• ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
Facebook Twitter Instagram
Trending
  • အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး
  • ဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး
  • အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?
  • မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်
  • စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?
  • မြန်မာ့မြေပေါ်က တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ
  • KNU ၏ တပ်စခန်းဌာနချုပ်ဟောင်းကို ပြန်လည်တိုက်ခိုက် သိမ်းပိုက်ရရှိ
  • စစ်ကောင်စီက အဆိပ်ငွေ့ဗုံးအသုံးပြုသည့် သက်သေထွက်ပေါ်
Facebook YouTube SoundCloud Twitter Instagram
သံလွင်ခက်
  • ပင်မစာမျက်နှာ
  • နိုင်ငံတကာသတင်း
  • ဆောင်းပါး
    • သတင်းဆောင်းပါး
    • ဘာသာပြန်ဆောင်းပါး
  • ပြည်တွင်းသတင်း
    • နေ့စဉ်သတင်း
    • တိုက်ပွဲသတင်း
    • မုန်တိုင်းသတင်း
    • အင်တာဗျူး
  • အားကစား
  • ရေဒီယို
  • စီးပွားရေးသတင်း
သံလွင်ခက်
You are at:Home»ဆောင်းပါး»စစ်ပွဲနှစ်ခုကြားပိတ်မိနေတဲ့ နယ်စပ်ဒုက္ခသည်များ
ဆောင်းပါး

စစ်ပွဲနှစ်ခုကြားပိတ်မိနေတဲ့ နယ်စပ်ဒုက္ခသည်များ

thanlwinkhetBy thanlwinkhetJuly 31, 2024No Comments3 Mins Read
Facebook Twitter Pinterest LinkedIn Tumblr Email
Share
Facebook Twitter LinkedIn Pinterest Email

Loading

ဘုန်းမောင်

ဇူလိုင် ၃၁၊ ၂၀၂၄

အိန္ဒိယနယ်စပ်၏ ကီလိုမီတာအနည်းငယ်အကွာ မြန်မာဘက်ခြမ်းတွင် မီဇိုကျေးရွာတည်ရှိသည်။ ဇိုမာဝီသည် အဆိုပါ မီဇိုကျေးရွာသူဖြစ်သည်။ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းဒီဇင်ဘာလမှာတော့ သူမနေထိုင်ရာ မီဇိုကျေးရွာ မီးရှို့ခံခဲ့ရဖြင့် အိန္ဒိယ – မြန်မာနယ်စပ်ရှိ မြန်မာဒုက္ခသည်များ နေထိုင်ရာဆီထွက်ပြေးလာခဲ့သည်။ အဆိုပါနေရာလေးသည် ပြည်တွင်းစစ်မီး တဟုန်းဟုန်းတောက်လောင်နေသော မြန်မာဒုက္ခသည်များ စုပြုံနေထိုင်ကြရာ နေရာလေးတစ်နေရာလည်းဖြစ်သည်။

သူမသည် စားဝတ်နေရေးကိစ္စဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယသို့သွားရာလမ်းဘေးတစ်နေရာတွင် ခနော်ခနဲ့ အိမ်ဆိုင် လေးတစ်ဆိုင်ဖွင့်ထားသည်။ ထိုဆိုင်ကနေ လှမ်းကြည့်လိုက်ရုံဖြင့်ပင် နယ်စပ်ခြံစည်းရိုးခတ်ရန် အိန္ဒိယအစိုးရကတူး ဖော်နေသောမြောင်းများကို မြင်ရနိုင်သည်။ နယ်စပ်တလျှောက်တူးဖော်နေသော မြောင်းများသည် နှစ်နိုင်ငံကြားတင်း မာနေသောအခြေအနေများကို ဖော်ပြနေခြင်းဖြစ်သလို စစ်ပွဲနှစ်ခုကြားမြန်မာဒုက္ခသည်များမည်ကဲ့သို့ ပိတ်မိနေ ကြောင်း သတိပေးချက်လည်းဖြစ်သည်။

