Month: June 2024

Loading

မွန်ပြည်နယ်မှာ မိုးစပါးစိုက်ပျိုးချိန် အလုပ်သမားရှားပါးမှု ကြုံနေရ ****************** သဇင် ဇွန် ၇၊၂၀၂၄။ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ယခုနှစ် မိုးစပါးစိုက်ပျိုးချိန် အလုပ်သမားရှားပါးမှုနဲ့ကြုံတွေ့နေသည်ဟု စပါးစိုက် တောင်သူများထံက သိရသည်။ ယခုနှစ်ဆန်းပိုင်းတွင် စစ်ကောင်စီက ပြဌာန်းခဲ့သည့် စစ်မှုထမ်းဥပဒေရိုက်ခတ်မှုကြောင့် အရွယ်ရောက်ပြီးသူများ ပြည်ပထွက်ခွါမှု များပြားလာပြီး အလုပ်သမားရှားပါးလာရခြင်းဖြစ်သည်ဟု လယ်သမားတစ်ဦးက ပြောသည်။…

Read More

Loading

https://youtu.be/Q3Ywl-Moi9E လက်နက်သံတွေကြားက မြန်မာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေး (ရေဒီယို) *********** သံလွင်ခက် ဇွန် ၇၊ ၂၀၂၄။   ဇွန်လငါးရက်ဟာ အကြိမ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်ပါတယ်။  ဒီနှစ်ရဲ့ ဆောင်ပုဒ်ကတော့ ငါတို့မြေ။ ငါတို့အနာဂါတ်။ငါတို့ဟာ ပြန်လည်ထူထောင်တဲ့ မျိုးဆက်ဖြစ်တယ်ဆိုတာပါ။    စစ်အာဏာသိမ်းခံ မြန်မာနိုင်ငံအတွက်တော့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးစကားလုံးဟာ ဟန်ပြဇာတ်ရုပ်အဖြစ်နဲ့သာ ဖြတ်သန်းခဲ့ရပါတယ်။…

Read More

Loading

https://youtu.be/hCFbZEgRQu8 ပဋိပက္ခတွေကြားက ရှာဖွေနေရဆဲ ပညာရပ်ဝန်း (‌ရေဒီယို) ************* သံလွင်ခက် ဇွန် ၇၊ ၂၀၂၄။   မိုးရာသီအစ ဇွန်လရောက်ရင် မြန်မာကလေးငယ်တွေ စာသင်ခန်းဆီ အရောက်သွားဖို့ ခြေလှမ်းပြင်လေ့ရှိကြပါတယ်။ တူညီဝတ်စုံတွေ၊ မိုးကာ၊ ထီးတွေကိုယ်စီနဲ့ မိဘတွေရော၊ ကလေးတွေပါ နှစ်တစ်နှစ်ရဲ့ စာသင်နှစ်ကိုအမှီသွားကြချိန်ပါ။ နိုင်ငံရဲ့ ပဋိပက္ခတွေနဲ့…

Read More

Loading

စစ်ရာဇဝတ်မှုကျူးလွန်သည့်လုပ်ရပ်များကို အမြန်ဆုံးရပ်တန့်ရန် စစ်ကောင်စီကို ညီနောင်မဟာမိတ် သတိပေး ****** ယမင်းဖူးပွင့်အောင် ဇွန် ၇၊ ၂၀၂၄။ ရခိုင်ပြည်နယ် စစ်တွေမြို့၊ ဗျိုင်းဖြူကျေးရွာက ပြည်သူများအပေါ် စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သော စစ်ကောင်စီ၏ လုပ်ရပ်များအား ကန့်ကွက်ရှုံ့ချပြီး အမြန်ဆုံးရပ်တန့်ရန် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF နှင့် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ MNTJP တို့က…

Read More

Loading

သက်တမ်းကုန်ဆေးဝါးများနှင့် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆေးဝါးများ TNLA စစ်ဆေး *********** သံလွင်ခက်။ ဇွန် ၇ ၊ ၂၀၂၄။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြိုရှိ ပုဂ္ဂလိက ဆေးရုံဆေးခန်းများ ဆေးဆိုင်များတွင် သက်တမ်းကုန်ဆေးဝါးများ ရောင်းဝယ်သုံးစွဲခြင်း၊ ခွင့်ပြုချက်မရှိသည့် ဆေးဝါးများ ရောင်းဝယ်မှုရှိမရှိကို PSLF/TNLA အုပ်ချုပ်ရေးဌာန လက်အောက်ဖြစ်သည့် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့၊ စည်ပင်သာယာရေးအဖွဲနှင့် ဆေးဝါးကျွမ်းကျင်…

