Browsing: တိုက်ပွဲသတင်း

Loading

သံလွင်ခက် ဩဂုတ် ၃ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိးမြို့ရှိ စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းသည် ယနေ့မနက်ပိုင်းတွင် ကိုးကန့်တပ်- MNDAA လက်ထဲသို့ကျရောက်ခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက အတည်ပြုပြောဆိုသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၃ ရက်ကစပြီး MNDAA ဦးဆောင်သည့် ပူးပေါင်းတပ်က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တပ်စခန်းကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တစ်လအကြာ၌ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။…

Read More

Loading

ယမင်းဖူးပွင့်အောင် ဇူလိုင် ၃၁၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့သို့ အင်အားဖြည့်တင်းလာသည့် စစ်ကောင်စီတပ်ကို မြန်မာအမျိုးသားဒီမိုကရက် တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် ပူးပေါင်းတပ်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ယာဉ် ၆ စီး ပျက်စီးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော်သေဆုံးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ယမန်နေ့ ဇူလိုင်လ ၃၀…

Read More

Loading

ထွယ် ဇူလိုင် ၃၁၊ ၂၀၂၄ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်တွင် တစ်ခုတည်းကျန်ရှိသည့် စစ်ကောင်စီ၏ခြေမြန်တပ်ရင်း ခ.မ.ရ – ၄၃၇ တပ်ရင်းကို ကချင်လွတ်မြောက်ရေးတပ်မတော်- KIA နှင့် ပူးပေါင်းတပ်က တိုက်ခိုက်နေသည်ဟု KIA ထံက သိရသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်မှစတင်ပြီး စစ်ကောင်စီတပ်အနေဖြင့် ၎င်းတို့တပ်စခန်း လက်မလွတ်ရရေးအတွက် မိုးမောက်မြို့နယ်ကို…

Read More

Loading

သံလွင်ခက်။ ဇူလိုင် ၂၇ ၊ ၂၀၂၄။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုများကြောင့် သရက် ခေါင်းရွာနှင့် သပြေသာရွာက ‌ဒေသခံ ၃ ဦး သေဆုံးခဲ့ပြီး ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကျွန်းလှ- ကန့်ဘလူတက် ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) က ထုတ်ပြန်ထားသည်။ ပြီးခဲ့သည့်…

Read More

Loading

(တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့မှ ပထမဆုံး သိမ်းပိုက်နိုင်သည့် တိုင်းစစ်ဌာနချုပ်ဖြစ်လာ) ယမင်းဖူးပွင့်အောင် ဇူလိုင် ၂၅၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ရှိ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA က သိမ်းပိုက်လိုက်ပြီဖြစ်သည်ဟု ထုတ်ပြန်လိုက်သည်။ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းတွင် လားရှိုးမြို့ကို ၂၃ ရက်ကြာ တိုက်ပွဲများဖြစ်ပွားပြီးနောက် MNDAA တပ်မတော်မှ လားရှိုးမြို့ရှိ…

Read More

Loading

သံလွင်ခက် ဇူလိုင် ၂၄၊ ၂၀၂၄။ ရှမ်းမြောက် ကျောက်မဲမြို့နယ်နှင့် မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တို့တွင် သုံးရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅၄ ဦးသေဆုံးခဲ့ကာ စစ်သုံ့ပန်း (၄၀) ဦးကိုဖမ်းဆီးခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သည်ဟု TNLA က ယမန့်နေ့တွင် ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်မှ ၂၂ ရက်အတွင်း…

Read More

Loading

သံလွင်ခက် ဇူလိုင် ၂၃၊ ၂၀၂၄ မန္တလေးတိုင်း၊ မိုးကုတ်မြို့ အရှေ့ပိုင်း၊ ပန်မထိပ်ရွာအနီးရှိ အကျဥ်းထောင်မှ စစ်ကောင်စီတပ်စခန်းအား တအာန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်နှင့် မိုးကုတ်ဗျူဟာ-PDF ပူးပေါင်းတပ်ဖွဲ့တို့မှ သိမ်းပိုက်ရရှိခဲ့သည်ဟု PSLF/ TNLA က ယနေ့ထုတ်ပြန်သည်။ အကျဥ်းထောင်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ လောင်းနှင့် လက်နက်ငယ် ၅…

Read More

Loading

ယမင်းဖူးပွင့်အောင် ဇူလိုင် ၂၂၊ ၂၀၂၄   ရှမ်းပြည်နယ်မြောက်ပိုင်း၊ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ လားရှိုးမြို့တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်- MNDAA နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်လျက်ရှိသည်ဟု ဒေသခံများထံက သိရသည်။   တရုတ်၏ ချက်ချင်းအပစ်အခတ်ရပ်စဲရေးနှင့် စစ်ပွဲများရပ်တန့်ရေးတောင်းဆိုချက်အရ အခုလ ဇူလိုင် ၁၉ ရက်နေ့မှ ဇူလိုင် ၃၁ ရက်အထိ…

Read More

Loading

စကားမောင် ဇူလိုင် ၂၂၊ ၂၀၂၄ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို ဆက်လက်သိမ်းပိုက်ထားဆဲဖြစ်သည်ဟု ပြည်သူ့ ကာကွယ်ရေးတပ်မတော်- မန္တလေးထံမှ သိရသည်။ ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်တွင် မန်း- PDF မှ စဥ့်ကူးမြို့ကို အပြီးသတ်သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်းများနှင့် လက်နက်ခဲယမ်းများကို သိမ်းဆည်းရမိခဲ့ကာ စစ်တပ်ကင်းစင်သည့်မြို့ဖြစ်သည်ဟု ဇူလိုင်လ…

Read More

Loading

စကားမောင် ဇူလိုင် ၂၀၊ ၂၀၂၄ မန္တလေးတိုင်း၊ စဥ့်ကူးမြို့နယ်ရှိ စစ်ကောင်စီစခန်းများအားလုံးကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်- မန္တလေးမှ ယနေ့နေ့လည်တွင် ထုတ်ပြန်ခဲ့သည်။ စဥ့်ကူးမြို့နယ်သည် မန်းပြည်သူ့ကာကွယ်ရေးတပ်မတော်မှ မန္တလေးတိုင်းအတွင်း ယခုလ ၁၇ ရက်တွင် ပထမဆုံးသိမ်းယူနိုင်ခဲ့သော မြို့ဖြစ်ပြီး စစ်ကောင်စီကင်းစင်သည့် မြို့နယ်တစ်ခုဖြစ်လာခဲ့သည်။ ယင်းမြို့သိမ်းစစ်ဆင်ရေးများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ကာ…

Read More