစွာဖြစ်ပေါ်ခဲ့ကာ အတက်အကျ၊ အပြောင်းအလဲ များခဲ့သည်။တစ်ချိန်တည်းမှာပင် ဦးသိန်းစိန်၏ နောက်ထပ်သမ္မတသက်တမ်း ဆိုသည်ကလည်းမသေချာမရေရာတော့ပါ။ ထို့ကြောင့်လည်း တာဝန်ရှိသူများက ၎င်းတို့သက်တမ်းအတွင်း စာချုပ်အပြီးသတ်လက်မှတ်ရေးထိုးနိုင်ရန် အပူတပြင်းဆောင်ရွက်ခဲ့ကြသည်။
RCSS နှင့်အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့ကသာ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ရက်တွင် လက်မှတ်ရေးထိုးမည့် NCA တွင် ပါဝင်ရန်ပြင်ဆင်ခဲ့ကြပြီး ကျန် EAO များကတော့ဆုံးဖြတ်ချက်မချမှတ်နိုင်ခြင်းနှင့် မြန်မာစစ်တပ်၏ချန်လှပ်ထားခံရမှုများကြောင့် NCA တွင်ပါဝင်နိုင်ခဲ့ခြင်းမရှိပါ။ စေ့စပ်ညှိနှိုင်းရေးဆွေးနွေးပွဲများ တွင် SSPP ၊ UWSA နှင့် KIO တို့ပါဝင်ခဲ့သော်လည်း NCA တွင် ကျေနပ်မှုမရှိသောကြောင့် ပါဝင်လက်မှတ်ရေးထိုး ခြင်း မရှိခဲ့ပါ။
ဤသို့ဖြင့် ကဏ္ဍသစ်တစ်ရပ်ပေါ်ပေါက်လာခဲ့ပါတော့သည်။ NCA လက်မှတ်ရေးထိုးပြီးနောက်ပိုင်းနိုင်ငံအတွင်း ပိုပြီးပွင့်လင်းမြင်သာစွာလုပ်ကိုင်နိုင်ဖို့ မြန်မာစစ်တပ်ထံက ခွင့်ပြုလိုင်စင်ရရှိလိမ့်မည်ဟုRCSS ကမျှော်လင့်ထားခဲ့ ပုံပေါ်သည်။ အတိတ်တစ်ချိန်ကတားမြစ်ခံထားရသော RCSS ၏ရုံးခွဲများမြို့ပြနေရာများစွာတွင် အမှန်တကယ် လည်း ဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။ နိုင်ငံတွင်းရှိရွေးကောက်ပွဲဝင်နိုင်ငံရေးပါတီများနှင့် စကားပြောခွင့်ရရှိခဲ့သလို အခြားသောနိုင်ငံရေးအဖွဲ့အစည်းများ ၊လူမှုအဖွဲ့အစည်းများထံသွားရောက်ပြီးစကားပြောဆိုခွင့်များ RCSS အနေ ဖြင့်ရရှိခဲ့ပါသည်။ RCSS ကသာ ငြိမ်းချမ်းရေးသဘောတူညီမှုကိုလက်မခံခဲ့ပါက ထိုသို့ပြုလုပ်နိုင်ရန် မဖြစ်နိုင်ပါ။
နောက်ပိုင်းနှစ်များမှာတော့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က NCAကိုဆက်လက်ဦးဆောင်ခဲ့ သည်။ NLD က အစိုးရတာဝန်ယူပြီးနောက်မှာတော့ဦးသိန်းစိန်ဆောင်ရွက်ခဲ့သော ”ငြိမ်းချမ်းရေးလုပ်ငန်းစဥ်"ကို NLD အစိုးရက”ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံ”အဖြစ် ကင်ပွန်းသစ်တပ်ခဲ့ပြီး ငြိမ်းချမ်းရေးသဘောတူညီချက်များ ရယူခဲ့လေသည်။ သို့သော်လည်း SSPP အပါအဝင် အခြား EAO များကို NCAတွင် ပါဝင် လက်မှတ်ရေးထိုးရန် NLD