ပြည်သူလူထုအတွက် သတင်းအချက်အလက်ဖော်ထုတ်ရေးသားနေသူများကို ယူကေ ကူညီမည်
သံလွင်ခက်
နိုဝင်ဘာ ၃ ၊၂၀၂၄။
ပြည်သူလူထုအတွက် အမှန်တရားနှင့် အရေးပါသော သတင်းအချက်အလက်များကို ဖော်ထုတ်ရေးသားနေသည့် မြန်မာနိုင်ငံနှင့်ကမ္ဘာတစ်ဝန်းရှိ သတင်းသမားများ၊ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများဘေးကင်းရေးအတွက် ယူကေအစိုးရက အကူအညီများ ပံ့ပိုးနေမည်ဟု မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံရုံးက ယမန်နေ့ နိုဝင်ဘာ ၂ရက်တွင်ထုတ်ပြန်သည်။
ယူကေအစိုးရအနေဖြင့်လည်း မီဒီယာလွတ်လပ်ခွင့်အပေါ်ချိုးဖောက်မှုအား ရှုတ်ချပြီး မီဒီယာလွတ်လပ်ခွင့်အား အလွဲသုံးစားလုပ်သည့် ၊ ကန့်သတ်ချုပ်ချယ်သည့်သူများအား အရေးယူဆောင်ရွက်ရမည်ဟုလည်း ဆိုထားသည်။
သတင်းအချက်အလက်ဖော်ထုတ်ရေးသားနိုင်ရန်အတွက် စစ်တပ်၏မတရားဖမ်းဆီးခြင်း၊ တရားစွဲဆိုခြင်းနှင့် အကြမ်းဖက်ခြင်းကို ပဓာနမထားဘဲ ရဲဝံ့စွာလုပ်ဆောင်နေသည့် မြန်မာနိုင်ငံရှိ စာနယ်ဇင်းသမားများကိုလည်း ဂုဏ်ပြုသည်ဟု ရေးသားဖော်ပြသည်။
နယ်စည်းမခြားသတင်းထောက်များအဖွဲ့ RSF၏စာရင်းအရ အာဏာသိမ်းပြီးချိန်မှ လက်ရှိအချိန်အထိ ဖမ်းဆီးရခံသူ သတင်းသမား ၆၃ ဦး၊ သတ်ဖြတ်ခံရသူ ၇ ဦးရှိပြီး ကမ္ဘာ့သတင်းလွတ်လပ်မှုစံနှုန်းအရ နိုင်ငံပေါင်း ၁၈၀ထဲမှာ မြန်မာနိုင်ငံဟာ အဆင့် ၁၇၃နဲ့ သတင်းလွတ်လပ်ခွင့်အခြေအနေ အဆိုးဆုံးနိုင်ငံအဖြစ် ရှိနေသည်ဟု သိရသည်။
ပုံစာ- စစ်အာဏာသိမ်းကာလ သတင်းသမားများ သတင်းယူနေသည့မြင်ကွင်း။
ဓာတ်ပုံ-သံလွင်ခက်။