19 total views , 1 views today
သံလွင်ခက်။
ဇူလိုင် ၁၂ ၊ ၂၀၂၄။
ချင်းအမျိုးသားတပ်မတော် CNA က ဖမ်းဆီးခဲ့သည့် ယောကာကွယ်ရေးတပ်- YDF မှ ရဲဘော် ၂ ဦး ယနေ့တွင် ပြန် လည်လွတ်မြောက်ခဲ့သည်ဟု ယင်းနှစ်ဖွဲ့လုံးက အတည်ပြုပြောဆိုသည်။
ချင်းအမျိုးသားတပ်ဦး/ ချင်းအမျိုးသားတပ်မတော် (CNF/ CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ” သူတို့ လူကြီးနဲ့တွေ့ပြီ ပြန်လွှတ်ပေးကြပြီထင်တယ် ” ဟုဆိုသည်။
YDF မှ ရဲဘော် ၂ ဦးအားဖမ်းဆီးခဲ့သည့်အကြောင်းရင်းနှင့်ပတ်သက်၍ ဆလိုင်းထက်နီအား မေးမြန်းခဲ့သော်လည်း ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။
ပြီးခဲ့သည့် ဇူလိုင်လ ၇ ရက်တွင် YDF က ထောက်ပို့မှူး ကိုအုပ်သိန်းနှင့် ရဲဘော် ကိုအောင်သက်ခိုင်တို့သည် ဂန့်ဂေါမြို့ နယ်၊ ရောင်နက်ကျေးရွာ အနီးတဝိုက်သို့ တာဝန်ကိစ္စတစ်ခုဖြင့် သွားရောက်နေစဉ် CNA တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးထိန်း သိမ်းခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။
ယနေ့တွင် ရဲဘော်နှစ်ဦးပြန်လည်လွတ်မြောက်လာခြင်းမှာ ဟုတ်မှန်သည်ဟု YDF က တာဝန်ရှိသူတစ်ဦးက သံလွင် ခက်သတင်းဌာနကို အတည်ပြုပြောဆိုသည်။
၄င်းက ” ဒီနေ့တော့ လွတ်လိုက်ပြီပြောပါတယ် ရဲဘော်တွေနဲ့ အဆက်သွယ်ရပါပြီဗျ။ ဖြစ်စဉ်အသေးစိတ်ကိုတော့ မသိ ရသေးဘူး ရဲဘော်တွေပြန်ရောက်ပြီးမှ သိရမယ်ဗျ ” ဟုဆိုသည်။
YDF သည် ယောဒေသတစ်ဝိုက်တွင် စစ်ရေးလှုပ်ရှားနေသည့် တော်လှန်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။
ပုံစာ – ယောကာကွယ်ရေးတပ် YDF တပ်ဖွဲ့ဝင်များ (ပုံ – အဟောင်း)။ ဓာတ်ပုံ – YDF