စကားမောင် စက်တင်ဘာ ၂၁၊ ၂၀၂၄။ ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင် မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) မှ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်လူထုစကားဝိုင်းအစီအစဥ်ကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။ ထိုပွဲတွင် ပဋိပက္ခကြောင့် ထိခိုက်ခံစားခဲ့ရသူများ၏အသံများကို ကျယ်ကျယ်ပြန့်ပြန့် ဖော်ထုတ်ရန်ရည်ရွယ်၍ ရိုက်ကူး ထားသော ရုပ်သံဇာတ်လမ်းတိုများမိတ်ဆက်ခြင်း၊ ပဋိပက္ခနှင့် ဆက်နွယ်သောလိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၏ အကျိုးသက်ရောက်မှုများကို ဆွေးနွေးခြင်း…