ယမင်းဖူးပွင့်အောင်
ဧပြီ ၂၁၊ ၂၀၂၃။
မကွေးတိုင်း၊ ရေစကြိုမြို့နယ်က စစ်ကောင်စီတပ်စခန်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
ရေစကြိုမြို့၊အမှတ်(၄)၊ဖောင်တော်ဦးရပ်ကွက်တွင် တပ်စွဲထားသော စစ်ကောင်စီ ငြိမ်းဇာနည်တပ်စခန်းကိုယမန်နေ့ နံနက် (၄)နာရီခွဲအချိန်တွင် Myingyan Black Tiger (MBT)နှင့် မဟာမိတ်အဖွဲ့များမှ သွားရောက်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
စခန်းသိမ်းနိုင်တော့မည့် အနေအထားကိုရောက်ရှိခဲ့သော်လည်း ခဲယမ်း၊ ကျည်၊ လက်နက်အင်အားမလုံလောက်သည့်အတွက် ပြန်လည်ဆုတ်ခွာခဲ့ရပြီး အသက် ၂၄ နှစ်အရွယ် တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့သည်ဟု Myingyan Black Tiger (MBT)အဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက သံလွင်ခက်ကိုပြောသည်။
“သိမ်းနိုင်တော့မယ် အခြေအနေမှာ ကျွန်တော်တို့ရှေ့တက်ခဲ့တယ်။ သူတို့နဲ့ဝါးတစ်ပြန်လောက်အကွာမှာ ပြန်ဆုပ်ခဲ့ရတာပါ ။ ရဲဘော်စောလေးကတော့ကျည်ခွံပြန်နှုတ်ပြီး နောက်တစ်ချက်ထပ်ပစ်ဖို့ ကျည်ထည့်တုန်း ကျသွားတာပါ” ဟုပြောသည်။
ရဲဘော်စောလေး၏ ရုပ်အလောင်းကို ယမန်နေ့ ညနေ ငါးနာရီခန့်က အမိန့်ပြန်တမ်းထုတ်ကာ မီးသင်္ဂြိုဟ်ခြင်းအခမ်းအနားကို ဆောင်ရွက်ခဲ့သည်ဟု ဗိုလ်မိုက်ခဲက ဆက်ပြောသည်။
ရေစကြိုမြို့ပေါ် ရုံးပေါင်းစုံတပ်စခန်းမှ ငြိမ်းဇာနည်တပ်စခန်းသို့ စစ်ကူလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း Myingyan Black Tiger (MBT) အမှတ် (၂)စစ်ဆင်ရေးတပ်စခန်းမှ ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးသေဆုံးပြီး ၁၁ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောသည်။
ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့ကလည်း ငြိမ်းဇာနည်တပ်စခန်းကို ( Myingyan Black Tiger (MBT) အဖွဲ့မှသွားရောက်တိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။
ပုံစာ–ငြိမ်းဇာနည်တပ်စခန်းတိုက်ပွဲတွင် ကျဆုံးခဲ့သည် ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး၏ ဈာပနမြင်ကွင်း။
Photo-Cj
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3705
Website ->https://eng.thanlwinkhet.net