သံလွင်ခက်။
ဩဂုတ် ၆၊ ၂၀၂၄။
ကေအဲန်ယူ-မူတြော်ခရိုင်၊ အမှတ်(၅)တပ်မဟာနယ်မြေအတွင်း ဇူလိုင်(၁)ရက်မှ ဇူလိုင်(၃၁)ရက်အထိ စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲပေါင်း ၁၀၁ ကြိမ်ဖြစ်ပွါးခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၂)ဦးသေဆုံးကာ (၁၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်က ထိခိုက်ဒဏ်ရာမရရှိခဲ့ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ပွဲဖြစ်ပွားစဥ်နှင့် တိုက်ပွဲဖြစ်ပွားမှုမရှိသော်ငြား စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများနေထိုင်ရာကျေးရွာ၊ လယ်တဲယာတဲနှင့်လယ်ယာကိုင်းကွက်များအတွင်းသို့ လက်နက်ကြီးပစ်ခတ်မှု၊ တိုက်လေယာဥ်ဖြင့်ဗုံးကြဲတိုက်ခိုက်မှုဖြင့် စဉ်ဆက်မပြတ်လုပ်ဆောင်လျှက်ရှိသည်ဟု မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရသည်။