သဇင်
မေလ ၃၁၊၂၀၂၃။
ကရင်ပြည်နယ် ၊ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်ခွဲတွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်မှုကြောင့် ဒေသခံတစ်ဦးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
ယမန်နေ့ မေလ ၃၀ရက်၊ နံနက် ၁၀နာရီခန့်တွင် ကျုံဒိုးမြို့အခြေစိုက်ခြေမြန်တပ်ရင်း(ခမရ ) ၅၄၅နှင့် (ခမရ) ၅၄၆မှ လက်နက်ကြီးငါးချက် ပစ်မှုကြောင့် ကမ်းနီရွာတွင် နေထိုင်သောအမျိုးသားတစ်ဦး ဦးခေါင်းထိမှန်သေဆုံးကာတစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“ကမ်းနီရွာက အသက်၃၇နှစ် အရွယ်ကို မင်းအေးဝင်း ဦးခေါင်းကိုထိပြီး သေဆုံးခဲ့တာပါ။ ”နောက်တစ်ယောက်ကတော့ ကျုံဒိုးမြို့ထဲကပါ။သူက ညောင်ရိပ်သာရွာကို လာတဲ့ချိန်မှာဝမ်းဗိုက်ကို လက်နက်ကြီးစထိမှန်ခဲ့တာပါ။“ဟု ၎င်းကပြောသည်။
လက်နက်ကြီးစထိမှန်သူကို ဘားအံဆေးရုံတွင်တင်ထားပြီး စိုးရိမ်ရသည့်အခြေအနေဖြစ်သည်ဟု ၎င်းကဆက်ပြောသည်။
မေလ ၃၀ရက်၊ နေ့လည်ပိုင်းတွင် ဂဠုန်စစ်ကြောင်း Fixed wing G3အဖွဲ့က ကျုံဒိုးရဲစခန်းကို Fixed Wing Drone ဖြင့်တိုက်ခဲ့ရာ ရဲတပ်ဖွဲ့ဝင် (၃)ဦးသေဆုံးခဲ့သည်။
ထို့ပြင် (ခမရ) ၅၄၅ကိုလည်း Fixed Wing Drone ဖြင့် ထပ်မံတိုက်ခိုက်ရာ ခရိုင်မှူးအပါဝင်စစ်ကောင်စီတပ်သား(၂)ဦးသေဆုံးခဲ့သည် ဟု GalonColumn-ဂဠုန်စစ်ကြောင်းက ယနေ့တွင်ထုတ်ပြန်ထားသည်။
ယင်းသို့ ဒရုန်းဖြင့် တိုက်ရသည့်အကြောင်းမှာ မေလ ၃၀ ရက် မနက်ပိုင်းတွင် ခမရ ၅၄၆ ဗျူဟာ နှင့် ခမရ ၅၄၅တို့မှ ၁၂၀မမဖြင့် ပစ်မှုကြောင့် ဒေသခံရွာသားတစ်ဦး သေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရခြင်းကြောင့် ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မေလ ၂၈ ရက်နေ့ကလည်း ကျုံဒိုးမြို့ အခြေစိုက် (ခမရ) ၅၄၆ တပ်ရင်းမှ ကေအဲန်ယူ – ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ် ကော့ကာကျေးရွာကို ၁၂၀ မမ နှင့် ၁၀၅ မမ များဖြင့် ပစ်ရာ ကော့ကာကျေးရွာဒေသခံ (၃) ဦး ဒဏ်ရာရကာ နေအိမ် (၆)လုံး ပျက်စီးခဲ့သည်။
ပုံစာ–ကမ်းနီရွာနှင့်ညောင်ရိပ်သာရွာကြား ကျရောက်ပေါက်ကွဲခဲ့သော လက်နက်ကြီးအပိုင်းအစမြင်ကွင်း။
Photo –ပေးပို့။
*******
အောက်ဖော်ပြပါလင့်တွေမှာ သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1274
YouTube -> https://youtu.be/Fuwj7S3m10U
Website -> https://thanlwinkhet.com/?p=4763
Website ->https://eng.thanlwinkhet.net