မြန်မာပြည်သူများ၏ဆန္ဒကို အသိအမှတ်ပြုရန် အမေရိကန်ထပ်မံတိုက်တွန်း
**************************************
သံလွင်ခက်
ဇန်နဝါရီ ၄ ၊ ၂၀၂၄။
အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလိုသည့် မြန်မာပြည်သူများ၏ ဆန္ဒကို အသိအမှတ်ပြုရန် ယနေ့ ဇန်နဝါရီ ၄ ရက်တွင် ကျရောက်သည့် ၇၆ နှစ်ပြည့် လွတ်လပ်ရေးနေ့၌ အမေရိကန် ပြည်ထောင်စုကိုယ်စား အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကင် က ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံအတွက်လိုအပ်နေသော ဒီမိုကရေစီ၊ ကိုယ်ပိုင်ဆုံးဖြတ်ရွေးချယ်ပိုင်ခွင့်၊ တည်ငြိမ်မှုနှင့် လုံခြုံရေးတို့ကို ဖော်ဆောင်နိုင်ရန် ကြိုးပမ်းနေကြသည့် မြန်မာပြည်သူများနှင့်အတူ တသားတည်းရပ်တည်ပြီး စစ်အာဏာရှင် အဖွဲ့အစည်းအနေဖြင့်လည်း ၄င်းတို့၏ အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ၊ နိုင့်ထက်စီးနင်း ဖမ်းဆီးထိန်းသိမ်း ထားသူများအားလုံးကို ပြန်လွှတ်ပေးရန် စသည့် အချက်များလည်း ထုတ်ပြန်ချက်တွင်ပါဝင်သည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်က စတင်ခဲ့သည့် စစ်တပ်၏အကြမ်းဖက်လုပ်ရပ်များသည် မြန်မာပြည်သူများ၏ ခိုင်မာသော သန္နိဋ္ဌာန်ကို ယုတ်လျော့မသွားစေနိုင်ခဲ့သလို စစ်တပ်၏ အကြမ်းဖက်မှုများကြောင့် အသက်ဆုံးရှုံးခဲ့ရ သူများအတွက် ဝမ်းနည်းပူဆွေးပြီး ၄င်းတို့ကိုလည်း လေးစားဂုဏ်ပြုအပ်ပါသည်ဟု အမေရိကန်နိုင်ငံခြားရေး ဝန် ကြီး အန်တိုနီ ဂျေ ဘလင်ကင် က ဆိုသည်။
******
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/2871
YouTube – > https://youtu.be/LsSx5mAIttA?si=cQ389gohgAYNfmVR
Website – > https://thanlwinkhet.net/?p=6808