နန်းဆုပန်ခန့်
စက်တင်ဘာ ၂၉၊ ၂၀၂၄။
ကရင်ပြည်နယ်၊ မြဝတီ- ကော့ကရိတ် အာရှလမ်းမအကြားတွင် အောင်ဇေယျစစ်ကြောင်းနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်ဖွဲဖြစ်သည့် ကော်ဘရာစစ်ကြောင်း ၁ တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားများထံမှ သေနတ် ၁ လက် အပါအဝင် စစ်သုံးပစ္စည်းများ သိမ်းဆည်းရရှိခဲ့သည်ဟု မြေပြင်ရဲဘော်များထံမှ သိရသည်။
ယမန်နေ့ စက်တင်ဘာ ၂၈ ရက် နံနက်အစောပိုင်းမှစပြီး ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်သားများအကြား ထိတွေ့တိုက်ပွဲအပြီး နယ်မြေရှင်းလင်းနေစဉ် MA – 2 သေနတ်အပါအဝင် ကျည်ဘောက် ၁၀ ဘောက်၊ အီကွေးမန့်တစ်စုံ၊ ဦးထုတ် ၁ လုံး၊ အီနာဂါ ၉ လုံး၊ ဦးထုပ် ၂ လုံး၊ လက်ပစ်ဗုံး ၃ လုံး၊ နင်းမိုင်း ၂ လုံး၊ မောင်းတုံး ၁ ခု၊ MA – 2 နောက်ဖုံးတစ်ခုနှင့် ကျည်ဆံတချို့ကို သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။
“ မနေ့က နယ်မြေရှင်းလင်းတုန်းကနဲ့ ဒီနေ့က ခဲယမ်းနှင့် အခြားအသုံးအဆောင်စစ်သုံးပစ္စည်းတွေရတယ်” ဟု ကော်ဘရာစစ်ကြောင်း ၁၊ တပ်ခွဲ ၄၊ ဒုခွဲမှူးက ပြောသည်။
ထိတွေ့တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်ကျဆုံးမှုရှိသော်လည်း အတိအကျပြောဆို၍မရသေးဟု ၎င်းက ဆက်ပြောသည်။
အောင်ဇေယျစစ်ကြောင်းစစ်ဆင်ရေးမှ စစ်ကောင်စီစစ်သားများသည် လက်နက်ကြီးများ၊ မစ်ဇိုင်းဒုန်းကျည်များဖြင့် နေ့စဉ်ပစ်ခတ်လျက်ရှိသည်ဟု သိရသည်။
အောင်ဇေယျစစ်ကြောင်းသည် ပြီးခဲ့သည့် ဧပြီလလယ်မှစပြီး မြဝတီမြို့သို့ စတင်ထိုးစစ်ဆင်ခဲ့သော်လည်း ပူးပေါင်းတပ်ဖွဲ့များ၏ ကြားဖြတ်တိုက်ခိုက်မှု၊ ခုခံကာကွယ်မှုများကြောင့် ၎င်းတို့ဦးတည်ရာမြဝတီမြို့သို့ မရောက်သေးပဲ ဆက်လက်ထို
ပုံစာ – ကော်ဘရာစစ်ကြောင်း ၁၊ တပ်ခွဲ ၄ ရဲဘော်များ အောင်ဇေယျစစ်သားများထံမှ ၂ ရက်အတွင်း သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်းနှင့် အသုံးအဆောင်ပစ္စည်းများ။ ဓါတ်ပုံ – ပေးပို့။