တော်လှန်ရေးတပ်ဖွဲ့ဝင်များ သင်္ဃန်းညီနောင် ရဲစခန်းကို ထပ်မံသိမ်းပိုက်
**************************
နန်းဆုပန်ခန့်
မတ် ၉၊ ၂၀၂၄။
ကရင်ပြည်နယ်၊ သင်္ဃန်းညီနောင်ရှိ ခမရ – ၃၅၅ တပ်ရင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၈ ရက်တွင် သိမ်းပိုက်နိုင်ခဲ့ပြီးနေ့ ယနေ့ မတ်လ ၉ ရက်တွင် သင်္ဃန်းညီနောင် ရဲစခန်းကို ထပ်မံသိမ်းဆည်းနိုင်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်များထံမှသိရသည်။
အဆိုပါ သင်္ဃန်းညီနောင် ရဲစခန်းကို ယနေ့ နံနက်အစောပိုင်းတွင်သိမ်းဆည်းနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများစွာကိုလည်း ရရှိသည်ဟု တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက ” ဒီမနက်မှာပဲ ခမရ – ၃၅၅ စခန်းမှာ ပွိုင့် ၅တစ်လက်ရတယ်။ သင်္ဃန်းညီနောင် ရဲစခန်းကိုလည်း ဒီမနက်မှာပဲသိမ်းလိုက်တာ၊ လက်နက်တွေများတယ်၊ အစုံပဲ၊ ” ဟု ဆိုသည်။
တော်လှန်ရေးတပ်ဖွဲ့များသည် မတ်လ ၇ ရက်တွင် မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်ဒေသအတွင်း၌ရှိသော စစ်ကောင်စီတပ် ခမရ – ၃၅၅ ကိုထိုးစစ်ဆင်ခဲ့ခြင်းဖြစ်ပြီး ၂ ရက်တာအတွင်း ခမမ-၃၅၅ တပ်ရင်းနှင့် သင်္ဃန်းညီနောင် ရဲစခန်းကို သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲဖြစ်ပွားစဉ် ၃ ရက်တာကာလအတွင်း စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုကို အကြိမ် ၃၀ ထက်မနည်းပြုလုပ်ခဲ့ပြီး ဒေသခံများ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။
ဓါတ်ပုံ – Cj
ပုံစာ – မြဝတီမြို့အနီးရှိ သင်္ဃန်းညီနောင်ရဲစခန်းကို ကာကွယ်ရေးရဲဘော်များရောက်ရှိနေသည့်မြင်ကွင်း။
************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3690
YouTube – > https://youtu.be/M_6Wem4Ju9k?si=hD_KqRB2lEvj95D8
Website – > https://thanlwinkhet.net/?p=8228