၂ပတ်အတွင်း စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁၂ ဦးအပါ အရပ်သား ၇၆ ဦးသေဆုံး၊ ရာကျော် ထိခိုက်ဒဏ်ရာရ
***********
ယမင်းဖူးပွင့်အောင်
ဇွန် ၁၉၊ ၂၀၂၄။
ပြီးခဲ့သည့် နှစ်ပတ်တာကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၂၂ ကြိမ်ပြု လုပ်ခဲ့သောကြောင့် အရွယ်မရောက်သေးသည့် ကလေးငယ် ၁၂ ဦးအပါအဝင် အရပ်သားပြည်သူစုစုပေါင်း ၇၆ ဦး သေ ဆုံးခဲ့ပြီး ၁၆၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု Blood Money – “သွေးစွန်းငွေ ဖြတ်တောက်ရေး” အဖွဲ့က မနေ့ကထုတ် ပြန်ခဲ့သည်။
ယခုနှစ် ဇွန်လ ၁ ရက် မှ ၁၄ ရက်အထိ ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်၊ စစ် ကိုင်းတိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်းနှင့် မန္တလေးတိုင်းရှိ နေရာအချိူ့ကို စစ်ကောင်စီက လေကြောင်းအသုံးပြု ဗုံး ကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွေ ဖော်ပြထားသည်။
လေကြောင်းတိုက်ခိုက်မှုအများဆုံးခံခဲ့ရသည့် စစ်ကိုင်းတိုင်းတွင် ၈ကြိမ် နှင့် ရခိုင်ပြည်တွင် ၅ ကြိမ်ခန့် ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၃ ရက်မှ ၆ ရက်အတွင်း စစ်ကောင်စီက စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် လေကြောင်းတိုက်ခိုက် မှုများ ဆက်တိုက်ပြုလုပ်ခဲ့သောကြောင့် ထောင်နှင့်ချီသောဒေသခံပြည်သူများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရသည်ဟု ထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါ လေကြောင်းတိုက်ခိုက်မှုများအတွင်း နေအိမ်၊ ကျေးရွာများ၊ ဆေးရုံနှင့် အရပ်သား ရာချီ စုဝေးနေသော မင်္ဂလာ ဆောင်စသည့် အရပ်သားများကို ပစ်မှတ်ထားပြီး ဆေးရုံနှင့် ဆေးခန်းအဆောက်အအုံ နှစ်ခု၊ ဘာသာရေးအဆောက် အအုံ သုံးခုနှင့် ကလေးငယ်များစာသင်ကြားနေသော စာသင်ကျောင်းတစ်ခုတို့အပြင် လူနေအိမ်ပေါင်းမြောက်များစွာ ပျက်စီးဆုံးရှုံးခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီက လေကြောင်းဖြင့်တိုက်ခိုက်ခဲ့သည့် မတောရွာ မင်္ဂလာပွဲမြင်ကွင်း