စစ်ကောင်စီ၏ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပြည်သူတစ်ချို့နှင့် TNLA တပ်ဖွဲ့ဝင်တချို့သေဆုံး
**************
ယမင်းဖူးပွင့်အောင်
ဇွန် ၂၀၊ ၂၀၂၄။
ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိူမြို့နယ်ရှိ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်- TNLA တပ်စခန်းကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ TNLA တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ပြီး လေးဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇွန် ၁၉ ရက်နှင့် ၁၈ ရက်တို့တွင် TNLA တပ်စွဲထားသည့် နောင်ချိုမြို့နယ် ဆမ္မကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးငါးလုံးထက်မနည်းလာရောက်တိုက်ခိုက်ခြင်းကြောင့် TNLA တပ်သားများထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ဇွန် ၁၉ ရက်နေ့လည်ပိုင်းက မိုးကုတ်မြို့နယ် တောင်နီကျေးရွာ စစ်ကောင်စီတပ်က ဂျက်လေယာဉ်ဖြင့်လာ ရောက်ဗုံးကြဲတိုက်ခဲ့ရာ အသက် ၁၀ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးထိ ခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။
စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီချက်ကို အကြိမ်ကြိမ်ချိုးဖောက်ပြီး TNLA တည်ရှိရာသို့ နေ့စဉ် ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်သည့်အပြင် PSLF/TNLA ထိန်းချုပ်ရာမြို့သို့ ဆက်သွယ်ထားသည့် လမ်းကြောင်းများဖြတ်တောက်ခြင်း၊ ကုန်စည်စီးဆင်းမှု ကန့်သတ်ပိတ်ပင်ခြင်းပြုလုပ်လျက်ရှိသည်ဟုလည်း ထုတ်ပြန် ချက်အရ သိရသည်။
ဓာတ်ပုံ -TNLA
****
Telegram – > https://t.me/ThanLwinKhetNews/4826
YouTube -> https://youtu.be/64zTrEXeLCI
Website -> https://thanlwinkhet.com/?p=9234