စစ်အာဏာရှင်ချုပ်ငြိမ်းရေးနဲ့ ဒီမိုကရေစီရှာကျောင်းသားများ
*****
သံလွင်ခက်
မေ ၉၊ ၂၀၂၄။
နယ်ချဲ့ကိုလိုနီလက်ထက်ကစလို့ စစ်အာဏာရှင်အဆက်ဆက်မှာ ကျောင်းသားလူငယ်တွေဟာ ဖိနှိပ်ချုပ်ချယ်မှုတွေ ဖြတ်သန်းခဲ့ရပါတယ်။ သမဂ္ဂအဆောက်အဦးကစလို့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ အနာဂတ်ကိုပါ ဖျက်စီးခဲ့ကြတာပါ။ လက်ရှိနွေဦးတော်လှန်ရေးအခင်းအကျင်းမှာလည်း လမ်းပေါ်က ဆန္ဒပြပွဲကစလို့ လက်နက်ကိုင်တော်လှန်ရေးတွေအထိ အားသွန်ခွန်စိုက်ပါဝင်ခဲ့ပါတယ်။
ဓါတ်ပုံ – စစ်အာဏာရှင်စနစ်ကို လက်မခံကြောင်း ဆန္ဒထုတ်ဖော်နေသော ပြည်သူများ(ABFSU)