သံလွင်ခက်
ဧပြီ ၂၈ ၊ ၂၀၂၃ ။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထု အမြှောက်တပ်နှင့်လေတပ်ကိုတိုက်ခိုက်ခဲ့ဟု NUG ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့တွင် ထုတ်ပြန်သည်။
ဧပြီလ၂၃ရက်၊ ညနေ(၄)နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ ကျောက်ထု အမြှောက်တပ်(၃၆၈)မှ ထွက်လာသော အင်အား (၁၃၀) ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၁၃) နှင့် CDF မင်းတပ်တို့ပူးပေါင်း တိုက်ခိုက်ခဲ့သည်။
အဆိုပါတိုက်ခိုက်မှုအတွင်း၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် CDF မင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်။
ထို့နောက် ည(၈:၀၆)နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်း အမှတ်(၈)က ကျောက်ထု အမြှောက်တပ်(၃၆၈)နှင့်ကျောက်ထုလေတပ်ကို Rocket များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်။
အလားတူ ဧပြီလ၂၄ရက်၊နေ့လည်(၁၂:၁၅)နာရီခန့်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပင်တောင်ကျေးရွာ (ပျူစောထီးရွာ)မှ နယ်မြေခံ ပျူစောထီးများက လုံခြုံရေး ကင်းယူလျက် ယောချောင်းအတွင်း ငါးဖမ်းနေသောစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ကာကွယ်ရေးတပ်များက ပူးပေါင်းတိုက်ခိုက်ခဲ့သည်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၁၈) – တပ်ခွဲ (၃) – နဂါးမျိုးအဖွဲ့၊ ပေါက်မြို့နယ် အခြေပြု ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များ နှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – မြိုင် ပကဖ တပ်ရင်း (၁) – တပ်ခွဲ(၅) – တပ်စိတ် (၂၊ ၄) တို့၏ပူးပေါင်း ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး (၁) ဦး ပြင်းထန်ဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ဧပြီလ၂၄ရက်၊နေ့လည်(၁:၃၅)နာရီခန့်တွင် သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများကို စစ်တပ်နှင့်ပင်တောင်ကျေးရွာ၊ သစ်ချိုကုန်းကျေးရွာ နှင့် ဝန်ခြုံးကျေးရွာများမှ နယ်မြေခံ ပျူစောထီးများက လာရောက်သယ်ဆောင်ခဲ့ကြပြီး သပြေအေးကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ် များကို မီးရှို့ဖျက်ဆီးခဲ့သည်ဟုNUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပုံစာ–ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၁၃)တပ်ဖွဲ့ဝင်များ။
*****************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/873
YouTube -> https://youtu.be/zxRTM_OZtf4
Website -> https://thanlwinkhet.com/?p=3931
Website ->https://eng.thanlwinkhet.net