Browsing: နိုင်ငံတကာသတင်း

Loading

ထိုင်းကျောင်းသားများကျောင်းထွက်မှု ထိတ်လန့်စရာဖြစ်လာ ******** သံလွင်ခက် မေ ၂၄၊ ၂၀၂၄။ နှစ်လယ်ပိုင်းစာသင်ချိန်အရောက်၌ ထိုင်းကျောင်းသားကျောင်းသူများ ကျောင်းထွက်နှုန်းက ကြောက်ခမန်းလိလိအနေအထားကိုရောက်ရှိလာသည်ဟု ထိုင်းနိုင်ငံ၏ပညာရေးဝန်ကြီးဖြစ်သူ Permpoon Chidchob က ယမန်နေ့တွင် ပြောဆိုလိုက်သည်။ ထိုသို့ ကျောင်းထွက်နှုန်းများပြားလာနေသော်လည်း မကြာခင်ကာလအတွင်း ယင်းအနေအထားကိုပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည်မျှော်လင့်သည်ဟုလည်း ဝန်ကြီးကဆိုသည်။ ကောက်ယူထားသောကိန်းဂဏန်းအချက်အလက်သစ်များအရ ယခုနှစ်အတွင်း ထိုင်းကျောင်းသားကျောင်းသူ ၂၀,၀၀၀…

Read More

Loading

ရိုဟင်ဂျာများနေရပ်ပြန်ရေးကသာ တစ်ခုတည်းသောအဖြေ ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးပြော ******* သံလွင်ခက် မေ ၂၀၊ ၂၀၂၄။ နိုင်ငံသားအခွင့်အရေးနှင့် ဂုဏ်သိက္ခာရှိရှိနေရပ်ပြန်ရေးကသာ လက်ရှိကြုံနေရသော ရိုဟင်ဂျာအကြပ်အတည်းအတွက် နောက်ဆုံးဖြေရှင်းချက်ဖြစ်ပြီး ဒေသတွင်းအင်အားကြီးနိုင်ငံများဖြစ်ကြသည့် တရုတ်နှင့် အိန္ဒိယက အဆိုပါ အကြပ်အတည်းအား စေ့စပ်ဆွေးနွေးရေးနည်းလမ်းဖြင့်ဖြေရှင်းပေးရန် အရေးကြီးသည်ဟု ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဟာဆန် မာမွတ် က…

Read More

Loading

အပူလှိုင်းက ဒူးရင်းသီးစိုက်ပျိုးရေးကို ထိခိုက် *********** သံလွင်ခက် မေ ၇၊ ၂၀၂၄။ ထိုင်းနိုင်ငံ၏ အကျော်ကြားဆုံးနှင့် အကျိူးအမြတ်အများဆုံးပို့ကုန်များထဲတွင် ဒူးရင်းသီးလည်းပါဝင်သည်။ အနံ့ပြင်းရှသော်လည်း အသီးတို့၏ဘုရင်အဖြစ် တင်စားခေါ်ဝေါ်လေ့ရှိသော ဒူးရင်းသီးကို လွန်ခဲ့သောနှစ်ပေါင်းရာ ချီ ကတည်းက ထိုင်းနိုင်ငံတွင်စိုက်ပျိုးလာခဲ့သည်။ သို့သော် အရှေ့တောင်အာရှနိုင်ငံများသည် ပြင်းထန်သောအပူလှိုင်းဒဏ်ကိုခံစားလာကြရသဖြင့် ဒူးရင်းသီးအထွက် နှုန်းနည်းလာပြီး ကုန်ကျစရိတ်များမြင့်တက်လာခဲ့သည်။…

Read More

Loading

မြဝတီစစ်ပွဲက နယ်စပ်ကုန်သွယ်ရေးအပေါ် အကြီးအကျယ်ထိခိုက် ******* သံလွင်ခက် ဧပြီ ၂၉၊ ၂၀၂၄။ မြန်မာနိုင်ငံရှိ တိုင်းရင်းသားလက်နက်ကိုင်အုပ်စုများနှင့် စစ်ကောင်စီတပ်များကြားဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ထိုင်း – မြန်မာနယ်စပ်ကုန်သွယ်မှုတန်ဖိုး ၄၀ ရာခိုင်နှုန်းလျော့ကျသွားနိုင်သည်ဟု ထိုင်းစက်မှုလုပ်ငန်းအဖွဲ့ချုပ် – Federation of Thai Industries – FTI ကပြောသည်။ ထိုင်းနိုင်ငံ…

