နန်းဆုပန်ခန့်
အောက်တိုဘာ ၂၆၊၂၀၂၂။
စစ်ကိုင်းတိုင်း ၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ နှင့် မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရုံးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ က ယမန်နေ့ နေ့လည်(၃)နာရီခန့်က ရဟတ်ယာဉ်(၅)စီးနှင့် ဝင်ရောက်စီးနင်းခဲ့သည်။
စီးနင်းခံရမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ပျုစောထီးအဖွဲ့ဝင်များနှင့် ရာဇဝတ်မှုကျုးလွန်ထားသည့် အချုပ်သား၃၀ ခန့်လွတ်မြောက်သွားသည်ဟု ယနေ့တွင် ထုတ်ပြန်ခဲ့သည်။
ပုလဲ ပြည်သူ့အုပ်ချုပ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “ကျန်တော်တို့ဘက်ကတော့ အတတ်နိုင်ဆုံးတရားခံတွေအားလုံးကို ကယ်ထုတ်ပေးခဲ့ပါတယ်။ သုံးဘီးနဲ့ အတတ်နိုင်ဆုံး ထွက်ပြေးလွတ် မြောက်အောင် ကယ်ထုတ်ပေးခဲ့ပေမယ့် အဖမ်းခံလိုက်ရတယ်”ဟု ပြောသည်။
သို့သော်လည်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဖမ်းဆီးခံရခြင်းမရှိဟု ထုတ်ပြန်ချက်ကဆိုသည်။PDFတပ်ဖွဲ့ဝင်များဖမ်းဆီးထားသည့် အရာရှိဇနီးတစ်ဦး အပါအဝင် အမျိုးသမီးနှင့် ကလေး(၂၆)ဦးကို ပုလဲမြို့နယ်၊ ဖလံပင်ကျေးရွာ PDFစခန်းက ကယ်ထုတ်နိုင်ခဲ့သည်ဟု စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း ထုတ်ပြန်သည်။
စစ်ကောင်စီက ကယ်ထုတ်နိုင်ခဲ့သည်ဟုဆိုသူများသည် ပျူစောထီးနှင့် ဒေသအတွင်း ပြစ်မှူ ကျူးလွန်ထားသူများသာ ဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။
၎င်းက “တရားခံတွေက မုဒိမ်းမှု၊ ခိုးမှု၊ ပျူစောထီးတွေနဲ့ နောက်ဒလန်အဖြစ်နဲ့ ထိန်းသိမ်းခံထားရသူတွေပါ”ဟု ပြောသည်။
စုပေါင်းရုံးဝင်ရောက်စီးနင်း ခံရမှုကြောင့် ရုံးပစ္စည်းများအပါအဝင် အခြားအသုံးဆောင် ပစ္စည်း ငွေကျပ် သိန်း ၂၀၀ ခန့် ဆုံးရှုံးခဲ့ရသည်ဟု ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက စုပေါင်းရုံးကိုဝင်စီးပြီး အနီးတစ်ဝိုက် စစ်ကြောင်းထိုးနေသည့်အတွက် အောင်ချမ်းသာ၊ သဲပြင်ကျယ်ရွာ အပါဝင် ရွာပေါင်း ခုနစ်ရွာခန့်မှ ဒေသခံ ၁၀၀၀ ခန့်လည်း ထွက်ပြေး တိမ်းရှောင်နေရသည်။
Photo-ပုလဲပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ။