ကပစ နဲ့ နီးကပ်လာတဲ့ ရက္ခိုင့်တပ်တော်ထိုးစစ် (ကရင်ဘာသာ)
***
သံလွင်ခက်
ဧပြီ ၄၊ ၂၀၂၄။
ရခိုင်ပြည်နယ် အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ပဒါန်းရွာတို့ကို ဆက်သွယ်ထားတဲ့ကားလမ်းကို ရက်အကန့်အသတ်မရှိ အရေးပေါပိတ်လိုက်တယ်လို့ ရက္ခိုင့်တပ်တော်က ဧပြီ ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
ထုတ်ပြန်လိုက်ရတဲ့အကြောင်းကလည်း နိုဝင်ဘာ ၁၃ ရက်ကစတင်ခဲ့တဲ့ AA ရဲ့ထိုးစစ်က မကွေးတိုင်းထဲအထိ ကျယ်ပြန့်လာနေတာကြောင့်ပါ။
ရခိုင်ရိုးမကိုကျော်လွန်ရင် မကွေးတိုင်းထဲက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းလွင်ပြင်ဒေသကိုရောက်ပြီဖြစ်တဲ့အတွက် ရက္ခိုင့်တပ်တော်ရဲ့ထိုးစစ်ဟာ စစ်ကောင်စီရဲ့လက်နက်စက်ရုံတွေနဲ့ နီးကပ်လာပြီပဲ ဖြစ်ပါတယ်။
ကပစ လက်နက်ထုတ်လုပ်ရေးစက်ရုံတွေကို AA က ဘာကြောင့် ဦးတည်ထိုးစစ်ဆင်နေတာလဲ. . .?
ကပစ လက်နက်ထုတ်လုပ်ရေးစက်ရုံတွေမှာ လက်နက်ကိုင်အဖွဲ့အစည်း ဘယ်လောက်ရှိနေသလဲ. . .?
ကပစ စက်ရုံ ဘယ်လောက်ထိ စစ်ကောင်စီကပိုင်ဆိုင်ထားသလဲ. . .? ဆိုတာတွေကို ဒီဗီဒီယိုဖိုင်မှာ ရှင်းပြထားပါတယ်။
***
Telegram – > https://t.me/ThanLwinKhetNews/4611
YouTube -> https://youtu.be/15ymts2xGow
Website -> https://thanlwinkhet.net/?p=10016