ဧပြီ ၁၉ ၊ ၂၀၂၃ ။
ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် အပူရှိန်ကြောင့်သွေးတိုးပြီး ထိုင်းနိုင်ငံတွင်ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရသည်ဟု ၎င်းနှင့်နီးစပ်သူများက သံလွင်ခက်ကိုပြောသည်။
အသက် ၉၀ အရွယ်ရှိ KNU ဥက္ကဋ္ဌသည် နေအိမ်တွင်ရှိနေစဥ် ရာသီဥတုအပူရှိန်ကြောင့် သွေးတိုး (၁၆၀-၈၀) ဖြစ်လာပြီး မူးဝေအေါ့အန်လာသဖြင့် ယမန်နေ့ဧပြီလ ၁၈ ရက် ည၇နာရီတွင် ထိုင်းနိုင်ငံရှိဆေးရုံတစ်ရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူနေခဲ့ရသည်ဟု KNUနှင့်နီးစပ်သည့် သံလွင်ခက်၏သတင်းအရင်းအမြစ်တစ်ဦးကပြောသည်။
” အသက်က ၉၀ ရှိနေပြီဆိုတော့ လူကြီးရောဂါလို့ပဲပြောရမယ်။ စိုးရိမ်စရာ မရှိပါဘူး “ဟု ၎င်းက ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် သံလွင်ခက်ကိုပြောသည်။
ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုးသည် ယခု ဧပြီလအတွင်း၌ အသက်၉၀ ပြည့်ခဲ့ပြီးဖြစ်သည်ဟု ၎င်းကဆက်လက်ပြောကြားသည်။
ဓာတ်ပုံ-Aung Thu
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3635
Website ->https://eng.thanlwinkhet.net