အနေဖြင့် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါ။ NLDအစိုးရ ဖြစ်နေစဥ်ကာလအတွင်း နောက်ထပ် ၂ ဖွဲ့ ကိုသာ NCA တွင်ပါဝင်ရန်စွမ်းဆောင်နိုင်ခဲ့သည်။ ထို ၂ဖွဲ့မှာ မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံးတို့ဖြစ်ကြပြီး စုစုပေါင်း ၁၀ဖွဲ့ဖြစ်လာခဲ့သည်။
NCA သည်လည်းပဲ ငြိမ်းချမ်းရေးနှင့်တည်ငြိမ်ရေးခေတ်သစ်တစ်ခုကိုယူဆောင်ပေးရန်ပျက်ကွက်ခဲ့ပါသည်။ အထူး အားဖြင့် TNLA၊ MNDAA နှင့် AA တို့ကို မြန်မာစစ်တပ်က NCAကချန်လှပ်ထားခဲ့သဖြင့် အတားအဆီးတစ်ခုဖြစ်ခဲ့ သည်။ တစ်ချိန်တည်းမှာပင်နိုင်ငံတစ်ဝှမ်းလုံးတွင်ဖြစ်ပွားနေသည့် ပဋိပက္ခများသည်လည်း အဆုံးသတ်သွားခြင်း မရှိခဲ့ပါ။အထူးသဖြင့် ကချင် ၊ ရခိုင်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင်ဖြစ်သည်။ ထို့အတူ ၂၀၀၈ဖွဲ့စည်းပုံအခြေ ခံဥပဒေအရကျင်းပမည့် ရွေးကောက်ပွဲကို အကြောင်းပြလမ်းခင်းပြီးတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ လက်နက်ချရန် မြန်မာစစ်တပ်ကရန်လိုသောသဘောထားဖြင့် စဥ်ဆက်မပြတ်တောင်းဆိုခဲ့ပါသည်။ EAO များကို နယ်ခြားစောင့်တပ်(BGF) အဖြစ်ပြောင်းလဲပစ်ရန်က မြန်မာစစ်တပ်၏ နည်းဗျူဟာအစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး အကယ်၍လက်နက်ချဖို့ EAO များက ဆက်လက်ငြင်းဆန်နေမည်ဆိုလျှင်လည်း မြန်မာစစ်တပ်က ဖိအားပေးမှုများအရှိန်မြှင့်လုပ်ဆောင်ရန်ရည်ရွယ်ထားခဲ့သည်။
BGF များအဖြစ်အသွင်ပြောင်းရန် ပစ်မှတ်ထားခံခဲ့ရသော EAO များကြားတွင် SSPP သည်လည်းအပါအဝင်ဖြစ်ခဲ့ပြီး ပြင်းထန်သောဖိအားများကြောင့် အဖွဲ့အတွင်း သဘောထားကွဲလွဲမှုများပေါ်ပေါက်လာခဲ့သည်။ ပါတီခေါင်းဆောင် ပိုင်းများအကြား ဆွေးနွေးမှုများမအောင်မြင်သောကြောင့်SSPP ၏ တပ်မတော်ဖြစ်သော SSA ၏ တပ်မဟာ ၃ နှင့် ၇ တို့ဒေသခံပြည်သူ့စစ်များအဖြစ်အသွင်ပြောင်းသွားခဲ့ကြပြီး တပ်မဟာ ၁ တစ်ခုတည်းသာ SSPP/SSA ၏မူလဖွဲ့ စည်းပုံအတိုင်း ကျန်နေရစ်ခဲ့တော့သည်။