မြန်မာပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားသော အရပ်သားအစိုးရကို မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ်တွင် ဖြုတ်ချပြီးနောက်ပိုင်း မြန်မာစစ်တပ်၏ကြမ်းကြုတ်မှုများအပေါ် ခုခံတွန်းလှန်စစ်များပြင်းထန်လာခဲ့သည်။ ဒီမိုကရက် တစ်အင်အားစုများ၏အမာခံကျေးရွာများကို  မြန်မာစစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်လေ့ရှိသည်။ ကပ်ကြီး ၃ ပါး ဆိုက်နေသော မြန်မာနိုင်ငံ၏အခြေအနေများ ပိုပြီးဆိုးရွားလာအောင် စစ်မှုထမ်းဥပဒေကို မြန်မာစစ်တပ်ကပြဋ္ဌာန်း လိုက်သည်။

မြန်မာနိုင်ငံဘက်ခြမ်းတွင် စစ်ပွဲကြီးများဆင်နွှဲနေချိန်မှာပဲ အိန္ဒိယအရှေ့မြောက်ပိုင်းပြည်နယ်ဖြစ်သော မဏိပူရ်တွင် လည်း ၂၀၂၃ ခုနှစ် မေလကတည်းကစ၍ ကသည်း (Meitei) နှင့် ကူကီးများကြား လူမျိုးရေးအဓိကရုဏ်းများ စတင်နေ ခဲ့သည်။ နှစ်ဖက်တင်းမာမှုများမြင့်တက်လာသောကြောင့် လက်ရှိအချိန်မှာတော့ ကြားခံဇုန်တစ်ခုဖြင့် အုပ်စု ၂ ခုအား ပိုင်းခြားထားပြီး အိန္ဒိယစစ်တပ်ကလုံခြုံရေးယူထားပေးရသည်။

အဆိုပါကိစ္စများနှင့်ပတ်သက်ပြီး သတင်းမှား၊ သုံးသပ်ချက်အမှားများထုတ်လွှင့်မှုများကလည်း လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာအကြပ်အတည်းကို ပိုမိုကြီးမားအောင်ဖန်တီးပေးခဲ့ပြန်သည်။ ယခုတော့လည်း လူအများစု အတွက် သွားစရာမြေမရှိတော့ပေ။

ပြီးခဲ့သော ဇန်နဝါရီလနှောင်းပိုင်းမှာတော့ ပိုပြီးဇာတ်ရှုပ်စရာဖြစ်ရပ်တစ်ခုပေါ်ပေါက်လာခဲ့ပြန်သည်။ ယင်းမှာ နယ်စပ် ကနေကီလိုမီတာ ၁၁၀ ဝေးသော မြို့တော်အင်ဖာတွင် Arambai Tenggol ဟုခေါ်ဆိုသော ကသည်း (Meitei) များ၏ ပြည်သူ့စစ်အဖွဲ့ပေါ်ပေါ်က်လာခြင်းဖြစ်သည်။ ဇန်နဝါရီ ၂၄ ရက်တွင် ပြောက်ကျားစစ်ဝတ်စုံနှင့် ခေတ်မီလက်နက်တပ် ဆင်ထားသော ပြည်သူ့စစ်အများအပြား လူမြင်ကွင်းရှေ့ရောက်လာခဲ့သည်။ ၎င်းတို့က မဏိပူရ်ပြည်နယ်ဝန်ကြီးချုပ် အန်ဘီရမ်းဆင်းကို တောင်းဆိုခဲ့သောကြောင့် အိန္ဒိယ၊ ဝန်ကြီးချုပ်မိုဒီက နယ်စပ်တွင် ခြံစည်းရိုးခတ်ရန် သဘောတူခဲ့ရ သည်။

မဏိပူရ်မြို့တော် အင်ဖာသည် ကသည်းပြည်သူ့စစ်များ၏ အမာခံနယ်မြေဖြစ်လာခဲ့သည်။ ၎င်းတို့သည် ပြည်နယ်ဝန် ကြီးချုပ်၊ BJP လွှတ်တော်အမတ် Leishemba Sanajaoba နှင့် အင်ဖာမြို့ရှိအရာရှိကြီး အပါအဝင် BJP ခေါင်း ဆောင်ပိုင်းများနှင့်လည်း အဆက်အသွယ်ရှိကြသည်။

