ထိုင်းကျောင်းသားများကျောင်းထွက်မှု ထိတ်လန့်စရာဖြစ်လာ
********
သံလွင်ခက်
မေ ၂၄၊ ၂၀၂၄။
နှစ်လယ်ပိုင်းစာသင်ချိန်အရောက်၌ ထိုင်းကျောင်းသားကျောင်းသူများ ကျောင်းထွက်နှုန်းက ကြောက်ခမန်းလိလိအနေအထားကိုရောက်ရှိလာသည်ဟု ထိုင်းနိုင်ငံ၏ပညာရေးဝန်ကြီးဖြစ်သူ Permpoon Chidchob က ယမန်နေ့တွင် ပြောဆိုလိုက်သည်။
ထိုသို့ ကျောင်းထွက်နှုန်းများပြားလာနေသော်လည်း မကြာခင်ကာလအတွင်း ယင်းအနေအထားကိုပြောင်းပြန်လှန်ပစ်နိုင်လိမ့်မည်မျှော်လင့်သည်ဟုလည်း ဝန်ကြီးကဆိုသည်။
ကောက်ယူထားသောကိန်းဂဏန်းအချက်အလက်သစ်များအရ ယခုနှစ်အတွင်း ထိုင်းကျောင်းသားကျောင်းသူ ၂၀,၀၀၀ ဝန်းကျင် ကျောင်းထွက်ခဲ့သည်ဟုသိရသည်။
ပညာရေးဝန်ကြီးဌာနကထိပ်တန်းအမှုဆောင်များ၊ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ချိန်မှာလည်း ဝန်ကြီးက ကောက်ယူထားသော အဆိုပါအချက် အလက်သစ်များနှင့် စာရင်းဇယားများဖြန့်ဝေပေးခဲ့သည်ဟု ဆိုသည်။
ကျောင်းထွက်ခဲ့ကြသော ကျောင်းသားကျောင်းသူအများစုမှာ ကိုယ်ရေးကိုယ် တာကြောင့် ကျောင်းထွက်ခဲ့ကြခြင်းဖြစ်သလို စီးပွားရေးအခြေအနေများကြောင့်လည်း ကျောင်းထွက်ခဲ့ကြခြင်းဖြစ်သည်ဟု သိရသည်။
နှစ်လယ်ပိုင်းအရောက်၌ ထိုင်းကျောင်းသားများကျောင်းထွက်နေမှုက ထိတ် လန့်ဖွယ်ကိန်းဂဏန်းဖြစ်လာသဖြင့် ပညာရေးဝန်ကြီးဌာနအပြင် အခြားသောတာဝန်ရှိသူများက လာမည့်ဇွန်လ ၁၀ ရက်အတွင်း ကျောင်းထွက်နှုန်းကျဆင်းအောင်ကြိုးစားဖို့လိုအပ်သလို ယင်းအနေအထားကို ပြောင်းပြန်လှန်ပစ်ဖို့မျှော်လင့်သည်ဟုလည်း ဝန်ကြီးကဆိုသည်။
ယခုနှစ် ပထမ ၃ လပတ်အတွင်း ထိုင်းနိုင်ငံတွင် လူပေါင်း ၄၁၀,၀၀၀ ဦး ဝန်း ကျင် အလုပ်လုပ်မဲ့ဖြစ်ခဲ့ရသည်ဟုလည်း အမျိုးသားစာရင်းအင်းဌာနကထုတ်ပြန်ထားသောအချက်အလက်များအရသိရသည်။
ထိုသို့ အလုပ်လက်မဲ့ဖြစ်ခဲ့ရသူများတွင် အဆင့်မြင့်ပညာရေးဘွဲ့ရအုပ်စုများလည်းပါဝင်နေသည်။
Ref: The Thaiger
****
Telegram – > https://t.me/ThanLwinKhetNews/4660
YouTube -> https://youtu.be/b23CL15_vH0
Website -> https://thanlwinkhet.net/?p=10157