သံလွင်ခက်။
မေ ၂၃ ၊ ၂၀၂၃။
စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်အတွင်းက တိုက်ပွဲဖြစ်ပွားရာနေရာကို စစ်ကောင်စီတပ်က လေယာဉ် ၂ စီးဖြင့်ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများထံက သိရသည်။
စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို လက်နက်ကြီးဖြင့် ပစ်ခတ်ပြီးနောက် ယနေ့ မေလ ၂၃ ရက် နံနက်၁၁ နာရီ ၂၀ မိနစ်အချိန်တွင် လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက ” တိုက်ပွဲဖြစ်ပွားတာက မနေ့က မနက်ပိုင်းကနေ ဒီနေ့မနက်ပိုင်းထိ ဒီနေ့မနက်ပိုင်းမှာတော့ တိုက်ပွဲဖြစ်တဲ့နေရာကို အင်းတော်စစ်တပ်ကုန်းက လက်နက်ကြီးပစ်ကူတယ် နောက်ပြီး ဂျက်ဖိုက်တာ ၂ စီးနဲ့ လာပစ်သွားတာ။ ကြဲတာက ၁၅ လုံးဆိုတော့ ၅ မိနစ်လောက်ကြာတယ် ” ဟုဆိုသည်။
လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကူရန် စောင့်ဆိုင်းနေသည့် အင်းတော် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတပ်ဖွဲ့ဝင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကာကွယ်ရေးတပ်ဖွဲ့ဝင်များထံက သိရသည်။
ယမန်နေ့ မေလ ၂၂ ရက် မနက်ပိုင်းကစပြီး အင်းတော်မြို့နယ်အတွင်းတွင် ကျောင်းသားတပ်မတော် ABSDF နှင့်စစ်ကောင်စီတပ်ကြား တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။
တိုက်ပွဲအတွင်း ကျောင်းသားတပ်မတော်မှ တပ်ဖွဲ့ ၂ ဦးလက်နက်ကြီးထိမှန်ထားကာ နှစ်ဖက်ထိခိုက်မှု အသေးစိတ်အခြေအနေများကို သံလွင်ခက်က ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။
***************
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1161
YouTube -> https://youtu.be/1zvy3BjIqAs
Website -> https://thanlwinkhet.com/?p=4505
Website ->https://eng.thanlwinkhet.net