ယခင်ကဆိုလျှင် အိန္ဒိယ – မြန်မာနယ်စပ်တစ်ဖက်တစ်ချက် ၁၆ ကီလိုမီတာတွင်နေထိုင်သူများသည် ဗီဇာမလိုဘဲ လွတ် လပ်စွာရွှေ့ပြောင်းသွားလာခွင့်ရှိခဲ့သည်။ သို့သော် ကသည်းပြည်သူ့စစ်များ၏ရာဇသံကြောင့် အိန္ဒိယပြည်ထဲရေးဝန်ကြီး Amit Shah က ဗီဇာမပါဘဲ လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့်ကို အဆုံးသတ်ကြောင်း ထုတ်ပြန်ခဲ့သည်။ Shah ၏ ထုတ်ပြန်ချက်တွင်လည်း အိန္ဒိယပြည်တွင်းလုံခြုံရေး သေချာစေရန်နှင့် မြန်မာနှင့်ထိစပ်နေသော အိန္ဒိယအရှေ့မြောက် ပြည်နယ်များ၏ လူဦးရေစာရင်း ထိန်းသိမ်းရန် ယခုကဲ့သို့ဆုံးဖြတ်ချက်ချမှတ်ရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

မြန်မာနှင့်နယ်နိမိတ်ချင်းထိစပ်နေသော ပြည်နယ် ၄ ပြည်နယ်၏ ၁,၆၄၃ ကီလိုမီတာတလျှောက်ကို အိန္ဒိယက ခြံစည်း ရိုးခတ်သွားမည်ဖြစ်သည်။ ဧပြီနှင့် မေလအတွင်း အိန္ဒိယနိုင်ငံ၌ အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်သောကြောင့် အိန္ဒိယအစိုးရ၏ခြံစည်းရိုးခတ်မည့်လုပ်ရပ်ကလည်း မဲဆွယ်ခြင်းလောက်သာဖြစ်သည်ဟု အချို့ကလည်း ယူဆထား ကြသည်။

ကူကီးများသည် မြန်မာနိုင်ငံရှိ ကူကီး – ဇို – ချင်း ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူများထံက ထောက်ခံမှုရယူရန် ကြိုးစားနေကြသည်ဟု ကသည်း (Meitei) ခေါင်းဆောင်များက စွပ်စွဲထားသည်။ ထိုနည်းတူပင် ကသည်း (Meitei) စစ် သွေးကြွများသည် မြန်မာစစ်အာဏာရှင်များအရိပ် ခိုလှုံနေကြသူများဖြစ်သည်ဟု ကူကီးများကစွပ်စွဲထားသည်။

နှစ်ဖက်ပဋိပက္ခများက နိုင်ငံရေးအကြပ်အတည်းများကို ဖြစ်ပေါ်စေခဲ့ပါသည်။ နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသူ များကို ပစ်မိန့်ပေးရန်ခွင့်ပြုသင့်ကြောင်း BJP လွှတ်တော်အမတ်ဖြစ်သူ Lourembam Rameshwor Meetei က ပြီးခဲ့ သော မတ်လအစောပိုင်းကကျင်းပခဲ့သည့် မဏိပူရ်လူထုအစည်းအဝေးတွင် ပြောကြားခဲ့သည်။ အဆိုပါနည်းလမ်းက သာ အိန္ဒိယနိုင်ငံတွင်းဝင်ရောက်လာနေမှုကို ဟန့်တားနိုင်လိမ့်မည် ဟုလည်း ၎င်းကဆိုသည်။

ကသည်း (Meitei) အချို့ကလည်း မြန်မာနိုင်ငံကဒုက္ခသည်များသည် မဏိပူရ်ပြည်နယ်ကို အများအပြား ရောက်ရှိလာ ခဲ့ကြသည့်အတွက် လူဦးရေအချိုးအစား အပြောင်းအလဲဖြစ်ကုန်သည်ဟုဆိုသည်။ ယင်းက Shah ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ချက်ကို ပြန်လည်ရည်ညွှန်းခြင်းပင်ဖြစ်၏။

ပြီးခဲ့သော ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ လတည်းတွင်ပင် မဏိပူရ်ရဲတပ်ဖွဲ့က ကူကီးအမျိုးသား ၅၀ ကျော်ကို ဖမ်းဆီးချုပ် နှောင်ခဲ့သည်။ ထို့ကြောင့်လည်း ပြန်လည်လွတ်မြောက်လာကြမည့် အိမ်ထောင်ဦးစီးများအား ၎င်းတို့၏ အိမ်ထောင် ဘက် ၅၀ ကျော်က သားသမီးများနှင့်အတူ စောင့်မျှော်နေကြပါသည်။