တစ်ချိန်တည်းမှာပင် သီပေါအခြေစိုက် SSA ၏ စိန်ကျော်တပ်စခန်း နှင့် ကွန်ဟိန်းအခြေစိုက်ကာလိတပ်စခန်းတို့ သည်လည်း ပြည်သူ့စစ်အဖြစ်ပြောင်းလဲသွားခဲ့ပြီး ကျောက်မဲအခြေစိုက်တပ်စခန်းတစ်ခုကိုတော့ ဖျက်သိမ်းခဲ့ရ သည်။ SSPP ၏ဌာနချုပ်ကို ကျေးသီး မြို့နယ်တွင်းရှိဝမ်ဟိုင်းတွင် အမာခံအဖြစ်ထားရှိခဲ့သည်။ SSPP/SSA သည် ၁၉၈၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့်အပစ်အခတ်ရပ်စဲခဲ့သော်ငြား ပြည်သူ့စစ်အဖြစ်အသွင်ပြောင်းရန် ငြင်းဆန်ခဲ့ သောကြောင့်ဝမ်ဟိုင်းကိုသိမ်းပိုက်နိုင်ရန် မြန်မာစစ်တပ်၏ကြီးမားသောထိုးစစ်များကို ၂၀၁၅ ခုနှစ်တွင် ရင်ဆိုင်ခဲ့ရသည်။ ဖြစ်ပွားခဲ့သောတိုက်ပွဲများ အဆမတန်ပြင်းထန်ခဲ့ကြောင်း SSPP ခေါင်းဆောင်များအမှတ်ရနေတုန်းပင် ဖြစ် ၏။ သို့သော် နောက်ဆုံးတော့လည်း SSPP သည် ၎င်းတို့ဌာနချုပ်ကိုကောင်းမွန်စွာကာကွယ်နိုင်ခဲ့ပါသည်။
လက်ရှိအချိန်မှာလည်း SSPP အပေါ်တွင် ကြီးမားသောဖိအားများရှိနေဆဲသာဖြစ်၏။နိုင်ငံရေးအပြောင်းအလဲများ ဆက်လက်ဖြစ်ပေါ်နေသကဲ့သို့ SSA ၏တပ်မဟာ ၁ အနေဖြင့်လည်းတစ်ချိန်ကထိန်းချုပ်ထားနိုင်ခဲ့သော ကျယ်ပြန့် သည့်နယ်မြေများတွင် အုပ်ချုပ်ရေး၊ စည်းရုံးရေးနှင့်တပ်အင်အာားဖြန့်ကျက်ချထားနိုင်ရေးတို့အတွက် ကြီးမား သောစိန်ခေါ်မှုများနှင့် ရင်ဆိုင်ခဲ့ရလေသည်။ဤနေရာတွင် မှတ်သားစရာအနည်းငယ်ရှိပါသည်။ ထိုအချက်မှာ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ သိန္နီ၊မူဆယ်နှင့် နမ့်ခမ်းမြို့နယ်များရှိလူငယ်အများအပြားက ထိုင်းနိုင်ငံနယ်စပ်ရှိ RCSSကိုထောက်ပံ့ကူညီရန်အတွက် အာရုံကျလာကြပြီး ရှမ်းပြည်တောင်ပိုင်းသို့သွားရောက်ကာ RCSS တွင်စစ်မှု ထမ်းခဲ့ကြခြင်းဖြစ်သည်။ တိုင်းရင်းသားလူမျိုးစု – နိုင်ငံရေးအရှိန်ကပြောင်းလဲနေပြီလည်းဖြစ်သည်။
NCA လက်မှတ်ရေးထိုးခဲ့ပြီးနောက် ဖော်ပြပါအချက်အလက်များအားလုံးကဖော်ပြနေသည်မှာတစ်ချိန်က SSNA ထိန်းချုပ်မှုအောက်တွင်ရှိခဲ့သော ရှမ်းပြည်မြောက်ပိုင်းရှိနယ်မြေများကို RCSSခေါင်းဆောင်မှုအောက်သို့ပြောင်းရွှေ့ ရန် တွန်းအားပေးမှုတစ်ခု ဖြစ်လာခဲ့ပုံပေါ်သည်။ တရုတ် -မြန်မာကုန်သွယ်ရေးတွင် စီးပွားရေးကြီးထွားလာနေမှု အလားအလာများနှင့် မန္တလေး -မူဆယ်အမြန်လမ်းတလျှောက် လမ်းပန်းဆက်သွယ်ရေးကောင်းမွန်လာမှုတို့ ကြောင့်တရုတ်နှင့်ဆက်ဆံရေးအရေးကြီးပုံကို MTA လက်နက်ချပြီးနောက်ပိုင်းတွင်မှ RCSS ခေါင်းဆောင်များသဘောပေါက်လာခဲ့သည်။ အဆိုပါနည်းဗျူဟာကို အရှိန်မြှင့်ရန်အတွက် RCSS ခေါင်းဆောင်များက
