သံလွင်ခက်
ဩဂုတ် ၁၅ ၊ ၂၀၂၃။
ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ်လ ၄ ရက်နေ့က နမ့်ခမ်းမြို့မပြည်သူ့စစ်အဖွဲ့မှဖမ်းဆီးသွားသည်ဆိုသော မန်ကန်ရွာခံ ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံများထံမှ သိရသည်။
ဒေသခံအမျိုးသားတစ်ဦးက “ မိုင်းဆက်ရွာက တစ်ယောက်လည်းအဖမ်းခံရတယ်။ အဲဒီနေ့က တိုက်ပွဲဖြစ်နေတဲ့အချိန်မှာ သူတို့က ဆိုင်ကယ်စီးလာပြီး ဆိုင်ခေါင်မှာဝင်နားနေတဲ့အချိန် ပြည်သူ့စစ်က သူတို့ကို TNLA က ဆိုပြီးဖမ်းသွားတာ” ဟုပြောသည်။
၎င်းတို့အား ဝင်ရောက်ဖမ်းဆီးသွားသည့်အချိန်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့်စစ်ကောင်စီတပ်တို့ကြား စစ်ရေးတင်းမာနေချိန်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ဆိုသည်။
သေဆုံးသွားသည့် ၃ ဦး ထဲမှ အမျိုးသားတစ်ဦးမှာ ၂ ရက်ကြာ အစားအစာမကျွေးဘဲ ရိုက်နှက်စစ်ဆေးခံရမှုကြောင့် သေဆုံးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရမှုမှ ပြန်လည်လွတ်မြောက်လာသူထံက သိရသည်။
ပြည်သူ့စစ်များကဖမ်းဆီးစစ်ဆေးနေသည့် အခြားဒေသခံများလည်းရှိနေသေးသည်ဟု ၎င်းကဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက်နေ့တွင် မူဆယ် ၁၀၅ မိုင်၌အဖမ်းခံရသည့် တီးမားရွာမှ ခရစ်ယာန် အသင်းတော်တစ်ခု၏ အဖွဲ့ဝင်တစ်ဦး နှင့် အသက်(၂၇) နှစ်အရွယ်ရှိ ဒေသခံတစ်ဦးတို့မှာလည်း ပြည်သူ့စစ်၏ ဖမ်းဆီးခြင်းခံရပြီး မီးလောင်ဒဏ်ရာများဖြင့် နမ့်အွမ်ရွာ သစ်တောစပ်တွင် သေဆုံးခဲ့ရသည်။
ဇူလိုင်လမှစတင်ကာ မူဆယ်မြို့နယ်အတွင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများရှိနေပြီး ဒေသခံနေအိမ်များထိခိုက်ပျက်စီးမှုရှိသလို ဒေသခံများ သေဆုံးမှုလည်းရှိနေသည်။
Photo Crd –ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်ရှိ မန်ကန်ရွာမြင်ကွင်း။
******************************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/1782
YouTube- > https://youtu.be/Pbe2cix7VKg
Website -> https://thanlwinkhet.com/?p=5287
Website ->https://eng.thanlwinkhet.net