အသက် ၆၁ နှစ်အရွယ်ရှိပြီဖြစ်သော Hoikholam Baite သည်လည်း အဆိုပါအမျိုးသမီးများအနက်က ၁ ဦးဖြစ်ပြီး ရဲဂျစ်ကားနှင့် ခပ်ဆင်ဆင်ကား မျိုးမြင် ရလျှင်ပင် ဖမ်းခံရမည်ကိုကြောက်ရွံ့သဖြင့် တောတောင်တွေထဲပုန်း အောင်နေ ရသည်ဟု ပြောသည်။ ထိုဒုက္ခသည်များသည် အိန္ဒိယအစိုးရကချမှတ်လိုက်သော လွတ်လပ်စွာရွှေ့ပြောင်းသွားလာခွင့် အဆုံး သတ်လိုက်ပြီဆိုသည့် ကြေညာချက်ကို လုံးဝမသိရှိကြသေးပါ။

အိန္ဒိယဘက်ခြမ်းရှိ နယ်စပ်တလျှောက်နေထိုင်လာခဲ့ကြသော ဌာနေတိုင်းရင်းသားများတော့ ဗီဇာအဆုံးသတ်သည့် ကိစ္စ အပေါ် ဆန့်ကျင်နေကြသည်။ တကယ်တော့လည်း နယ်စပ်တစ်ဖက်တစ်ချက်၌ နေထိုင် လာကြသူများသည် ခေတ်မီနိုင် ငံတော်ကြီးများမပေါ်ပေါက်ခင်ကတည်းက ကူးလူးဆက်ဆံလာကြသူများ ဖြစ်သည့်အတွက် လူမျိုးရေးအရ ချိတ်ဆက် မှုများ၊ ဓလေ့ထုံးတမ်းဆိုင်ရာချိတ်ဆက်များက နက်နက် ရှိုင်းရှိုင်းအမြစ်တွယ်ထားကြသူများဖြစ်သည်။

“အရှေ့မြောက်ပိုင်းက လူမျိုးစုတွေရဲ့ လူအခွင့်အရေးကို ဘယ်နှကြိမ်လောက်ထိ နင်းချေနေကြဦးမှာလဲ” ဟု နာဂမျိုး နွယ်ဝင်အငြိမ်းစားအရာရှိဖြစ်သူ Khekiye K. Sema က အိန္ဒိယအရှေ့မြောက်ပိုင်းရှိ လူမျိုးစုအဖွဲ့အစည်းများက ကျင်း ပသောအစည်းအဝေးတစ်ခုတွင်ပြောသည်။  ၎င်းတို့က ဗီဇာအဆုံးသတ်သွားသည့် မူဝါဒကို ဆန့်ကျင်ကြသည်။

“ကျွန်တော်တို့အပေါ် အိန္ဒိယအစိုးရဆက်ဆံပုံက ဒုတိယနိုင်ငံသားဆိုတာထက် ပိုဆိုးတယ်”

အောက်တိုဘာလမှာတော့ ကသည်း (Meitei) ရဲအရာရှိ ၁ ဦး မိုရေးမြို့တွင် ဦးခေါင်းကျည်ဆန်ထိမှန်သဖြင့် သေဆုံးခဲ့ သည်။ သူ့ကို ကူကီးများကသတ်ဖြတ်ခဲ့သည်ဟု သံသယရှိနေကြသည်။ ယင်းနောက်မှာတော့ အကြမ်းဖက်မှုများ ပိုမို များပြားလာခဲ့သည်။

မိုရေးမြို့သည် တစ်ချိန်တုန်းကတော့ မြန်မာလူမျိုးများနှင့် အိန္ဒိယလူမျိုးများ အတူယှဥ်တွဲနေထိုင်ခဲ့ကြပြီး စည်ကား သိုက်မြိုက်ခဲ့ဖူးသည်။ သို့သော် ယခုအချိန်မှာတော့ နယ်စပ်အနီးနှစ်ဖက်တိုက်ပွဲများနှင့် ပြည်တွင်းလူမျိုးရေးပဋိပက္ခ များကြောင့် သုဿာန်တစပြင်အဖြစ် ပြောင်းလဲသွားခဲ့တော့သည်။