Read More

Loading

နိုင်ငံတော်သမ္မတနှင့် အတိုင်ပင်ခံတို့အားပြန်လွှတ်ပေးရန်အပါအဝင် အချက် ၄ ချက် ထိုင်းအောက်လွှတ်တော် တောင်းဆို ***** သံလွင်ခက် ဧပြီ ၁၉၊ ၂၀၂၄။ မြန်မာစစ်တပ်ကဖမ်းဆီးထားသော နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အားပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံ ၏အောက်လွှတ်တော်နိုင်ငံခြားရေးကော်မရှင်ဥက္ကဋ္ဌ နော့ပဒွန် ပတ္တမ က ဧပြီလ ၁၈ ရက်တွင်…

Read More

Loading

ဓမ္မသစစ်ရှောင်ပြည်သူများအတွက် မွန်နွယ်ဖွားထိုင်းလက်ရွေးစင်ဘောလုံးသမားက ဂျာစီရောင်းကာ ကူညီမည် ****** သဇင် ဧပြီ ၂၊ ၂၀၂၄။ ထိုင်းနိုင်ငံ ဆန်ခရဘူရီတွင် မွန်လူမျိုးမိဘနှစ်ပါးက မွေးဖွားခဲ့သည့် ထိုင်းလက်ရွေးစင်ဘောလုံးသမား Pongsakon သည် အာရှဖလားပြိုင်ပွဲတွင် ဝတ်ဆင်ခဲ့သည့် သူ၏ဂျာစီကို လေလံတင်ရောင်းချခဲ့သည်ဟု ထိုင်းနိုင်ငံ ဘန်ကောက်ပိုစ့်သတင်းက ယနေ့တွင် ဖော်ပြထာသည်။ ယမန်နှစ်က ကျင်းပခဲ့သည့်…

Read More

Loading

တိုက်ပွဲဖြစ်ပွားနေသော တရုတ် – မြန်မာနယ်စပ်တွင် တရုတ်စစ်တပ်စစ်ရေးလေ့ကျင့် ******* သံလွင်ခက် ဧပြီ ၂၊ ၂၀၂၄။ နိုင်ငံတော်အာဏာသိမ်းယူထားသော မြန်မာစစ်တပ်နှင့် တိုင်းရင်းသားလက် နက်ကိုင်တပ်ဖွဲ့များ တရုတ် – မြန်မာ နယ်စပ်အနီးတိုက်ပွဲများဖြစ်ပွားနေချိန်မှာပဲ တရုတ်စစ်တပ်ကလည်း အဆိုပါနယ်စပ်တွင် စစ်ရေးလေ့ကျင့်နေသည်ဟု South China Morning Post က…

Read More

Loading

ခွဲကဘောင်ရွှေ့ပြောင်းကျောင်းတွင် အောင်လက်မှတ်ပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ ****** သဇင် ဧပြီ ၁၊၂၀၂၄။ ခွဲကဘောင်ရွှေ့ပြောင်း ကရင်အမျိုးသားအထက်တန်းကျောင်းတွင် ပြီးခဲ့သည့် ၂၀၂၃ – ၂၀၂၄ ပညာသင်နှစ်အတွက် အောင်လက်မှတ်ပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့တွင်ကျင်းပခဲ့သည်။ ယနေ့ ဧပြီလ ၁ရက်၊ မနက် ၉ နာရီခန့် မှ နေ့လယ် ၁၂နာရီအထိ…

Read More

Loading

ထိုင်းနယ်ခြားစောင့်တပ်တာဝန်ရှိသူများက ထိုင်း – မြန်မာနယ်စပ်လုံခြုံရေးစစ်ဆေး ******* သံလွင်ခက် ဧပြီ ၁၊ ၂၀၂၄။ ပြီးခဲ့သောမတ်လအတွင်း မြန်မာစစ်ကောင်စီတပ်သား ၇၂ ဦး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ အုန်းဖန်မြို့နယ်ကို ထွက် ပြေးခဲ့ကြပြီးနောက်ပိုင်း ထိုင်း – မြန်မာနယ်စပ်တွင် လုံခြုံရေးတင်းကြပ်လျက်ရှိသည်။ လက်ရှိဖြစ်ပွားနေသောနယ်စပ်အနီးတိုက်ပွဲများကြောင့် ထိုင်းနိုင်ငံ၊ ရချမနု နယ်ခြားစောင့်တပ်…

Read More

Loading

အမေရိကန်နိုင်ငံခြားရေးအတိုင်ပင်ခံနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များတွေ့ဆုံ ******* သံလွင်ခက် မတ် ၃၀၊ ၂၀၂၄။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရစ် ချိုလက် နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ တွေ့ဆုံခဲ့ကြသည်ဟု သိရသည်။ ဒဲရစ် နှင့်တွေ့ဆုံခဲ့ကြသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များ သည် မြန်မာနိုင်ငံတွင် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖော်ဆောင်နိုင်ရန် ကြိုးစားစွမ်းဆောင်နေကြသည့်အဖွဲ့များဖြစ်သည်ဟု ဒဲရစ် က သူ၏ X…

Read More