ယခင် SSNA ထိန်းချုပ်ထားခဲ့သော RCSS ပိုင်နယ်မြေများကို ဝင်ရောက်ထိန်းချုပ်ဖို့ဆုံးဖြတ်ချက်ချခဲ့လေသည်။ အဆိုပါဆုံးဖြတ် ချက်နှင့်ပတ်သက်ပြီး လေ့လာသုံးသပ်သူတချို့ကတော့ရဲတင်းသောလှုပ်ရှားမှုတစ်ခုဖြစ်သည်ဟု ဆိုကြသည်။
နောက်ပိုင်းဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များနှင့်ပတ်သက်ပြီး သဘောထားကွဲလွဲမှုများတော့ရှိပါသည်။ပထမ အဆင့်ဖြစ်သည့် ရှမ်းပြည်တောင်ပိုင်းမှ ရှမ်းပြည်မြောက်ပိုင်းသို့ RCSS ၏စည်းရုံးရေးနှင့်တပ်များပြောင်းရွှေ့ရေး ကိစ္စရပ်များတွင် SSPP ခေါင်းဆောင်များ၏ သဘောတူညီမှုကိုရယူခဲ့သည်ဟုဆိုသည်။ ကနဦးကာလ RCSS တပ်များဖြန့်ကျက်မှုတွင် RCSS သည် SSPP၏မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသော TNLA အပြင် KIO နှင့်ပါကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ထားနိုင်ခဲ့သည်ဟုဆိုသည်။ ယင်းအချက်မှာမှတ်သားဖွယ်ရာပင် ဖြစ် ၏။ အဆိုပါအခြေခံကတဆင့် RCSS တပ်ဖွဲ့များသည်မိုင်းကိုင်မြို့နယ်တွင်တပ်စွဲပြီး ကျောက်မဲ၊ သီပေါနှင့် နမ္မတူ မြို့များအထိ တပ်ဖြန့်လာနိုင်ခဲ့သလိုသီပေါမြို့နယ်အတွင်း အခိုင်အမာတပ်စွဲထားနိုင်ခဲ့သည်။
မည်သို့ပင်ဖြစ်စေကာမူ အဆိုပါပျားရည်ဆမ်းကာလများက တာရှည်မခံခဲ့ပါ။ RCSS နှင့် SSPPတပ်ဖွဲ့များကြား တိုက်ပွဲများစတင်ဖြစ်ပွားခဲ့ပြီး မတူညီသောတပ်ဖွဲ့များကကြားဝင်ညှိနှိုင်းပေးခဲ့ပါသော်လည်း ရှမ်းအဖွဲ့အစည်း ၂ ခု ကခေါင်းဆောင်များအကြား
သဘောတူညီမှုများမရရှိခဲ့ပါ။ တပ်အင်အားဖြန့်ကျက်နေရာချထားမှု၊ လူသစ်စုဆောင်း မှု၊ဒေသအုပ်ချုပ်ရေးတို့နှင့်ပတ်သက်ပြီး မဖြေရှင်းနိုင်သောပြဿနာများကြောင့် အဆိုပါအစပျိုးမှုကတဖြည်း ဖြည်းနှင့် ပြင်းထန်သောအငြင်းပွားမှုများအဖြစ်သို့ ပြောင်းလဲသွားခဲ့လေတော့သည်။တင်းမာမှုများ ပိုမိုနက်ရှိုင်းလာ သည်နှင့်အမျှ SSPP အုပ်ချုပ်ရေးခရိုင်အတွင်းကကျေးရွာများရှိအချို့သောအုပ်ချုပ်ရေးမှူးများကို RCSS ကခန့် ထားသောအုပ်ချုပ်ရေးမှူးများဖြင့် အစားထိုးခဲ့သဖြင့်ဒေသခံလူထုအတွက်လည်း ဝန်ထုပ်ဝန်ပိုးဖြစ်စေခဲ့ပါသည်။ဒေသခံတွေဘက်ကလည်းရှမ်းအဖွဲ့အစည်းများဖြစ်ကြသော SSPP သို့မဟုတ် RCSS ကို ထောက်ခံမည်လား၊ ထောက်ပံ့မည်လားရွေးချယ်ရတော့မည်ဖြစ်သည်။
ဇာတ်သိမ်းပိုင်း ဆက်လက်ဖော်ပြပါမည်။