မြို့ဧရိယာအများစုတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များ တပ်ဖြန့်လှုပ်ရှားနေကြသည်။ ကသည်း (Meitei) အထူးတပ်ဖွဲ့ များဝင်ရောက်လာမည်ကိုစိုးရိမ်သောကြောင့် ကူကီးအများစုနေထိုင်ရာ လမ်းများကိုလည်း ဒေသခံများက ပိတ်ဆို့ထား ကြသည်။ နိုဝင်ဘာလမှာတော့ ကျောင်းသားများထွက်ပြေး တိမ်းရှောင်သွားကြ သည့်အတွက် စာသင်ကျောင်းများကို လည်း ပိတ်လိုက်ရသည်။ ညမထွက်ရအမိန့်ကိုလည်း တစ်ရက်လျှင် နာရီအနည်းငယ်မျှသာ ဖြေလျှော့ပေးသည်။

အဓိကစိုးရိမ်စရာမှာ မိုရေးမြို့အနီးဝန်းကျင်ရှိ ဒါဇင်နှင့်ချီသောကျေးရွာများက ဒေသခံ ၂၀,၀၀၀ နီးပါး ဆေးကုသခွင့် ကင်းမဲ့နေခြင်းပင်။

မိုရေးမြို့ရှိတစ်ခုတည်းသော ဆေးဝါးကုသရေးခံတပ်စခန်းတွင် Chonhneo Haokip သည် ၂၀၂၃ ခုနှစ် မေလက တည်းက တာဝန်ထမ်းဆောင်ခဲ့သည်။ “ဆရာဝန်ရယ်လို့မရှိတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ ကျွန်မတို့သူနာပြု ၅ ယောက် လည်း ဒီနေရာကိုပြေးလာခဲ့တယ်” ဟု မဏိပူရ်စစ်ပွဲ ကနဦးကာလများကို သူမက ပြန်လည်အမှတ်ရကာ ရှင်းပြသည်။

“ကျွန်မတို့အတွက်တော့ ကသည်း (Meitei) ပဲဖြစ်ဖြစ်၊ ကူကီးပဲဖြစ်ဖြစ် အရေးမကြီးဘူး။ ဒါက ဆေးရုံဖြစ်တဲ့အတွက် လူတိုင်းက ကျွန်မတို့အတွက်အတူတူပဲ” ဟုပြောသည်။

ကိုယ်ဝန်ဆောင်ကူကီးအမျိုးသမီးများ မြို့ပြင်ထွက် မီးဖွားကြရန်ညွှန်ကြားထားသည်။ သို့သော် ဆေးဘက်ဆိုင်ရာ ဝန် ဆောင်မှုများ အကောင်းဆုံးပေးဆောင်နိုင်သော အင်ဖာမြို့ကိုလည်း ကူကီးများမသွားရောက်နိုင်ပေ။ အဘယ့်ကြောင့် ဆိုသော် ခက်ခဲကြမ်းတမ်းသောတောင်ကြားလမ်းများပေါ်တွင် ၈ နာရီကြာ ခရီးသွားရမည်ဖြစ်သောကြောင့် ဖြစ်သည်။

မိုရေးမြို့၏တစ်ဦးတည်းသော အရန်သားဖွားသူနာပြုမှာ Moinu Singson ဖြစ်သည်။ သူမတစ်ဦးတည်းက သာလျှင် မွေးကင်းစကလေးငယ်များအား ကာကွယ်ဆေးထိုးခြင်းနှင့် ကိုယ်ဝန်ဆောင်များအတွက် ဖြည့်စွက် စာများပေးခြင်း ကိုဆောင်ရွက်ပေးနိုင်သူဖြစ်သည်။

ပြီးခဲ့သောမေလကစတင်ခဲ့သည့် မဏိပူရ်အရေးအခင်းတွင် ကလေးများအားလုံး ကာကွယ်ဆေးထိုးရန် အခြားအရာ များအားလုံးကိုဆန့်ကျင်ပြီး သူမတစ်ဦးတည်းက လုပ်ဆောင်ခဲ့သည်။ သူမပိုင်ငွေကြေးများဖြင့် ဆေးထိုးအပ်နှင့်အခြား လိုအပ်သည်များဝယ်ယူခဲ့သည်။ သူမကာကွယ်ဆေးထိုးပေးခဲ့သော မွေးကင်းစ ကလေးပေါင်း ၄၁၅ ဦးရှိပြီး ၈၂ ဦးမှာ မြန်မာနိုင်ငံကဖြစ်သည်။

