မြန်မာ့အရေး ခြေရှုပ်နေဆဲတရုတ် (ကရင်ဘာသာ)
***
သံလွင်ခက်
ဧပြီ ၇၊ ၂၀၂၄။
တရုတ်ပြည်သူ့သမ္မတနိုင်ငံနဲ့ မြန်မာနိုင်ငံတို့အကြား နှစ်ပေါင်းထောင်ချီဆက်ဆံရေးတည်ရှိခဲ့သလို လက်ရှိမှာ လည်း ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေး တည်ဆောက်ထားနိုင်တယ်လို့ စစ်ခေါင်းဆောင်က အာဏာသိမ်းပြီး နောက်ပိုင်း အခွင့်ရရင်ရသလို ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၈ ရက် ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ ပြုလုပ်ခဲ့တဲ့ တရုတ်နှစ်သစ်ကူးနေ့ အခမ်း အနားမှာလည်း စစ်ခေါင်းဆောင်က တရုတ်ဟာ မြန်မာ့ပြည်တွင်းရေးကို ဝင်မစွက်ဖက်ဘဲ အိမ်နီးချင်းကောင်းပီသ တယ်လို့ သုံးနှုန်းလာပြန်ပါတယ်။
ကုလလုံခြုံရေးကောင်စီအစည်းအဝေးတွေမှာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ အနောက်နိုင်ငံတွေရဲ့ ထိုးနှက်ချက်တွေကို တရုတ်က ကြားနေအဖြစ်ရပ်တည်ခဲ့ပေမယ့် ၂၀၂၃ နှစ်ကုန်ပိုင်းနဲ့ အခုနှစ်ဆန်းပိုင်းကာလတွေ မှာတော့ တရုတ်ရဲ့ ပေါ်ပေါ်ထင်ထင်စွက်ဖက်မှုတွေက သိသာလာခဲ့ပါတယ်။
“၁၀၂၇ စစ်ဆင်ရေး”အပြင် ရခိုင်နဲ့ ကချင်ဒေသတွေမှာဖြစ်ပွားနေတဲ့ စစ်ဆင်ရေးတွေမှာပါ တရုတ်နိုင်ငံက ဘယ်လောက်ထိခြေရှုပ်နေသလဲ. . .? ဆိုတာ ဒီဗီဒီယိုဖိုင်မှာရှင်းပြထားပါတယ်။
***
Telegram – > https://t.me/ThanLwinKhetNews/4611
YouTube -> https://youtu.be/mgUNjaWMvbY
Website -> https://thanlwinkhet.net/?p=10016