Read More

Loading

ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သည့် ချီဖွေဒေသခံတစ်ချို့ အရေးပေါ် အကူအညီများ လိုအပ်နေ *********** ထွယ် ဇွန် ၆၊ ၂၀၂၄။ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေကြီးရေလျှံမှုဖြစ်သဖြင့် တိမ်းရှောင်နေရသည့် ကချင်ပြည်နယ် ချီဖွေမြို့နယ် မျောမောပါကျေးရွာမှ ဒေသခံများသည် လတ်တလောတွင် အစားအသောက်၊ ဆေးဝါးနှင့် ယာယီတဲများ ဆောက်လုပ်ရန် မိုးကာများ အရေးပေါ်လိုအပ်လျက်ရှိသည်ဟု ဒေသခံများနှင့် ကယ်ဆယ်ရေးအဖွဲ့တွေထံက…

Read More

Loading

အယုဒ္ဓယမြို့ရှိ မဟာချူလာ ဗုဒ္ဓတက္ကသိုလ်မှ ED ဗီဇာရရန် စောင့်ဆိုင်းနေသူများပြား ****** စကားမောင် ဇွန် ၆၊ ၂၀၂၄။ ထိုင်းနိုင်ငံ၊ အယုဒ္ဓယမြို့ရှိ မဟာချူလာဗုဒ္ဓတက္ကသိုလ်တွင် မြန်မာနိုင်ငံမှ​ ကျောင်းသားများ ပညာရေးဗီဇာ (ED Visa) ရရှိရန် မတ်လကတည်းကနေ ယခုဇွန်လအထိ စောင့်ဆိုင်းနေသူ အလွန်များပြားနေသည်ဟု သံလွင်ခက်၏ သတင်းရင်း…

Read More

Loading

ကောင်းကင်သေဘေးက လက်မတင်လေး လွတ်မြောက်ခဲ့သူ ******** ယမင်းဖူးပွင့်အောင် ဇွန် ၆၊ ၂၀၂၄။ အချိန်က မနက် ၁၀ နာရီဝန်းကျင်လောက် ဖြစ်တယ်။ ဦးအောင်ဇော် တစ်ယောက် နွားစာကျွေးဖို့ အိမ်ပြန်ရင်း အိမ်ရှေ့အရောက်မှာ “အုံး” ဆိုတဲ့ ပေါက်ကွဲသံကို ကြားလိုက်ရပါတယ်။ ချက်ချင်းပဲ သူဟာ အိမ်အောက်ကို ပြေးဝင်ပုန်းလိုက်ရတယ်။…

Read More

Loading

ထားဝယ်မြို့၊ မူလတန်းကျောင်းပေါက်ကွဲမှုဖြစ်ပွားပြီးနောက် ကျောင်းတက်ရောက်သူမရှိ ***************************** သဇင် မေ ၅ ၊၂၀၂၄။ တနင်္သာရီတိုင်း၊ ထားဝယ်မြို့အဝင်  အိမ်ရှေ့ပြင်ရပ်ကွက်ရှိ မူလတန်းကျောင်းတွင် မနေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားပြီး နောက် ယနေ့မနက်ပိုင်းတွင် ကျောင်းဖွင့်လှစ်ထားသော်လည်း ကျောင်းတက်ရောက်သူမရှိဖြစ်နေသည်ဟု ဒေသခံများ ထံမှသိရသည်။ ယမန်နေ့ ဇွန်လ ၄ ရက် နေ့လည်ပိုင်းက ကျောင်းဝင်းအတွင်း…

Read More

Loading

မင်းကင်း မတောရွာဖြစ်စဉ်တွင် သေဆုံး၊ ဒဏ်ရာရသူ ထပ်တိုးနေ ******** ယမင်းဖူးပွင့်အောင် ဇွန် ၅၊ ၂၀၂၄။ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့ နယ်၊ မတောကျေးရွာဖြစ်စဉ်တွင် နောက် ထပ်သေဆုံးသူ လေးဦးထပ်တိုးလာပြီး ဒဏ်ရာရရှိသူ ၃၃ ဦးဝန်းကျင် ထပ်တိုးလာဟု ဒေသခံများထံကသိရသည်။ ဇွန်လ ၃…

Read More