“လွတ်လွတ်လပ်လပ်သွားလာခွင့် အဆုံးသတ်သွားပြီဆိုတော့ နောက်ထပ် ကျွန်မတို့ထပ်လုပ်နိုင်ဦးမလားဆိုတာ မသေ ချာတော့ဘူး”ဟု Singson ကပြောသည်။

“Nikkei Asia” တွင်ဖော်ပြထားသော ဆောင်းပါးရှင် “Gree Shma Kuthar” ၏ “Myanmar-India border residents trapped between two wars” ကို ဆီလျော်အောင်ရေးသားသည်။

Share. Facebook Twitter Pinterest LinkedIn Tumblr Email
Previous Articleပဲခူးမြို့က ရေဘေးရှောင်စခန်းတစ်ချို့ ရေထပ်နစ်မြှုပ်
Next Article မိုးမောက်မြို့တွင် KIA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေ
thanlwinkhet
  • Website

Related Posts

အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

December 31, 2024

အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?

December 30, 2024

စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?

December 19, 2024

Leave A Reply Cancel Reply

Recent Posts

  • အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး
  • ဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး
  • အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?
  • မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်
  • စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?

Recent Comments

  1. မြဝတီမြို့အနီး လက်ခတ်တောင်ကို ထပ်မံဗုံးကြဲ - News and Media on စစ်ကောင်စီထောက်ပို့ရထား မိုင်းဆွဲအတိုက်ခံရ
Don't Miss

အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

ဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး

အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?

မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်

ယခင်သတင်းများ

  • December 2024
  • November 2024
  • October 2024
  • September 2024
  • August 2024
  • July 2024
  • June 2024
  • May 2024
  • April 2024
  • March 2024
  • February 2024
  • January 2024
  • December 2023
  • November 2023
  • October 2023
  • September 2023
  • August 2023
  • July 2023
  • June 2023
  • May 2023
  • April 2023
  • March 2023
  • February 2023
  • January 2023
  • December 2022
  • November 2022
  • October 2022
  • January 2022
  • January 2021

သတင်း

  • Podcast
  • Uncategorized
  • ကွပ်ပျစ်စကားဝိုင်း
  • စီးပွားရေး
  • စီးပွားရေးသတင်း
  • ဆောင်းပါး
  • တိုက်ပွဲသတင်း
  • တိုင်းရင်းသား ရိုးရာ
  • ဓာတ်ပုံသတင်း
  • နိုင်ငံတကာသတင်း
  • နေ့စဉ်သတင်း
  • ပြည်တွင်းသတင်း
  • ဘာသာပြန်ဆောင်းပါး
  • မုန်တိုင်းသတင်း
  • ရေဒီယို
  • သတင်းဆောင်းပါး
  • အင်တာဗျူး
လူဖတ်အများဆုံး သတင်းများ

အာရက္ခတပ်တော်၊ အခြားတိုင်းရင်းသားလက်နက်ကိုင်များနှင့် တရုတ်နိုင်ငံဆက်ဆံရေး

December 31, 2024

ဥပဒေမဲ့သတ်ခံရမှုကြောင့် တစ်နှစ်အတွင်း နိုင်ကျဉ်း ၉ ဦးသေဆုံး

December 31, 2024

အာရက္ခတပ်တော်ကို ဘာကြောင့် အလေးအနက်ထားသင့်တာလဲ?

December 30, 2024

မြို့နယ် ၁၄ခုမြောက်အဖြစ် ဂွမြို့ကို AA ထပ်မံသိမ်းပိုက်

December 30, 2024

စစ်ကောင်စီခေါင်းဆောင် ICC မှာ တရားရင်ဆိုင်ရနိုင်လား?

December 19, 2024

မြန်မာ့မြေပေါ်က တရုတ်ပုဂ္ဂလိကလုံခြုံရေးကုမ္ပဏီများ

December 18, 2024
Copyright © 2025. Designed by Than Lwin Khet. All Rights Reserved.

Type above and press Enter to search. Press Esc to cancel.