နမ့်ဖက်ကာစခန်းသိမ်း KIA တပ်ဖွဲ့ဝင်များကို
ဒေသခံပြည်သူများ ဂုဏ်ပြုကြိုဆို
************************
သံလွင်ခက်
ဇန်နဝါရီ ၂၉၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ဖတ်ကာမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ ၁၂၃ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် ကချင်လွတ်မြောက်ရေးတပ်မတော် – KIA တပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
အဆိုပါစခန်းသည် စစ်ကောင်စီတပ်၏ ခြေလျင်တပ်ရင်း ခလရ ၁၂၃ တပ်စခန်းဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်၊ ညနေ ၆ နာရီခန့်က သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်ကာ တိုက်ပွဲဖြစ်ပွားပြီး ၂၇ ရက်အကြာ၌ အပြီးတိုင်သိမ်းပိုက်လိုက်နိုင်ခြင်းဖြစ်သည်ဟု သိရသည်။
စစ်ကောင်စီ၏ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးသော်လည်း နမ့်ဖက်ကာမြို့၏ အုပ်ချုပ်ရေးယန္တရားနှင့်ပတ်သတ်ပြီး အတိအကျပြောဆိုနိုင်ခြင်းမရှိသေးဟု KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး ဦးနော်ဘူက သံလွင်ခက်ကို ပြောသည်။
“နမ့်ဖက်ကာတစ်မြို့လုံးရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သတ်ပြီး အပြည့်အစုံမသိရသေးပါဘူး။ စစ်ကောင်စီရဲ့တပ် စကစ ၁၇ ရဲ့ ခလရ ၁၂၃ တပ်ကိုတော့ အပြီးအပိုင်သိမ်းနိုင်ခဲ့ပြီ၊ ပြည်သူတွေရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ ပတ်သတ်ပြီးတော့မှ ဘာမှ မသိရသေးပါဘူး” ဟု ၎င်းကပြောသည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလကစပြီး ယနေ့ချိန်ထိ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ၏ တပ်စခန်း ၁၀ ခု နှင့် ပြည်သူ့စစ် တပ်စခန်းအချို့ကို ကချင်လွတ်မြောက်ရေးတပ် KIA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
*****************
အောက်ဖော်ပြပါလင့်များတွင် သတင်းမှန်များ လွတ်လပ်မြန်ဆန်စွာ ဖတ်ရှုနိုင်ပါပြီ။
Telegram – > https://t.me/newstlk/3185
YouTube – > https://youtu.be/cZ9bsHWX2EU
Website – > https://thanlwinkhet.net/?p=7351